၁ ဘုရားသခင်ရွေးကောက်ခံရတဲ့ ချစ်ညီမလေး၊ မင်းကို ငါ နှုတ်ဆက်လိုက်ပါတယ်။ အသက်ကြီးပြီး လေးစားခံရတဲ့သူဖြစ်တဲ့ ငါယောဟန်က မင်းဆီကို စာရေးနေတာဖြစ်တယ်။ ငါ တကယ်ချစ်ရတဲ့ မင်းရဲ့ကလေးတွေကိုလည်း စာရေးလိုက်ပါတယ်။ ဘုရားသခင် ဘယ်သူလဲဆိုတဲ့ သမ္မာတရားကိုသိကြတဲ့ ငါတို့အားလုံးက မင်းရဲ့ကလေးတွေကို မေတ္တာစစ်နဲ့ ချစ်တယ်ဆိုတဲ့အကြောင်း သူတို့ကို ပြောပြပေးပါ။
၂ ဒီသမ္မာတရားက ငါတို့အထဲမှာ ရှိပြီးတော့ ကာလအစဉ်အဆက် ငါတို့နဲ့အတူ ရှိလိမ့်မယ်။
၃ အဖဘုရားသခင်နဲ့ သားတော်သခင်ယေရှုဆီကလာတဲ့ ကျေးဇူးတော်၊ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းတွေကို လက်ခံရရှိကြပါစေ။ ချစ်ခြင်းမေတ္တာနဲ့ သမ္မာတရားအတိုင်း ငါတို့တွေ ပြုမူကြရအောင်။
၄ သမ္မာတရားက ငါတို့ကို သွန်သင်တဲ့နည်းလမ်းအတိုင်း အသက်ရှင်ဖို့ အဖဘုရားသခင်ဆီက ပညတ်ချက်တစ်ခုကို ငါတို့တွေ လက်ခံရရှိခဲ့ကြတယ်။ ပြီးတော့ မင်းရဲ့သားသမီးတွေက ဒီပညတ်ချက်ကို ထိန်းသိမ်းလိုက်နာကြလို့ ငါ အရမ်းဝမ်းသာတယ်။
၅ သခင်ယေရှုအားဖြင့် ချစ်ရတဲ့ ငါ့ညီမ၊ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာထားကြရမယ်ဆိုတဲ့ နောက်ထပ်ပညတ်ချက် တစ်ခုကို အခု သတိပေးချင်တယ်။ ငါက မင်းဆီကို ကိစ္စအသစ်အကြောင်း ရေးနေတာ မဟုတ်ပါဘူး။ အစအဦးကတည်းက ဘုရားသခင်က ဒီပညတ်ချက်ကို ငါတို့ဆီ ပေးထားခဲ့ပြီးသားဖြစ်တယ်။
၆ ငါတို့တွေ လူတွေအပေါ်ချစ်ခြင်းမေတ္တာထားတဲ့အခါ ငါတို့က ဘုရားသခင်ရဲ့ပညတ်ချက်တွေကို နာခံတာဖြစ်တယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြဖို့ ဘုရားသခင်က အစအဦးကတည်းက ငါတို့ကို ပြောခဲ့တာ သတိရပါ။
၇ လောကကြီးထဲမှာ လူလိမ်တွေ များနေတယ်။ ယေရှုခရစ်တော်က လူ့ခန္ဓာကိုယ်နဲ့ ကမ္ဘာကြီးကို ကြွလာခဲ့တယ်ဆိုတာ သူတို့တွေ မယုံကြည်ကြဘူး။ ဒီလိုလူတွေက တခြားသူတွေကို လှည့်ဖျားကြတယ်။ သူတို့တွေက ယေရှုခရစ်တော်ရဲ့ရန်သူတွေဖြစ်တဲ့ အန္တိခရစ်တွေဖြစ်ကြတယ်။
၈ ဒါကြောင့် မင်း စကားနားထောင်နေတဲ့သူတွေကို သေချာဂရုစိုက်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ငါတို့ လုပ်ခဲ့သမျှအရာတွေကို ဆုံးရှုံးနိုင်ပြီးတော့ ဆုလာဘ်အပြည့်အဝရကြမှာ မဟုတ်ဘူး။
၉ ခရစ်တော်ရဲ့သွန်သင်ချက်တွေကို ချိုးဖောက်တဲ့သူနဲ့ ခရစ်တော် သွန်သင်ခဲ့တဲ့အတိုင်း မလုပ်ဆောင်တဲ့သူက ဘုရားသခင်နဲ့ မဆိုင်တဲ့သူဖြစ်တယ်။ ပြီးတော့ ခရစ်တော်သွန်သင်ခဲ့တဲ့အတိုင်း အသက်ရှင်တဲ့သူက အဖဘုရားသခင်နဲ့ရော သားတော်နဲ့ပါ သက်ဆိုင်တဲ့သူဖြစ်တယ်။
၁၀ တကယ်လို့ တစ်ယောက်ယောက်က မင်းဆီ လာပြီးတော့ ခရစ်တော် သွန်သင်ခဲ့တဲ့အရာတွေနဲ့မတူခြားနားတာတွေ စဟောပြောတော့မယ်ဆိုရင် သူ့ကို မင်းရဲ့အိမ်ထဲကို မခေါ်ပါနဲ့။ ပြီးတော့ သူနဲ့ ပေါင်းသင်းဆက်ဆံတာ မလုပ်ပါနဲ့။
၁၁ ဒီလိုမျိုးလူနဲ့ အချိန်မကုန်ပါနဲ့။ ဒါမှ သူ့ရဲ့ဆိုးယုတ်တဲ့လုပ်ဆောင်ချက်တွေမှာ မင်း မပါဝင်မိမှာ ဖြစ်တယ်။
၁၂ မင်းနဲ့ တခြားကိစ္စတွေအများကြီး ဆွေးနွေးဖို့ ဆန္ဒလည်း ငါ့မှာ ရှိတယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို စာရွက်ပေါ်မှာ မှင်နဲ့ မရေးချင်ဘူး။ မင်းဆီကို ငါလာပြီးတော့ ဒီအကြောင်းကို လူချင်း ပြောကြဖို့ မျှော်လင့်ပါတယ်။ ဒီဆုံတွေ့ခြင်းက ငါတို့ကို သိပ်ဝမ်းသာစေလိမ့်မယ်။
၁၃ သခင်ဘုရားက မင်းကိုရွေးချယ်ခဲ့သလိုပဲ မင်းရဲ့ညီမကိုလည်း ရွေးချယ်ခဲ့တယ်။ မင်းညီမရဲ့သားသမီးတွေက မင်းကို နှုတ်ဆက်စကား ပါးကြပါတယ်။ အာမင် - ပြည့်စုံပါစေ။ | 1 I am greeting you, my dear sister in the Lord, whom God has chosen. I am John, an elder and a respected man, who is writing to you. I am also writing to your children whom I truly love. Tell them that we all love them because we know the truth about who God is.
2 This truth lives inside of us, and it will be with us throughout all the ages.
3 Receive grace, mercy, and peace that come from God the Father and from His Son the Lord Jesus Christ. Let's act according to the truth and love.
4 We received a commandment from the Father to live according to the teaching of the truth. And I am very glad that your children keep this commandment.
5 My dear sister in the Lord, now I would like to remind you of the commandment that we must love one another. I am not writing to you about something new. But this is the commandment that God gave us from the very beginning.
6 When we love others, we obey God's commandments. We should remember that from the very beginning God taught us to love one another.
7 There are many liars in this world. They do not believe that Jesus Christ came to the earth in a human body. Such people deceive others. They are antichrists who are hostile to Christ.
8 That is why you should pay attention to who you listen to. Otherwise, we might lose what we worked for and not receive our full reward.
9 A person who breaks the teaching of Christ and does not act the way Jesus teaches does not belong to God. But a person who lives according to Christ’s teaching belongs to the Father and the Son.
10 Suppose that someone comes to visit you and starts preaching something that contradicts the teachings of Christ. In this case, do not invite him into your house and do not communicate with him.
11 Do not spend time with such a person, so that you do not take part in his evil deeds.
12 I have a desire to discuss many other things with you. But I do not want to write them down with a pen on paper. I hope to visit you and talk about these matters in person. And this meeting will bring us great joy.
13 The Lord has chosen your sister just as He has chosen you. And her children are sending greetings to you. Amen. |