၁ ချစ်ရတဲ့ ဂါယုရေ၊ မင်းကို ငါ နှုတ်ဆက်လိုက်ပါတယ်။ အသက်ကြီးပြီး လေးစားခံရတဲ့သူဖြစ်တဲ့ ငါယောဟန်က မင်းဆီကို စာရေးနေတာဖြစ်တယ်။ ဘုရားသခင် ဘယ်သူလဲဆိုတဲ့ သမ္မာတရားကို သိလို့ ငါ မင်းကို မေတ္တာစစ်နဲ့ ချစ်တယ်။
၂ ငါချစ်ရတဲ့ ညီလေး၊ မင်းရဲ့အတွင်းလူဟာ ဝိညာဉ်ရေးမှာ ကြီးထွားလာတယ်။ မင်းရဲ့ဝိညာဉ်ရေးကြီးထွားလာမှုနဲ့အတူ မင်း လုပ်ဆောင်သမျှ အောင်မြင်ဖို့နဲ့ မင်း ကျန်းကျန်းမာမာ ရှိနေဖို့လည်း ငါ ဆုတောင်းပေးပါတယ်။
၃ ခရစ်တော်ကို ယုံကြည်တဲ့ ငါတို့ရဲ့ညီအစ်ကိုတွေ ငါ့ဆီ ရောက်လာကြတဲ့အချိန်မှာ ငါ သိပ်ဝမ်းသာခဲ့တယ်။ မင်းက ဘုရားသခင်ကို စိတ်ရင်းနဲ့ ယုံကြည်တဲ့အကြောင်း၊ ပြီးတော့ မင်းက သမ္မာတရားရဲ့သွန်သင်ချက်နဲ့အညီ ပြုမူကျင့်ကြံတဲ့အကြောင်းတွေကို သူတို့တွေက သက်သေခံခဲ့ကြတယ်။
၄ အထူးသဖြင့် ငါ့ရဲ့ဝိညာဉ်သားသမီးတွေက သမ္မာတရားသွန်သင်တဲ့အတိုင်း အသက်ရှင်နေထိုင်ကြတယ်ဆိုတာ ကြားရတဲ့အခါ ငါ သိပ်ဝမ်းသာတယ်။
၅ ချစ်ရတဲ့ ဂါယုရေ၊ မင်းဟာ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ပီပီ ညီအစ်ကိုတွေကို စောင့်ရှောက်ပြီးတော့ သူစိမ်းတွေကိုလည်း မစကူညီတယ်။
၆ မင်းက လူတွေအားလုံးအပေါ် ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံတယ်ဆိုတာကို ငါတို့ညီအစ်ကိုတွေက ယုံကြည်သူတွေရှေ့မှာ အခိုင်အမာပြောခဲ့ကြတယ်။ အခု ညီအစ်ကိုတွေက မင်းဆီကို လာကြတယ်၊ ပြီးရင်တော့ သူတို့ရဲ့ခရီးစဉ်ကို ဆက်သွားကြလိမ့်မယ်။ ဒါကြောင့် မင်းက သူတို့လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မှန်ကန်တာကို မင်းလုပ်လိုက်တာပဲ ဖြစ်တယ်။ ဒီနည်းနဲ့ မင်းက ဘုရားသခင်ကို ဝမ်းမြောက်ကျေနပ်စေမှာ ဖြစ်တယ်။
၇ ညီအစ်ကိုတွေက ယေရှုအကြောင်းကို ဟောပြောဖို့ သူတို့ရဲ့ခရီးကို ဆက်သွားခဲ့ကြတယ်။ သူတို့တွေဟာ လူမျိုးခြားတွေဆီက ဘာအလှူငွေကိုမှ မကောက်ခံခဲ့ကြပါဘူး။
၈ ဒီလိုညီအစ်ကိုတွေကို ငါတို့တွေ ကူညီကြရမယ်။ ဒီနည်းနဲ့ ငါတို့တွေ အတူတကွ အလုပ်လုပ်ပြီးတော့ ဘုရားသခင်အကြောင်း သမ္မာတရားကို ဖြန့်ဝေနိုင်ကြမယ်။
၉ ဒီညီအစ်ကိုတွေ အကူအညီလိုနေတယ်ဆိုတဲ့ စာတစ်စောင်ကို ယုံကြည်သူတွေဆီ ငါရေးခဲ့တယ်။ ဒါပေမဲ့ သူ့ရဲသြဇာအာဏာကို ပြချင်နေတဲ့ ဒယောတရပ်က ငါတို့နဲ့ ဘာမှ မလုပ်ချင်ဘူး။
၁၀ ငါ လာနိုင်ရင်တော့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ငါဆွေးနွေးချင်တယ်။ ဒယောတရပ်က ငါတို့အကြောင်း အမုန်းစကားတွေ ပြောပြီးတော့ လိမ်ညာ သတင်းဖြန့်တယ်။ ပြီးတော့ သူက ဒီမှာတင်မရပ်ဘဲနဲ့ အကူအညီလိုနေတဲ့ ခရီးသွားညီအစ်ကိုတွေကိုလည်း အသင်းတော်ကို လာခွင့်မပြုဘူး။ ပြီးတော့ သူတို့ကို ကူညီချင်တဲ့ တခြားယုံကြည်သူတွေက သူတို့ကို ကူညီချင်တဲ့အခါမှာ မကူညီဖြစ်အောင် ဒယောတရပ်က တားမြစ်ပိတ်ပင်တယ်။ ပြီးတော့ သူ့ကို မနာခံတဲ့သူတွေကို အသင်းတော်ထဲကနေ နှင်ထုတ်ပါတယ်။
၁၁ ချစ်ရတဲ့ညီလေးရေ၊ ဆိုးယုတ်တာကို လုပ်တဲ့သူတွေရဲ့ပုံသက်သေနောက်ကို မလိုက်ပါနဲ့။ ကောင်းတာကိုလုပ်တဲ့သူတွေရဲ့ပုံသက်သေနောက်ကိုလိုက်ပါ။ ကောင်းတာကိုလုပ်တဲ့သူက ဘုရားသခင်နဲ့သက်ဆိုင်တဲ့သူဖြစ်တယ်။ ဆိုးယုတ်တာကိုလုပ်တဲ့သူဟာ ဘုရားသခင်က ဘယ်သူလဲဆိုတာ နားမလည်ဘူး။
၁၂ ဒေမေတရိ နဲ့ ပတ်သက်ပြီး ငါ စကားနည်းနည်းပြောပါရစေ။ သူက နာမည်ကောင်းရှိတဲ့သူဖြစ်တယ်လို့ လူတိုင်းက သဘောတူကြတယ်။ သူဟာ သမ္မာတရားရဲ့သွန်သင်ချက်အတိုင်း လုပ်ဆောင်တယ်ဆိုတာ ငါတို့လည်း သက်သေခံပါတယ်။ ငါတို့က အမှန်တရားကို ပြောပြနေတယ်ဆိုတာ မင်း သိပါတယ်။
၁၃ မင်းနဲ့ တခြားကိစ္စတွေအများကြီး ဆွေးနွေးဖို့ ဆန္ဒလည်း ငါ့မှာရှိတယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို စာရွက်ပေါ်မှာ မှင်နဲ့ မရေးချင်ဘူး။
၁၄ ငါ မင်းနဲ့ မကြာခင် တွေ့ပြီးတော့ ဒီအကြောင်းကို လူချင်းပြောဆိုနိုင်ဖို့ မျှော်လင့်ပါတယ်။
၁၅ ဘုရားသခင်ရဲ့ငြိမ်သက်ခြင်း မင်းနဲ့အတူရှိဖို့ ငါ ဆန္ဒပြုပါတယ်။ မင်းရဲ့သူငယ်ချင်းတွေက မင်းကို နှုတ်ခွန်းဆက်စကားပါးကြတယ်။ ပြီးတော့ မင်းလည်း ငါတို့ရဲ့မိတ်ဆွေတွေအားလုံးကို ငါ့ကိုယ်စား နှုတ်ဆက်ပေးပါ။ အာမင် - ပြည့်စုံပါစေ။ | 1 My dear Gaius, I am greeting you. I am John, an elder and a respected man, who is writing to you. I love you because I know the truth about who God is.
2 My dear brother, your inner person is growing spiritually. And I pray that along with your spiritual growth you may succeed in everything you do. I also pray that you may be in good health.
3 I was very happy when our brothers in Christ came to visit me. They confirmed that you sincerely believe in God and act according to the teaching of the truth.
4 Most of all I rejoice when I hear that my spiritual children live the way the truth says.
5 My dear Gaius, you take care of brothers and also help strangers. Your actions show that you are a true believer.
6 When the brothers came to me, they testified before the whole church that you treat all people with love. Now the brothers have already gone back to you to continue their journey. If you can provide them with everything they need, you will do the right thing, as God wants.
7 The brothers went on their journey to preach about Jesus. They did not collect any offerings from the Gentiles.
8 That is why we should help such brothers. Then we can minister together and spread the truth about God.
9 I wrote a letter to the church that these brothers need help. But Diotrephes who loves to show off his authority wants nothing to do with us.
10 If I have the opportunity to visit you, I will address his behavior. Diotrephes speaks against us with hatred and spreads lies. And he does not stop there. The visiting brothers need help, but he does not allow them to enter the church. When other believers want to help them, Diotrephes forbids it. And if they do not obey him, he excommunicates such people from the church.
11 My dear brother, do not follow the example of those who do evil. Instead, follow the example of those who do good. The one who does good deeds belongs to God. But the one who does evil does not understand who God is.
12 I would like to say a few words about Demetrius. Everyone confirms that he has a good reputation. And he acts according to the teaching of the truth. We also confirm this. And you know that we are telling the truth.
13 I have a desire to discuss many other things with you. But I do not want to write them down with a pen on paper.
14 I hope to visit you soon, and then we can talk about these matters in person.
15 I wish you God's peace. Your friends are sending greetings to you. And you also greet all our friends on my behalf. Amen. |