Turn Off Myanmar >>>

Myanmar (မြန်မာ)

English

အခန်းကြီး ၁

Chapter 1

၁ ပေါလု၊ သိလွာနုနဲ့ တိမောသေတို့က အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်တော်ရဲ့ သက်သာလောနိတ်မြို့အသင်းတော်ကို စာရေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်တော်ဆီက ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်း ရရှိကြပါစေ။

၂ ခင်ဗျားတို့အားလုံးအတွက်ကြောင့် ဘုရားသခင်ကို ကျွန်တော်တို့ အမြဲတမ်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့ကို သတိရသလို ခင်ဗျားတို့အတွက် ဆုတောင်းပေးပါတယ်။

၃ ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းကြောင့် ဘယ်လိုမျိုးအလုပ်တွေကို ခင်ဗျားတို့တွေ လုပ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ သတိရမှတ်မိနေပါတယ်။ ခင်ဗျားတို့က ဘုရားသခင်ကို ချစ်လို့ အစေခံကြတယ်။
ခင်ဗျားတို့ရဲ့ စိတ်ရှည်သည်းခံမှုကို ပြကြတယ်။ ဒါက ကျွန်တော်တို့ရဲ့အဖဘုရားသခင်နဲ့ အမြဲတမ်းအတူရှိနေတဲ့ သခင်ယေရှုခရစ်တော်ဆီမှာ မျှော်လင့်ခြင်းရှိဖို့ ခင်ဗျားတို့ကို ကူညီပေးပါတယ်။

၄ ညီအစ်ကိုတို့၊ ဘုရားသခင်က ခင်ဗျားတို့ကို ရွေးချယ်တယ်၊ ခင်ဗျားတို့ကို ချစ်တယ်ဆိုတာ ခင်ဗျားတို့ သိကြပါတယ်။

၅ ခင်ဗျားတို့ဆီ ကျွန်တော်တို့ ယူလာခဲ့တဲ့ ခရစ်တော်အကြောင်း သတင်းကောင်းက စကားလုံးသက်သက် မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့က တန်ခိုးနဲ့ သန့်ရှင်းတဲ့ဝိညာဉ်တော် အားဖြင့် ပြောခဲ့ကြလို့ ကျွန်တော်တို့တွေက သမ္မာတရားကို ပြောခဲ့ကြတယ်ဆိုတာ ခင်ဗျားတို့ကို အပြည့်အဝယုံကြည်စေခဲ့တယ်။ ကျွန်တော်တို့တွေ ခင်ဗျားတို့ဆီ ပုံဥပမာပြခဲ့တာ ခင်ဗျားတို့ သိကြပါတယ်။

၆ ကျွန်တော်တို့က ယေရှုအတိုင်း အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ခင်ဗျားတို့က သခင်ယေရှုနဲ့ ကျွန်တော်တို့ကို စပြီးအတုယူလာခဲ့ကြတယ်။ ဒုက္ခဆင်းရဲအများကြီး ကြုံတွေ့ခဲ့ရပေမဲ့ ခင်ဗျားတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်စကားကိုခံယူပြီးတော့ သန့်ရှင်းတဲ့ဝိညာဉ်ဆီမှာ ဝမ်းမြောက်ခဲ့ကြတယ်။

၇ ဒါကြောင့် ခင်ဗျားတို့ဟာ မာကေဒေါနိနဲ့ အာခါယ မှာနေထိုင်တဲ့ ယုံကြည်သူအားလုံးအတွက် စံနမူနာ ဖြစ်လာခဲ့ကြတယ်။

၈ ဘုရားသခင်ရဲ့နှုတ်ကပတ်စကားကို မာကေဒေါနိ နဲ့ အာခါနိမှာပဲ ကြားခဲ့ရတာ မဟုတ်ဘူး။ ခင်ဗျားတို့က ကျွန်တော်တို့ မရောက်ဖူးတဲ့ တခြားနေရာတွေမှာလည်း ဘုရားသခင်အပေါ် ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းကို သတင်းပြန့်စေခဲ့ကြတယ်။ ဒါကြောင့် အဲ့ဒီနေရာတွေကို ကျွန်တော်တို့ လာတဲ့အခါမှာ ကျွန်တော်တို့တွေက ကိုယ့်အကြောင်းကိုကိုယ် ပြောစရာမလိုတော့ဘူး။

၉ ဆန့်ကျင်ဘက်အနေနဲ့ ဒီလူတွေက ကျွန်တော်တို့တွေ ခင်ဗျားတို့ဆီကို တစ်ကြိမ် အလည်လာခဲ့ကြတဲ့နောက်ပိုင်းမှာ ခင်ဗျားတို့က ရုပ်တုဆင်းတုတွေကို ထားခဲ့ပြီးတော့ ဘုရားသခင်ဆီ လှည့်ခဲ့ကြတဲ့အကြောင်းနဲ့ အခုဆို ခင်ဗျားတို့တွေက အသက်ရှင်ပြီးစစ်မှန်တဲ့ဘုရားသခင်ကို အစေခံကြတယ်ဆိုတာကို ပြောပြကြတယ်။

၁၀ ဘုရားသခင်က သူ့ရဲ့သားတော်ကို သေခြင်းကနေ ပြန်အသက်ရှင်စေခဲ့တယ်၊ အခု ခင်ဗျားတို့က ဘုရားသခင်ရဲ့သားတော် ကောင်းကင်နိုင်ငံကနေ ကြွလာမဲ့အချိန်ကို စောင့်နေကြတယ်၊ မကြာခင် ဘုရားသခင်က လူတွေကို သူတို့ရဲ့အပြစ်တွေကြောင့် အမျက်ဒေါသထွက်မှာြဖစ်ပေမဲ့ သခင်ယေရှုက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့အမျက်ဒေါသကနေ ကယ်တင်လိမ့်မယ်ဆိုပြီး သူတို့တွေက ပြောကြတယ်။
1 Paul, Silas and Timothy write to the Thessalonian church which belongs to God the Father and the Lord Jesus Christ. Receive grace and peace from our God the Father and the Lord Jesus Christ.

2 We always thank God for all of you. We remember you and pray for you.

3 We keep remembering the works you do because of your faith. You love God that is why you serve Him and show your patience. And it helps you have hope in the Lord Jesus Christ who is in the presence of our God the Father.

4 Brothers, you know that God chose you, and He loves you.

5 When we brought you the Good News about Christ, it was not just words. We preached with power and in the Holy Spirit. And it convinced you that we spoke the truth. You know that we showed you an example.

6 We lived like Jesus did. And you began to imitate us and the Lord. You went through a lot of sufferings, but you accepted the Word and rejoiced in the Holy Spirit.

7 So you became an example for all believers in Macedonia and Achaia.

8 The Word of God sounded out not only there. You also spread your faith in God in other places where we have never been before. So when we come to those places, we do not need to tell anything about ourselves there.

9 Instead, those people tell us about how we once visited you, and after that you turned from idols to God. And now you serve the living and true God.

10 God raised His Son from the dead. And now you are waiting for the Son of God to come down from heaven. God will soon pour out His wrath on people for their sins, but Jesus will save us from God’s anger.

အခန်းကြီး ၂

Chapter 2

၁ ညီအစ်ကိုတို့၊ ကျွန်တော်တို့ ခင်ဗျားတို့ဆီ လာလည်ခဲ့တာ အချည်းနှီးမဖြစ်မှန်း ခင်ဗျားတို့ သိပါတယ်။

၂ ကျွန်တော်တို့ ခင်ဗျားတို့ဆီ မလာခင်က ဖိလိပ္ပိမှာ လူတွေက ကျွန်တော်တို့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြလို့ ကျွန်တော်တို့တွေ ဒုက္ခခံခဲ့ရတယ်။ ပြီးတော့ ဘုရားသခင်က ကျွန်တော်တို့ကို ရဲရင့်ခြင်းပေးခဲ့လို့ ပြင်းထန်တဲ့ အတိုက်အခံကြားကနေ ကျွန်တော်တို့က ယေရှုအကြောင်းသတင်းကောင်းကို ခင်ဗျားတို့ဆီ ဟောပြောခဲ့ကြတာ ခင်ဗျားတို့ သိပါတယ်။

၃ ကျွန်တော်တို့တွေ လူတွေဆီ သွန်သင်တဲ့အခါ သူတို့ကို မလိမ်ညာဘူး။ မမှန်ကန်တဲ့ဆန္ဒတွေ ကျွန်တော်တို့မှာ မရှိသလို ကျွန်တော်တို့က လူတွေကို မလှည့်စားဘူး။

၄ ဘုရားသခင်က ကျွန်တော်တို့ကို သူ့ဆီမှာ အစေခံဖို့ထိုက်တန်တဲ့သူ ဖြစ်စေခဲ့တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ယေရှုအကြောင်းသတင်းကောင်း ဟောပြောဖို့ ယုံကြည်စိတ်ချခဲ့တယ်။ သတင်းကောင်းကို ပြောတဲ့အခါ ကျွန်တော်တို့က ဘုရားသခင်ကို ကျေနပ်နှစ်သက်စေတာဖြစ်တယ်၊ လူတွေကို မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘာဖြစ်နေသလဲဆိုတာ ဘုရားသခင်က စောင့်ကြည့်နေတယ်။

၅ ကျွန်တော်တို့တွေ ခင်ဗျားတို့ကို ဘယ်တုန်းကမှ မမြှောက်ပင့်ခဲ့တာ ခင်ဗျားတို့ သိပါတယ်။ ပြီးတော့ ကျွန်တော်တို့က ခင်ဗျားတို့ကို အခွင့်ကောင်းယူဖို့ မကြိုးစားခဲ့ဘူးဆိုတာ ဘုရားသခင်က ကျွန်တော်တို့ရဲ့ မျက်မြင်သက်သေ ဖြစ်တယ်။

၆ ခင်ဗျားတို့ ဒါမှမဟုတ် တခြားဘယ်သူ့ကမှ ကျွန်တော်တို့ကို ချီးမွမ်းဖို့ မလိုချင်ပါဘူး။

၇ ကျွန်တော်တို့က ခရစ်တော်ရဲ့တမန်တော်တွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ရဲ့ အခွင့်အာဏာကို ခင်ဗျားတို့ဆီ သုံးလို့ရခဲ့ပေမဲ့ ကျွန်တော်တို့က တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ကြတယ်။ နို့တိုက်မိခင်က သူမရဲ့ရင်သွေးတွေကို ဂရုတစိုက်ပြုစုစောင့်ရှောက်သလို ကျွန်တော်တို့က ခင်ဗျားတို့ကို နူးနူးညံ့ညံ့နဲ့ ဂရုစိုက်ခဲ့တယ်။

၈ ခင်ဗျားတို့ကို ကျွန်တော်တို့ ချစ်တယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့က ခင်ဗျားတို့ကို ဘုရားသခင်အကြောင်း သတင်းကောင်းချည်းပဲ လက်ခံစေချင်ခဲ့တာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ဘာဖြစ်ပျက်နေတာလဲဆိုတာကိုလည်း နားလည်စေချင်ခဲ့တယ်။

၉ ညီအစ်ကိုတို့၊ ကျွန်တော်တို့က ခင်ဗျားတို့ဆီ ဘုရားသခင်အကြောင်း သတင်းကောင်းကို ဘယ်လို ဟောပြောခဲ့သလဲဆိုတာ မှတ်မိကြသေးရဲ့လား။ ကျွန်တော်တို့တွေ ကြိုးစားအလုပ်လုပ်ခဲ့ကြပြီးတော့ တော်တော်ကို ပင်ပန်းခဲ့ရတယ်။ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့လို့ နေ့ရောညပါ ကျွန်တော်တို့တွေ အလုပ်လုပ်ခဲ့ကြတယ်။

၁၀ ကျွန်တော်တို့က ခင်ဗျားတို့အပေါ် သန့်ရှင်းခြင်း၊ တရားမျှတခြင်းနဲ့ အပြစ်တင်စရာမရှိအောင် ပြုမူခဲ့ကြတယ်ဆိုတာ ယုံကြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့က သက်သေဖြစ်ကြတယ်။ ဘုရားသခင်လည်း ကျွန်တော်တို့ရဲ့သက်သေ ဖြစ်တယ်။

၁၁ အဖေတစ်ယောက်က ကိုယ့်သားသမီးတွေအပေါ် ပြုမူတဲ့အတိုင်း ကျွန်တော်တို့က ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိကြပါတယ်။

၁၂ ဘုရားသခင်က ခင်ဗျားတို့ကို သူ့ဆီလာဖို့ ခေါ်တဲ့အခါ ခင်ဗျားတို့တွေက ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်ရောက်ခဲ့ကြပြီးတော့ သူ့ရဲ့ဘုန်းကျက်သရေကို မြင်တွေ့ခဲ့ကြတယ်။ အဲ့ဒါကြောင့် ဘုရားသခင် ပေးအပ်ခဲ့တဲ့ သတ်မှတ်ချက်တွေနဲ့အညီ အသက်ရှင်နေထိုင်ကြဖို့ ခင်ဗျားတို့ကို ကျွန်တော်တို့ တောင်းဆိုပါတယ်။

၁၃ ခင်ဗျားတို့ကြောင့် ဘုရားသခင်ကို ကျွန်တော်တို့ အမြဲကျေးဇူးတင်တယ်။ ကျွန်တော်တို့ဆီက ဘုရားသခင်ရဲ့နှုတ်ကပတ်စကားကို ခင်ဗျားတို့တွေ ကြားတဲ့အခါ လူ့စကားအဖြစ် သဘောမထားဘဲ ဘုရားသခင်ပြောခဲ့တဲ့စကားအဖြစ် ခင်ဗျားတို့က လက်ခံခဲ့ကြတယ်။ ဘုရားသခင်ရဲ့စကားက သမ္မာတရားဖြစ်တယ်ဆိုတာ အမှန်ပါပဲ။ ခင်ဗျားတို့က ဘုရားသခင်ရဲ့စကားကို ယုံကြည်ကြလို့ နှုတ်ကပတ်စကားက ခင်ဗျားတို့ အထဲမှာ အလုပ်လုပ်တယ်။

၁၄ ယုဒမှာရှိတဲ့ ယုံကြည်သူတွေက ဘုရားသခင်နဲ့ သက်ဆိုင်ကြတယ်။ သူတို့တွေက ယေရှုခရစ်တော်ကို ယုံကြည်ကြလို့ ယုဒလူမျိုးတွေက သူတို့ကို စတင်ပြီး ညှင်းပန်းနှိပ်စက်ခဲ့ကြတယ်။ ညီအစ်ကိုတို့၊ အဲ့ဒီက ယုံကြည်သူတွေဆီမှာ ဖြစ်ပျက်ခဲ့တဲ့အတိုင်းပဲ ခင်ဗျားတို့လည်း ခင်ဗျားတို့ရဲ့လူမျိုးဆီကနေ ဒုက္ခဆင်းရဲခံခဲ့ရတယ်။

၁၅ ယုဒလူမျိုးတွေက သခင်ယေရှုနဲ့ ဘုရားသခင်ရဲ့ ပရောဖက်တွေကို သတ်ခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကိုလည်း ညှင်းပန်းနှိပ်စက်ကြတယ်။ ယုဒလူမျိုးတွေဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီးတော့ လူတွေအားလုံးနဲ့ ရန်ဖက်ဖြစ်ကြတယ်။

၁၆ လူမျိုးခြားတွေဆီ ကယ်တင်ခြင်းအကြောင်းကို ကျွန်တော်တို့ ပြောတဲ့အခါမှာ ယုဒလူမျိုးတွေက ကျွန်တော်တို့ကို နှောင့်ယှက်တားမြစ်ကြတယ်။ ဒီနည်းနဲ့ ယုဒလူမျိုးတွေက သူတို့အပြစ်တွေရဲ့ ပမာဏကို တိုးပွားစေကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးအဆုံးသတ်ဖို့က နီးကပ်လာပြီ။ ဘုရားသခင်က ယုဒလူမျိုးတွေအပေါ် အမျက်ဒေါသထွက်လိမ့်မယ်။

၁၇ ညီအစ်ကိုတို့၊ ကျွန်တော်တို့က ခင်ဗျားတို့နဲ့ ခဏတာ ခွဲခဲ့ရပေမဲ့ ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ ခင်ဗျားတို့ ရှိနေတယ်။ ဒါကြောင့် ခင်ဗျားတို့ကို ပြန်ပြီး သိပ်တွေ့ချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိတယ်။

၁၈ ခင်ဗျားတို့ဆီကို ကျွန်တော်တို့တွေ လာလည်ချင်ခဲ့တယ်။ ကျွန်တော် ပေါလုက ခင်ဗျားတို့ဆီ လာဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမဲ့ နှစ်ကြိမ်စလုံးမှာ စာတန်ရဲ့တားဆီးတာ ခံခဲ့ရတယ်။

၁၉ ခင်ဗျားတို့က ဘုရားသခင်ကို ဆက်ပြီး အစေခံနေကြတယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော် မြေကြီးကို ပြန်ကြွလာတဲ့အချိန်မှာ ကျွန်တော်တို့က ခင်ဗျားတို့နဲ့ ဆုံတွေ့ရပြီးတော့ ခင်ဗျားတို့နဲ့အတူ ပျော်ရွှင်ကြမယ်။ ခင်ဗျားတို့အပေါ် ကျွန်တော်တို့ အမှုဆောင်ခဲ့လို့ ဘုရားသခင်က ကျွန်တော်တို့ကို ချီးကျူးပြီးတော့ ဆုချလိမ့်မယ်။

၂၀ ဘုရားသခင်က ကျွန်တော်တို့တွေဟာ ခင်ဗျားတို့ဆီ ကောင်းကောင်း အလုပ်လုပ်ခဲ့ကြတယ်ဆိုပြီး ပြောလို့ ကျွန်တော်တို့တွေ ဝမ်းမြောက်ရလိမ့်မယ်။
1 Brothers, you know that we did not visit you in vain.

2 But before we came to you people treated us harshly in Philippi, and we went through sufferings there. You know that God gave us courage, and we preached to you the Good News about God in spite of great opposition.

3 When we teach people, we do not deceive them. We do not have wrong desires, and we do not trick people.

4 God made us worthy to serve Him. He entrusted us to preach the Good News about Jesus. When we speak about Christ, we please God, not people. And He watches what is happening in our hearts.

5 You know that we never flattered you. And God can confirm that we did not try to take advantage of you.

6 We do not want you or anyone else to praise us.

7 We are the apostles of Christ. We could exercise our authority over you, but we behaved quietly. We gently cared for you as a nursing mother cares for her children.

8 We loved you. That is why we wanted you not only to accept the Good News about God, but also to understand what is happening in our hearts.

9 Brothers, do you remember how we preached the Good News about God to you? We worked so hard that we felt extremely exhausted. We labored day and night because we did not want to become a burden to any of you.

10 And you, believers, can confirm that we behaved towards you in a holy, just, and blameless manner. God can also confirm it.

11 You know that we treated each one of you as a father treats his children.

12 When God called you to Himself, you entered His Kingdom and saw His glory. That is why we asked, convinced and urged you to live according to the requirements of God.

13 We continuously thank God for you. When you heard the Word of God from us, you accepted it as if the Word was spoken by God, not by a man. And for sure the Word of God is the truth. You believe in God's Word, and the Word works in you.

14 The churches located in Judea belong to God. They believe in Jesus Christ that is why the Jews began to persecute them. Brothers, the same thing happened to you as it did to those churches. You also went through sufferings from your own people.

15 The Jews killed the Lord Jesus and His prophets. They also persecute us. The Jews oppose God and are hostile to all people.

16 When we speak to the Gentiles about salvation, the Jews hinder us. This way the Jews keep filling up the measure of their sins. But the end is coming near, and God will pour out His wrath on the Jews.

17 Brothers, for a short time we were separated from you. And we have a strong desire to see you again because you remain in our hearts.

18 We wanted to visit you. I, Paul, tried to do this once and then a second time, but Satan created obstacles for us.

19 But we hope that you keep serving God. And when our Lord Jesus Christ returns to the earth, we will see you and rejoice with you. Then God will praise us and reward us for our ministry to you.

20 We will rejoice because God will say that we served well among you.

အခန်းကြီး ၃

Chapter 3

၃း၁ အခက်အခဲတွေကြောင့် အာသင်မြို့မှာ နေဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။

၂ ဒါပေမဲ့ ကျွန်တော်တို့က ညီလေးတိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်ပါတယ်။ တိမောသေဟာ ဘုရားသခင်ကို အစေခံနေတဲ့သူဖြစ်တယ်။ သူက ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်ပြီးတော့ ခရစ်တော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေတယ်။ တိမောသေက ခင်ဗျားတို့ကို ထောက်ပံ့ပြီးတော့ ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းကို ခိုင်မာစေလိမ့်မယ်။

၃ ဒီဘဝမှာ နှိပ်စက်ညှင်းပန်းခြင်းတွေနဲ့ ပြဿနာတွေကို ကျွန်တော်တို့တွေ ရှောင်လွဲလို့ မရဘူးဆိုတာ ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့် ဒုက္ခဝေဒနာကြားဖြတ်သန်းနေရတယ်ဆိုရင် အထိတ်တလန့် မဖြစ်ကြပါနဲ့။

၄ ကျွန်တော်တို့တွေက ဆင်းရဲဒုက္ခခံကြရမယ်ဆိုတာ ခင်ဗျားတို့ဆီ နောက်ဆုံးအကြိမ်လာခဲ့တုန်းက ကြိုတင်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ပြောခဲ့သလို ဖြစ်ပျက်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။

၅ ကျွန်တော် ခင်ဗျားတို့ဆီ မလာနိုင်ခဲ့ဘူး။ ဒါကြောင့် ဆက်မစောင့်တော့ဘဲ တိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်ပါတယ်။ ခင်ဗျားတို့တွေ ယုံကြည်ခြင်းနဲ့ အသက်ရှင်ကြရဲ့လားဆိုတာ ကျွန်တော် သိချင်ခဲ့တယ်။ စုံစမ်းဖြားယောင်းသွေးဆောင်တဲ့စာတန်က ခင်ဗျားတို့ကို လမ်းလွဲစေပြီးတော့ ကျွန်တော်တို့ရဲ့အလုပ်က ရလဒ်တွေမရမှာကို ကျွန်တော် စိုးရိမ်ကြောက်ရွံ့ခဲ့တယ်။

၆ ဒါပေမဲ့ တိမောသေက ကျွန်တော်တို့ဆီ ပြန်ရောက်လာခဲ့ပြီးတော့ ခင်ဗျားတို့အကြောင်း သတင်းကောင်းတွေ ယူလာပေးခဲ့တယ်။ ခင်ဗျားတို့တွေက ဘုရားသခင်ကို ဆက်ပြီးတော့ ယုံကြည်ကြတယ်၊ ပြီးတော့ ခင်ဗျားတို့တွေက တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ ခင်ဗျားတို့က ကျွန်တော်တို့အကြောင်း ကောင်းတာတွေကို အမြဲတမ်း ပြောကြတယ်၊ ကျွန်တော်တို့တွေ ခင်ဗျားတို့ကို တွေ့ချင်နေသလိုပဲ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ကို တွေ့ချင်နေကြတယ်ဆိုတာတွေ သိရတယ်။

၇ ညီအစ်ကိုတို့၊ ကျွန်တော်တို့က ဒုက္ခဝေဒနာတွေ ကြုံတွေ့ရပြီးတော့ လိုအပ်ချက်တွေနဲ့ အသက်ရှင်နေထိုင်ကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ယုံကြည်မှုက ကျွန်တော်တို့ကို အားတက်စေခဲ့တယ်။

၈ ခင်ဗျားတို့တွေက သခင်ယေရှုနောက် ဆက်ပြီးလိုက်ကြလို့ အဲ့ဒါက ကျွန်တော်တို့ကို အသက်နဲ့ဖြည့်ပေးတယ်။

၉ ခင်ဗျားတို့အတွက်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ခင်ဗျားတို့ကြောင့် ကျွန်တော်တို့ရဲ့ဘုရားသခင် ရှေ့မှောက်မှာ တကယ့်ပျော်ရွှင်မှုကို တွေ့ကြုံခံစားရတယ်။

၁၀ ခင်ဗျားတို့အတွက် ကျွန်တော်တို့ နေ့ညမပြတ် လေးလေးနက်နက် ဆုတောင်းပေးနေပါတယ်။
ကျွန်တော်တို့တွေ ခင်ဗျားတို့ကို တွေ့ချင်တယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းမှာ မပြည်စုံသေးတဲ့အရာတွေကိုလည်း ဖြည့်ဆည်းပေးချင်တယ်။

၁၁ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်တော်က ခင်ဗျားတို့ဆီလာမဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို ပြင်ဆင်ပေးပါစေ။

၁၂ သခင်ယေရှုက ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာနဲ့ ပြည့်စေခဲ့လို့ ကျွန်တော်တို့က ခင်ဗျားတို့ကို ချစ်တာဖြစ်တယ်။ ခင်ဗျားတို့တွေလည်း အချင်းချင်းနဲ့ လူတွေအားလုံးကို ချစ်ကြဖို့ သခင်ယေရှုက ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝစေပါစေ။

၁၃ တခြားသူတွေကို ချစ်ကြပါ။ ချစ်ခြင်းမေတ္တာထားခြင်းက ခင်ဗျားတို့ရဲ့စိတ်နှလုံးကို ခွန်အားဖြစ်စေလိမ့်မယ်။ ဘုရားသခင်ရဲ့သန့်ရှင်းမြင့်မြတ်မှုက ခင်ဗျားတို့ရဲ့ နှလုံးသားကို သန့်ရှင်းစင်ကြယ်စေပြီးတော့ သူ့ရဲ့မျက်စိအောက်မှာ ခင်ဗျားတို့ကို အပြစ်ကင်းတဲ့သူ ဖြစ်စေလိမ့်မယ်။ သခင်ယေရှုခရစ်တော်က သန့်ရှင်းသူတွေအားလုံးနဲ့အတူ ကမ္ဘာမြေကြီးကို ဆင်းကြွလာတဲ့အခါ ခင်ဗျားတို့တွေက အဖဘုရားသခင်ရဲ့ရှေ့မှောက်မှာ ရပ်ရကြလိမ့်မယ်။ အာမင် - ပြည့်စုံပါစေ။
1 We decided to stay in Athens because of the difficulties.

2 But we sent to you our brother Timothy who serves God. He works along with us and spreads the Good News about Christ. Timothy can support you and strengthen your faith.

3 You know that in this life, we cannot avoid persecutions and troubles. So do not panic, if you are going through sufferings.

4 When we visited you last time, we predicted that we would go through sufferings. And you know that everything happened as we told you.

5 I could not visit you so I did not wait any longer and sent Timothy to you. I wanted to know if you live by faith. I was concerned that the tempter might mislead you, and our work would not bring results.

6 But Timothy already returned and brought us good news about you. We know that you continue to believe in God and love one another. You always speak kindly of us, and you want to see us as much as we want to see you.

7 Brothers, we go through sufferings and live in need. But you encouraged us by the way you believe in God.

8 You keep following the Lord, and it brings life to us.

9 How can we give enough thanks to God for you? Because of you, we experience great joy when we enter the presence of our God.

10 Day and night we pray earnestly for you. We would like to see you to share what is missing in your faith.

11 May God the Father and the Lord Jesus Christ help us arrange our journey to you.

12 The Lord filled us with love that is why we love you. May He also fill you with love so that you could love one another and all people.

13 Love others, and it will make your hearts strong. God's holiness will purify your hearts and make you blameless in the eyes of God. Then you will be able to stand in the presence of God the Father when the Lord Jesus Christ comes to earth with all the holy people of God. Amen.

အခန်းကြီး ၄

Chapter 4

၁ ညီအစ်ကိုတို့၊ ခင်ဗျားတို့တွေ ဘယ်လိုပြုမူသင့်တယ်၊ ဘုရားသခင်ကို ဘယ်လိုနှစ်သက်သဘောကျစေသင့်တယ်ဆိုတာ ကျွန်တော်တို့ သွန်သင်ခဲ့ပြီးပါပြီ။ ဒါကြောင့် ခင်ဗျားတို့ရဲ့ အပြုအမူတွေနဲ့ ဘုရားသခင်ကို ပိုပိုပြီးတော့ နှစ်သက်ကျေနပ်စေကြဖို့ ယေရှုခရစ်တော်ရဲ့နာမနဲ့ ခင်ဗျားတို့ကို ခွန်အားပေးရင်း ကျွန်တော်တို့ တောင်းဆိုပါတယ်။

၂ ခင်ဗျားတို့ကို ကျွန်တော်တို့ပေးခဲ့တဲ့ သခင်ယေရှုဆီက ပညတ်ချက်တွေကို ခင်ဗျားတို့ သိကြပါတယ်။

၃ ကိုယ့်ကိုယ်ကို အပြစ်ကနေ သန့်ရှင်းစင်ကြယ်စေပြီးတော့ ဘုရားသခင်ရဲ့အလိုတော်ကို နာခံကြပါ။ လိင်ကိစ္စနဲ့ဆိုင်တဲ့အကျင့်ပျက်ခြင်းမှာ မပါကြနဲ့။

၄ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းက ခင်ဗျားတို့ ခန္ဓာကိုယ်ရဲ့အလိုဆန္ဒတွေကို ထိန်းချုပ်ကြရမယ်။ သန့်သန့်ရှင်းရှင်းနဲ့ အသက်ရှင်ပြီး လိင်ကိစ္စနဲ့ဆိုင်တဲ့အကျင့်ပျက်ခြင်းမှာ မမွေ့လျော်ကြနဲ့။

၅ လူမျိုးခြားတွေလို မပြုမူကြနဲ့။ သူတို့က ဘုရားသခင်ကို မသိကြသလို သူတို့ရဲ့ ကိလေသာတပ်မက်မှုကို ဖြည့်ဆည်းပြီးတော့ သူတို့ရဲ့ အပြစ်လုပ်တတ်တဲ့အကျင့်တွေနဲ့ သူတို့ကိုယ်သူတို့ ဖျက်ဆီးကြတယ်။

၆ ကိုယ့်ရဲ့ညီအစ်ကိုတွေအပေါ် အခွင့်ကောင်းယူပြီး အမြတ်မထုတ်ကြနဲ့။ ကိုယ့်အကျိုးအတွက်နဲ့ အချင်းချင်း မလိမ်ညာကြနဲ့။ ဒီအကြောင်းကို ကျွန်တော်တို့ အရင်က ပြောခဲ့ပါတယ်။ ဒီလိုမျိုး အပြုအမူတွေကြောင့် သခင်ဘုရားက လူတွေကို အပြစ်ပေးဒဏ်ခတ်မယ်ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်တို့ သွန်သင်ခဲ့ပါတယ်။

၇ ခင်ဗျားတို့ရဲ့ မကောင်းတဲ့အလိုဆန္ဒတွေနောက်ကို မလိုက်ကြနဲ့။ ဘုရားသခင်က ကျွန်တော်တို့ကို သန့်သန့်ရှင်းရှင်း အသက်ရှင်ဖို့ ခေါ်ယူခဲ့တာဖြစ်တယ်။

၈ ကျွန်တော်တို့ရဲ့ သွန်သင်ချက်ကို ငြင်းပယ်တဲ့သူက လူကိုငြင်းပယ်တာမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းတဲ့ဝိညာဉ်တော်ကို ကျွန်တော်တို့ဆီပေးခဲ့တဲ့ ဘုရားသခင်ကို ငြင်းပယ်တာဖြစ်တယ်။

၉ ဘုရားသခင်က တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာထားဖို့ ခင်ဗျားတို့ကို သွန်သင်ပေးတဲ့အတွက် ညီအစ်ကိုကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ကျွန်တော် ရေးနေဖို့ မလိုတော့ဘူး။

၁၀ ခင်ဗျားတို့က မာကေဒေါနိ တစ်လျှောက်မှာရှိတဲ့ ယုံကြည်သူတွေအားလုံးအပေါ် ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံကြတယ်။ ညီအစ်ကိုတို့၊ ခင်ဗျားတို့တွေ ဒီထက်မက တစ်ယောက်ကိုတစ်ယောက် ပိုပြီးတော့ ချစ်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းခွန်အားပေးချင်တယ်။

၁၁ ကျွန်တော်တို့ ခင်ဗျားတို့ကို သွန်သင်ပေးခဲ့တာတွေကို လိုက်လျှောက်ဖို့ ခင်ဗျားတို့ရဲ့အစွမ်းရှိသမျှတွေနဲ့ အားထုတ်ကြပါ။ တစ်ယောက်နဲ့တစ်ယောက် အေးအေးချမ်းချမ်းနေထိုင်ပြီးတော့ ကိုယ့်ရဲ့အလုပ်ကို ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ဆောင်ကြပါ။

၁၂ ဒါမှ ခင်ဗျားတို့မှာ ဘာလိုအပ်ချက်မှမရှိဘဲ ပြည့်စုံနေလိမ့်မယ်။ မယုံကြည်သူတွေအပေါ် ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံကြပါ။

၁၃ ညီအစ်ကိုတို့၊ သေလွန်သွားကြပြီဖြစ်တဲ့ ယုံကြည်သူတွေဆီ ဘာတွေဖြစ်မလဲဆိုတာ ခင်ဗျားတို့ကို ကျွန်တော် သိစေချင်တယ်။ မျှော်လင့်ချက်မရှိတဲ့ တခြားလူတွေလို မပူဆွေးကြနဲ့။

၁၄ ယေရှုခရစ်တော်ဟာ အသေခံခဲ့ပြီးတော့ အသက်ပြန်ရှင်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ကြတယ်။ သခင်ယေရှု ကမ္ဘာ‌မြေကြီးကို ပြန်ကြွလာတဲ့အခါ ဘုရားသခင်က သေလွန်သွားကြပြီဖြစ်တဲ့ ယုံကြည်သူတွေကို ယေရှုနဲ့အတူ ခေါ်ဆောင်လာမယ်ဆိုတာကိုလည်း ကျွန်တော်တို့ ယုံကြည်ကြတယ်။

၁၅ ကျွန်တော်တို့က သခင်ယေရှုရဲ့စကားကို ခင်ဗျားတို့ဆီ ပြောတာဖြစ်တယ်။ သေလွန်သွားကြပြီဖြစ်တဲ့ ယုံကြည်သူတွေက သခင်ယေရှု ဆင်းကြွလာတာကို အရင်ဦးဆုံး မြင်တွေ့ကြလိမ့်မယ်။ ပြီးတော့မှ ကမ္ဘာမြေကြီးမှာ အသက်ရှင်ကျန်ရှိနေသေးတဲ့ ကျွန်တော်တို့တွေက သခင်ယေရှုကို မြင်တွေ့ကြလိမ့်မယ်။

၁၆ အဲ့ဒီနေ့မှာ အဆင့်အမြင့်ဆုံးကောင်းကင်တမန်က သူ့ရဲ့အသံကို မြှင့်ပြီး အော်လိမ့််မယ်။ ဘုရားသခင်ရဲ့တံပိုးခရာမှုတ်သံ ထွက်လာပြီးတော့ သခင်ယေရှုခရစ်တော်ကိုယ်တိုင် ကောင်းကင်ကနေ ဆင်းကြွလာလိမ့်မယ်။ ဘုရားသခင်က ခရစ်တော်ကိုယုံကြည်ခဲ့တဲ့သူတွေကို သေခြင်းကနေ အရင်ဦးဆုံး ပြန်ပြီးအသက်ရှင်စေလိမ့်မယ်။

၁၇ ဒါတွေပြီးရင် ကမ္ဘာမြေကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေက အသက်ပြန်ရှင်တဲ့သူတွေနဲ့အတူ မိုးတိမ်ထဲကို တက်ကြလိမ့်မယ်။ ဒီလိုနဲ့ ကျွန်တော်တို့က သခင်ယေရှုကို အာကာသကောင်းကင်မှာ ဆုံတွေ့ရပြီးတော့ သခင်ယေရှုနဲ့ ထာဝရပေါင်းစည်းကြမယ်။

၁၈ အဲ့ဒါကြောင့် ဒီစကားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်အားပေးကြပါ။
1 Brothers, we taught you how you should behave and please God. So in the name of Jesus Christ we ask and encourage you to please God with your actions more and more.

2 You know the commandments which we gave you from the Lord Jesus.

3 Submit to the will of God and cleanse yourself from sin. Do not take part in sexual immorality.

4 Each of you must control the desires of your body. Live holy and don’t indulge in sexual immorality.

5 Do not behave like the Gentiles. They do not know God, they satisfy their lust and destroy themselves with their harmful habits.

6 Do not take advantage of your brothers. Do not deceive one another for your own interest. We spoke about it before and taught you that the Lord will bring revenge for such actions.

7 Do not follow your evil desires because God called us to live holy.

8 He who rejects our teaching, does not reject a man, but God who gave us His Holy Spirit.

9 I have no need to write about brotherly love because God teaches you to love one another.

10 You treat with love all the believes who live in Macedonia. Brothers, we would like to encourage you to love one another more and more.

11 Put all your efforts to follow what we taught you. Live in peace with one another, mind your business and labor with your hands.

12 Then you will lack nothing. And also you should behave with unbelievers in a good manner.

13 Brothers, I want you to know what will happen to the believers who have already died. Do not grieve like other people who have no hope.

14 We believe that Jesus died and was resurrected. We also believe that when He returns to the earth, God will bring with Him the believers who have already died.

15 We speak to you the Word of the Lord. First, the coming of the Lord will see those believers who have already died. Then we who remained on the earth will see Jesus.

16 On that day the most high angel will lift up his voice, God's trumpet will sound, and the Lord Himself will come down from heaven. First, God will resurrect those people who believed in Christ.

17 After that we who remained on the earth will rise up in the clouds with the resurrected people. And we will meet the Lord in the air. This way we will be united with the Him forever.

18 So comfort one another with these words.

အခန်းကြီး ၅

Chapter 5

၁ ညီအစ်ကိုတို့၊ အချိန်နဲ့ နေ့ရက်ကာလတွေအကြောင်းကို ကျွန်တော် ရေးနေဖို့ မလိုတော့ဘူး။

၂ သူခိုးက ညအချိန်မှာ လာတတ်သလိုပဲ သခင်ယေရှု လာမဲ့နေ့ရက်လည်း မထင်မှတ်တဲ့အချိန်မှာ ဖြစ်လာမယ်ဆိုတာ ခင်ဗျားတို့ သိပြီးသားဖြစ်တယ်။

၃ လူတွေက “ငြိမ်းချမ်းပါပြီ၊ ဘေးကင်းလုံခြုံပါပြီ” လို့ ပြောတဲ့အချိန်မှာဘဲ သူတို့ဆီကို ကပ်ဘေးတွေ ရုတ်တရက် ရောက်လာလိမ့်မယ်။ ကိုယ်ဝန်သည်တစ်ယောက်က မီးဖွားချိန်နာကျင်မှုကို ရှောင်လွဲလို့ မရနိုင်သလိုဘဲ သခင်ယေရှု ကြွလာတာကို ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်ပါဘူး။

၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့က အမှောင်ထဲမှာ နေကြတာမဟုတ်ဘူး။ ဒါကြောင့် သခင်ယေရှု ကြွလာမဲ့နေ့ရက်က ညအချိန်လာတဲ့ သူခိုးလို ခင်ဗျားတို့ကို အမှတ်တမဲ့ အံ့အားသင့်စေမှာ မဟုတ်ဘူး။

၅ ခင်ဗျားတို့ အားလုံးက နေ့အချိန်မှာမွေးတဲ့ အလင်းရဲ့သားသမီးတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့က ညအချိန်မှာမွေးခဲ့တဲ့ မှောင်မိုက်ရဲ့သားသမီးတွေ မဟုတ်ဘူး။

၆ အဲ့ဒါကြောင့် တခြားလူတွေလို အိပ်မနေကြနဲ့။ ဝိညာဉ်ရေးရာမှာ ခင်ဗျားတို့ရဲ့ စိတ်ပါဝင်စားမှုကို မပျောက်ဆုံးစေကြနဲ့။ ခင်ဗျားတို့ဟာ သောက်စားခြင်းမပြုဘဲ သမ္မာသတိရှိရှိ အသက်ရှင်ကြရမယ်။

၇ ညအချိန်မှာ တစ်ချို့လူတွေက အိပ်ကြပြီးတော့ တစ်ချို့လူတွေက မူးယစ်ကြတယ်။

၈ ဒါပေမဲ့ ကျွန်တော်တို့ကတော့ နေ့မှာမွေးသူတွေဖြစ်လို့ သောက်စားခြင်းမပြုဘဲ သမ္မာသတိရှိရှိ အသက်ရှင်သင့်တယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ပြုမူဆက်ဆံကြခြင်းက ကျွန်တော်တို့ကို ချပ်ဝတ်တန်ဆာလို ကာကွယ်ပေးတယ်။ ယေရှုက ကျွန်တော်တို့ကို အပြစ်ကနေ ကယ်တင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့တွေ စိတ်ချယုံကြည်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့က သံခမောက်လို ကာကွယ်ပေးတယ့် ကယ်တင်ခြင်းစိတ်ချမှုကို ကျွန်တော်တို့ခေါင်းပေါ်မှာ ဆောင်းထားကြပါတယ်။

၉ ဘုရားသခင်က ကျွန်တော်တို့အပေါ် အမျက်ဒေါသမထွက်ဖို့ ကြိုတင်ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့သခင် ယေရှုခရစ်တော်က ကားတိုင်ပေါ်မှာ အသေခံပေးခဲ့ပြီးတော့ ကျွန်တော်တို့ကို အပြစ်ကနေ ကယ်တင်ခဲ့တယ်။

၁၀ သခင်ယေရှု ကမ္ဘာမြေကြီးကို ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ထဲက တစ်ချို့တွေက အသက်ရှင်ကြဦးမှာဖြစ်ပြီးတော့ တစ်ချို့ကတော့ သေပြီးသား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခရစ်တော်နဲ့အတူတူ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ဘုရားသခင်က ကျွန်တော်တို့ကို ပြန်အသက်ရှင်စေလိမ့်မယ်။

၁၁ ဒါကြောင့် ခင်ဗျားတို့တွေက ဒီစကားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် နှစ်သိမ့်ကြပြီးတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ခြင်းမှာ ဆက်ပြီးခိုင်ခံ့စေကြပါ။

၁၂ ညီအစ်ကိုတို့၊ ဘုရားသခင်က သူ့ရဲ့အမှုဆောင်သူတွေကို ခင်ဗျားတို့အထက်မှာ ခန့်ထားတယ်။ ဒါကြောင့် ခင်ဗျားတို့ကြားမှာ အလုပ်လုပ်ပြီးတော့ ခင်ဗျားတို့ကို ဘုရားရဲ့စကား သွန်သင်ပေးတဲ့သူတွေကို လေးစားကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။

၁၃ သူတို့ လုပ်ဆောင်ပေးတဲ့အရာတွေအတွက် သူတို့ကို ချစ်ကြပါ။ သူတို့ကို အထူးတန်ဖိုးထားကြပါ။ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် နေထိုင်ကြပါ။

၁၄ ညီအစ်ကိုတို့၊ ကိုယ့်ဘဝကို ဖျက်ဆီးနေတဲ့သူတွေကို ဆုံးမပဲ့ပြင်ဖို့ အထူးတောင်းဆိုပါတယ်။ ကြောက်ရွံ့မှုနဲ့ အသက်ရှင်နေတဲ့သူတွေကို အားပေးကြပါ။ ယုံကြည်ခြင်းအားနည်းတဲ့သူတွေကို ပံ့ပိုးကူညီကြပါ။ ပြီးတော့ လူတွေအားလုံးအပေါ် အထူးစိတ်ရှည်သည်းခံကြပါ။

၁၅ ဘယ်သူမှ မကောင်းမှုကို မကောင်းမှုနဲ့ တုန့်ပြန်တာမျိုး မလုပ်ဖို့ သတိပြုကြပါ။ အချင်းချင်းအပေါ်မှာရော ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအပေါ်မှာရော ကောင်းတဲ့အရာကို လုပ်ပေးဖို့ အမြဲတမ်းကြိုးစားကြပါ။

၁၆ အမြဲတမ်း ဝမ်းမြောက်ပျော်ရွှင်ကြပါ။

၁၇ မှန်မှန် ဆုတောင်းကြပါ။

၁၈ ခင်ဗျားတို့ဟာ ယေရှုခရစ်တော်နဲ့ သက်ဆိုင်ကြတယ်။ ဘုရားသခင်က အခြေအနေတွေတိုင်းမှာ သူ့ကို ကျေးဇူးတင်စေချင်တယ်။

၁၉ သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ မီးအရှိန်ကို မငြိမ်းစေကြနဲ့။

၂၀ ပရောဖက်ပြုချက်တွေကို မထီမဲ့မြင်မပြုကြနဲ့။

၂၁ အရာရာကို စစ်ဆေးပြီးတော့ မှန်ကန်တဲ့အရာပေါ်မှာ ရပ်တည်ကြပါ။

၂၂ မကောင်းတဲ့လှုပ်ရှားမှုမှန်သမျှမှာ မပါဝင်ကြပါနဲ့။

၂၃ ဘုရားသခင်က ငြိမ်သက်ခြင်းရဲ့အရင်းအမြစ်ဖြစ်တယ်။ ဘုရားသခင် ကိုယ်တိုင် ခင်ဗျားတို့ကို လုံးဝသန့်ရှင်းစင်ကြယ်စေပါစေ။ သခင်ယေရှုခရစ်တော် ကမ္ဘာမြေကြီးကို ပြန်ကြွလာတဲ့အချိန်အထိ ဘုရားသခင်က ခင်ဗျားတို့ရဲ့ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို အပြစ်ကနေ အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးပါစေ။

၂၄ သူ့ရဲ့သစ္စာရှိခြင်းကို ခင်ဗျားတို့တွေ သိမြင်ရဖို့ ခင်ဗျားတို့ကို ခေါ်တဲ့ဘုရားသခင်က အဲ့ဒီလို လုပ်ပေးလိမ့်မယ်။

၂၅ ညီအစ်ကိုတို့၊ ကျွန်တော်တို့အတွက် ဆုတောင်းပေးကြပါ။

၂၆ ညီအစ်ကိုတွေအားလုံးကို သန့်ရှင်းတဲ့ အနမ်းနဲ့ နှုတ်ဆက်ပေးပါ။

၂၇ ဒီစာကို ဘုရားသခင်ရဲ့သန့်ရှင်းသူတွေအားလုံးဆီ ဖတ်ပြဖို့ သခင်ယေရှုနာမည်နဲ့ ခင်ဗျားတို့ကို ကျွန်တော် အထူးတောင်းဆိုပါတယ်။

၂၈ ကျွန်တော်တို့သခင် ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်က ခင်ဗျားတို့နဲ့အတူ တည်ရှိပါစေ။
အာမင် - ပြည့်စုံပါစေ။
1 Brothers, I have no need to write about times and seasons.

2 You already know that the day of the Lord will come as unexpectedly as a thief comes at night.

3 When people say “peace and safety”, suddenly disaster will fall upon them. As a pregnant woman is not able to escape the pain of childbirth, so no one will be able to escape the coming of the Lord.

4 Brothers, you do not live in darkness. So the day of the Lord will not surprise you like a thief who comes in the night.

5 You all were born of light during the day. We were not born of darkness during the night.

6 That is why you should not sleep like other people. Do not lose your interest in spiritual things. You should live a sober life.

7 One person sleeps at night, and another one gets drunk.

8 But we were born during the day that is why we should live soberly. We believe in God and treat people with love, and it protects us like an armor. And on our head we put the confidence in salvation which protects us like a helmet.

9 God decided in advance that He would not pour out His wrath on us. And we received salvation because our Lord Jesus Christ died on the cross for us.

10 Some of us will be alive, and others will already die when the Lord returns to the earth. But God will resurrect us so that we could live with Christ.

11 That is why you should continue to comfort and strengthen one another’s faith with these words.

12 Brothers, we urge you to respect the ministers whom God appointed over you. They serve among you and teach you the Word of God.

13 Love and appreciate them for what they do. Live in peace with one another.

14 Brothers, we urge you to correct those who are making a mess of their lives. Encourage those who live in fear. Support those whose faith is weak. And be exceedingly patient with all people.

15 Watch that no one pays back evil for evil. Always make every effort to do good to one another and to everyone around you.

16 Rejoice always.

17 Pray regularly.

18 You belong to Jesus Christ. And God wants you to thank Him in all circumstances.

19 Do not quench the fire of the Holy Spirit.

20 Do not despise prophecies.

21 Examine everything and stand with what is right.

22 Do not participate in any evil activities.

23 God is the source of peace. And may He Himself sanctify you completely. May God fully keep your spirit, soul, and body safe from sin until the day when our Lord Jesus Christ returns to the earth.

24 God will do it because He called you to Himself so that you could see His faithfulness.

25 Brothers, pray for us.

26 Greet all the brothers with a holy kiss.

27 In the name of the Lord I urge you to read this letter to all the holy people of God.

28 May the grace of our Lord Jesus Christ remain with you. Amen.