Turn Off Myanmar >>>

Myanmar (မြန်မာ)

English

အခန်းကြီး ၁

Chapter 1

၁ ကျွန်တော်က ယေရှုခရစ်တော်ရဲ့အစေခံတစ်ယောက်ဖြစ်လာတဲ့ ပေါလုဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော့်ကိုခေါ်ပြီးတော့ တမန်တော်တစ်ပါးဖြစ်စေခဲ့ပါတယ်။ ဘုရားသခင်က သူ့အကြောင်းသတင်းကောင်းကို ဟောပြောဖို့ ကျွန်တော့်ကို ရွေးချယ်ခဲ့တယ်။1 I, Paul, am a servant of Jesus Christ. God called me to be an apostle and entrusted me to preach His Good News.
၂ ဘုရားသခင်က သူ့ရဲ့ပရောဖက်တွေအားဖြင့် သူဖွင့်ပြခဲ့တာကို ပြည့်စုံစေဖို့ ဟိုးအရင်က ကတိပေးခဲ့ပါတယ်။ ဘုရားသခင်က ပရောဖက်တွေဆီ သတင်းကောင်းအကြောင်းကို ပြောကြားခဲ့ပြီးတော့ သူတို့တွေက သန့်ရှင်းမြင့်မြတ်တဲ့ကျမ်းစာထဲမှာ ချရေးခဲ့ကြတယ်။2 God promised long ago that this Good News would be proclaimed on earth. He spoke about it to His prophets, and they wrote it down in the Holy Scriptures.
၃ သတင်းကောင်းက ဘာလဲဆိုတာ ကျွန်တော် ပြောပြချင်တယ်။ ဘုရားသခင်ရဲ့သားတော်က လူ့ကိုယ်ခန္ဓာထဲ မွေးဖွားလာခဲ့ပြီးတော့ ရှင်ဘုရင်ဒါဝိဒ်ရဲ့မျိုးဆက် ဖြစ်လာခဲ့တယ်။3 This Good News is about God's Son. He was born as a human and was a descendant of King David.
၄ ပြီးတော့ ခရစ်တော်အသေခံတဲ့အခါ ဘုရားသခင်က သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့အစွမ်းတန်ခိုးနဲ့ ပြန်အသက်ရှင်စေခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်က ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့တွေ သိကြရတယ်။4 God revealed that Jesus Christ is His Son when He raised Him from the dead by the power of the Holy Spirit. That is why Jesus Christ is our Lord.
၅ ကျွန်တော်တို့တွေက ခရစ်တော်အားဖြင့် ကျေးဇူးတော်နဲ့ တမန်တော်ဖြစ်ခြင်းကို လက်ခံရရှိခဲ့ကြတယ်။ ယေရှုနာမအားဖြင့် ကျွန်တော်တို့က လူမျိုးအားလုံးဆီ ယုံကြည်ခြင်းကို ယူဆောင်သွားကြတာဖြစ်ပြီးတော့ သူတို့တွေက ဘုရားသခင်ကို နာခံကြတယ်။5 Through Christ God has given us His grace and entrusted us with an apostolic ministry. That is why in the name of Jesus we go to all nations so that they may come to Him in faith and begin to live the way God wants.
၆ ယေရှုခရစ်တော်က ဒီလူမျိုးတွေထဲကနေ ခင်ဗျားတို့ကို သူ့ဆီခေါ်ခဲ့တယ်။6 You are also among the nations whom Jesus Christ has called to Himself.
၇ ရောမမြို့မှာနေထိုင်ကြတဲ့ လူတိုင်းဆီ ကျွန်တော် ဒီစာကို ရေးလိုက်ပါတယ်။ ဘုရားသခင်က သူ့ရဲ့ချစ်ခြင်းမေတ္တာကို ခင်ဗျားတို့အပေါ် ပြသခဲ့တယ်။ ဘုရားသခင်က ခင်ဗျားတို့ကို သူ့ဆီခေါ်ပြီးတော့ သန့်ရှင်းစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်တော်ဆီက ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့တွေ လက်ခံရရှိကြပါစေ။7 I am writing this letter to everyone who lives in Rome. God loves you, He has called you to Himself to be His holy people. God is our Father, and Jesus Christ is our Lord. May God fill you with His grace, and may Jesus bring peace to your hearts.
၈ ခင်ဗျားတို့တွေက ယေရှုကိုယုံကြည်ကြပြီးတော့ ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းကို ကမ္ဘာအနှံ့ ပြန့်နှံ့စေကြတယ်။ အဲ့ဒါကြောင့် အရင်ဦးဆုံး၊ ခင်ဗျားတို့အားလုံးအတွက်ကြောင့် ယေရှုခရစ်တော်နာမအားဖြင့် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်။8 First, in the name of Jesus Christ, I want to thank my God for all of you. People speak about your faith not only in Rome but far beyond the city.
၉ ဘုရားသခင်ရဲ့သားတော်အကြောင်း သတင်းကောင်းကို ဟောပြောတဲ့အခါ ကျွန်တော်က ဘုရားသခင်ကို ကျွန်တော့်ရဲ့စိတ်ဝိညာဉ်နဲ့အစေခံပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို သတိရတာ၊ ခင်ဗျားတို့အတွက် အမြဲမပြတ် ဆုတောင်းပေးတာ ဘုရားသခင်သိပါတယ်။9 God knows that I remember you. I constantly pray to God for you, whom I serve with my spirit when I preach the Good News about His Son.
၁၀ ခင်ဗျားတို့ကို ကျွန်တော် လာလည်ချင်ပေမဲ့ ဘုရားသခင်ဆီ သူ့ရဲ့အကြံအစည်တွေကို ကျွန်တော် အမြဲတမ်းတောင်းလျှောက်တယ်။10 Every time I pray for you, I ask God to give me an opportunity to visit you.
၁၁ ခင်ဗျားတို့ကို ခိုင်ခံ့စေမဲ့ဝိညာဉ်ဆုကျေးဇူးတစ်ခုကိုဝေမျှဖို့ ကျွန်တော်ဆန္ဒရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကို သိပ်တွေ့ချင်တယ်။11 I really want to see you so that I can share a spiritual gift with you that will make you stronger.
၁၂ ဒါဆို ကျွန်တော့်ရဲ့ယုံကြည်ခြင်းက ခင်ဗျားတို့ကို ခိုင်ခံ့စေပြီးတော့ ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းက ကျွန်တော့်ကို ခိုင်ခံ့စေလိမ့်မယ်။12 Then my faith will strengthen you, and your faith will strengthen me.
၁၃ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဆီ လာလည်ဖို့ ကျွန်တော် အကြိမ်ကြိမ်စီစဉ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိသင့်တယ်။ ဒါပေမဲ့ အခုထက်ထိ အတားအဆီးတစ်ချို့ကို ကျွန်တော် ရင်ဆိုင်နေရပါတယ်။ လူမျိုးခြားတွေကြား လုပ်ဆောင်ခဲ့တဲ့ ကျွန်တော့်အလုပ်ရဲ့ရလဒ်တွေကို တွေ့မြင်ရပါတယ်။ ပြီးတော့ ခင်ဗျားတို့ဆီကိုလည်း အကျိုးသက်ရောက်စေချင်တယ်။13 Brothers, you should know that I have planned many times to visit you, but each time something stopped me. I work among different nations. Now I want to serve you as well, so that I may see the results of my work among you also.
၁၄ ကျွန်တော်က ယဉ်ကျေးတဲ့လူမျိုးခြားတွေ၊ လူရိုင်းမျိုးနွယ်တွေ၊ ပညာတတ်တွေနဲ့ ပညာမတတ်တဲ့သူတွေကို ဟောပြောရမယ်။14 I must preach to everyone: to civilized Greeks and wild tribes, to educated people and uneducated people.
၁၅ အဲ့ဒါကြောင့် ခရစ်တော်အကြောင်း သတင်းကောင်းကို ရောမမြို့မှာနေထိုင်ကြတဲ့ ခင်ဗျားတို့ဆီကိုလည်း ယူဆောင်လာဖို့ ကျွန်တော့်မှာ ကြီးမားတဲ့ဆန္ဒတစ်ခု ရှိတယ်။15 That is why I really want to bring the Good News about Christ to you who live in Rome.
၁၆ ခရစ်တော်အကြောင်းသတင်းကောင်းကို ဖြန့်ဝေဖို့ ကျွန်တော် မကြောက်ဘူး။ ဒီသတင်းကို ကျွန်တော် ဟောပြောတဲ့အခါ ဘုရားသခင်က သူ့ရဲ့တန်ခိုးတော်နဲ့ အလုပ်လုပ်တယ်။ ဘုရားသခင်ရဲ့တန်ခိုးတော်က ယေရှုကို ယုံကြည်တဲ့သူတိုင်းကို ကယ်တင်တယ်ဆိုတာ ယုဒလူမျိုးတွေကို ပထမဆုံး ရည်ညွှန်းပေမဲ့ လူမျိုးခြားတွေကိုလည်း ရည်ညွှန်းတယ်။16 I am not afraid to spread the Good News about Christ, because it is the power of God. When I preach, God works through this power and saves all who believe in Jesus. First, this applies to the Jews. But it also applies to all other nations.
၁၇ ခရစ်တော်အကြောင်း သတင်းကောင်းကို ယုံကြည်တဲ့သူက ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို လက်ခံရရှိလိမ့်မယ်။ လူတစ်ယောက်က ဘုရားသခင်ကို ယုံကြည်နေသရွေ့ ဖြောင့်မတ်တယ်။ “ဖြောင့်မတ်တဲ့သူက ဘုရားသခင်ကို ယုံကြည်ပြီးတော့ ဘုရားသခင်အတွက် အသက်ရှင်တယ်” လို့ ကျမ်းစာက ပြောတယ်။17 The Good News shows that the way to God's righteousness begins with faith and continues with faith. That is why the Scripture says, “The righteous person will live by faith” (Habakkuk 2:4).
၁၈ ဒါပေမဲ့ ဘုရားမဲ့တွေက မကောင်းတာလုပ်ကြတယ်။ သူတို့တွေက သမ္မာတရားရဲ့အသံကို သူတို့ရဲ့ဆိုးယုတ်တဲ့လုပ်ဆောင်ချက်တွေနဲ့ တိတ်ဆိတ်စေကြတယ်။ ဒါကြောင့် ဘုရားသခင်က ကောင်းကင်ဘုံကနေ လူတွေရဲ့မယုံကြည်ခြင်းနဲ့ သူတို့ရဲ့ဆိုးညစ်တဲ့လုပ်ဆောင်ချက်တွေအားလုံးအပေါ် အမျက်ဒေါသထွက်လာတယ်။18 But those who live without God do evil, and by their actions they suppress the truth. That is why God pours out His wrath from heaven on those who act this way.
၁၉ ဘုရားသခင်ဟာ ဘယ်သူလဲဆိုတာ လူတွေက နားလည်နိုင်စွမ်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က သူ့အကြောင်းကို ဘယ်လိုသင်ယူလို့ရနိုင်သလဲဆိုတာ လူတွေဆီ ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်။19 People can learn about God because He has made it clear.
၂၀ ဘုရားသခင်က ဒီလောကကြီးကို ဖန်ဆင်းခဲ့တယ်။ ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကို လူတွေ ကြည့်ကြတဲ့အခါ ဖန်ဆင်းထားတဲ့အရာအားလုံးက မမြင်ရတဲ့ဘုရားသခင်ရဲ့အကြောင်း၊ ဘုရားသခင်ရဲ့အဆုံးအစမဲ့တန်ခိုးတော်နဲ့ ဘုရားသခင်ရဲ့စရိုက်လက္ခဏာတွေကို ရှင်းရှင်းလင်းလင်း ပြောပြနေပါတယ်။ ဒါကြောင့် ဘုရားသခင်တည်ရှိခြင်းအကြောင်းကို ကျွန်တော်မသိခဲ့ပါဘူးဆိုပြီး ဘယ်သူမှ ပြောလို့မရဘူး။20 Since God created this world, people have seen His creation. It clearly speaks of the invisible God, His eternal power, and His character. That is why no one will be able to justify himself and say that he did not know about the existence of God.
၂၁ ဘုရားသခင် တည်ရှိတယ်ဆိုတာ လူတွေ နားလည်ခဲ့ကြပါတယ်။ ဘုရားသခင်က ချီးမွမ်းခြင်းနဲ့ထိုက်တန်တယ်ဆိုတာ လူတွေ နားလည်ကြပါတယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင်ကို မချီးမွမ်းခဲ့ကြသလို ကျေးဇူးလည်းမတင်ခဲ့ကြဘူး။ လူတွေက မိုက်မဲတဲ့အကြောင်းအရာတွေကို စဉ်းစားကြလို့ သူတို့ရဲ့မိုက်မဲတဲ့နှလုံးသားထဲမှာ အမှောင်ထုပြည့်နေခဲ့တယ်။21 People knew that God exists, but they did not want to glorify Him and thank Him. Instead, they began to think about foolish things, and darkness filled their foolish hearts.
၂၂ လူတွေက ကိုယ့်ကိုယ်ကို ပညာရှိလာတယ်လို့ ပြောကြပေမဲ့ တကယ်တမ်းမှာ သူတို့တွေက ရူးသွပ်လာခဲ့ကြတယ်။22 They called themselves wise, but actually they became fools.
၂၃ လူတွေက ထာဝရအသက်ရှင်တဲ့ဘုရားသခင်ကို ချီးမွမ်းချင်တဲ့ဆန္ဒ မရှိကြဘဲ၊ ခဏတာ အသက်ရှင်တဲ့ လူသားတစ်ယောက်လို ဘုရားသခင်ရဲ့ပုံသဏ္ဍာန်ကို ပြုလုပ်ခဲ့ကြတယ်။ လူတွေက ငှက်တွေ၊ တိရိစ္ဆာန်တွေ၊ မြွေတွေပုံသဏ္ဍာန် ရုပ်တုဆင်းတုတွေကိုလည်း ပြုလုပ်ခဲ့ကြတယ်။23 People did not want to give glory to the immortal God. Instead, they began to create images of God in the form of a mortal man. They also made idols in the form of birds, animals, and snakes.
၂၄ ဒါကြောင့် ဘုရားသခင်က သူတို့ရဲ့နှလုံးသားထဲမှာ တပ်မက်မှုအလိုဆန္ဒတွေနဲ့ပြည့်စေတဲ့ လူတွေရဲ့အဝေးကို လှည့်ထွက်သွားခဲ့တယ်။ လူတွေက အကျင့်စာရိတ္တပျက်တဲ့အသက်တာနဲ့ စတင်အသက်ရှင်လာကြပြီးတော့ သူတို့ရဲ့ကိုယ်ခန္ဓာတွေနဲ့ အရှက်ရစရာတွေ လုပ်ဆောင်ခဲ့ကြတယ်။24 That is why God turned away from people. They filled their hearts with sinful desires, started living an immoral lifestyle, and did shameful things with their bodies.
၂၅ ဘုရားသခင်က ဒီလောကကြီးကို ဖန်ဆင်းခဲ့တာဖြစ်လို့ ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်။ အာမင် - ပြည့်စုံပါစေ။ ဒါပေမဲ့ လူတွေက ဘုရားသခင်ရဲ့သမ္မာတရားကို အလိမ်အညာနဲ့ အစားထိုးခဲ့ကြတယ်။ လူတွေက ဖန်ဆင်းရှင်အစား ဖန်ဆင်းခံရတဲ့အရာကို အစေခံပြီးကိုးကွယ်ခဲ့ကြတယ်။25 People rejected God’s truth and believed lies. They began to worship and serve creation instead of the Creator, who is worthy of eternal glory. Amen.
၂၆ အဲ့ဒါကြောင့် ဘုရားသခင်က လူတွေရဲ့အဝေးကို လှည့်ထွက်သွားပြီးတော့ လူတွေက သူတို့ကိုယ်သူတို့ ရှက်စရာကောင်းတဲ့အလိုဆန္ဒတွေနဲ့ ပြည့်စေခဲ့ကြတယ်။ မိန်းမတွေက ယောကျ်ားတွေနဲ့ သဘာဝဆက်ဆံခြင်းတွေအစား သဘာဝမဟုတ်တဲ့ ဆက်ဆံခြင်းတွေနဲ့ အစားထိုးခဲ့ကြတယ်။26 That is why God turned away from people, and they followed their shameful desires. Women replaced natural relations with men for unnatural ones.
၂၇ ယောကျ်ားတွေကလည်း အဲ့ဒီအတိုင်းပဲ ပြုမူကြပြီးတော့ မိန်းမတွေနဲ့ သဘာဝအတိုင်းဆက်ဆံခြင်းကို ငြင်းပယ်ခဲ့ကြတယ်။ ယောကျ်ားတွေက တစ်ယောက်ကိုတစ်ယောက် တပ်မက်မှုအလိုဆန္ဒတွေနဲ့ တောက်လောင်ကြပြီးတော့ သဘာဝမဟုတ်တဲ့ လိင်မှုကိစ္စတွေကို ကျူးလွန်ခဲ့ကြတယ်။ သူတို့တွေက လွဲမှားခြင်းနောက်ကို လိုက်လျှောက်ကြလို့ သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံကြရလိမ့်မယ်။27 Men began to do the same. They abandoned natural relations with women. They burned with lustful desires for each other and began to engage in perverse acts. They fell into delusion. That is why they will receive the punishment they deserve and experience the consequences of their actions.
၂၈ လူတွေက ဘုရားသခင် ဘယ်သူလဲဆိုတာ မသိချင်ခဲ့ကြလို့ ဘုရားသခင်က သူတို့ရဲ့အဝေးကို လှည့်ထွက်သွားတယ်။ ဒီလိုနဲ့ လူတွေက ညစ်ညမ်းတဲ့လိင်မှုကိစ္စအကြောင်းကို စတင်စဉ်းစားလာကြပြီးတော့ တားမြစ်ထားတဲ့ မလုပ်သင့်မလုပ်အပ်တဲ့အရာကို လုပ်လာခဲ့ကြတယ်။28 People stopped paying attention to God and deliberately removed Him from their thoughts. That is why He turned away from them. Sin distorted their ability to understand the truth, and they started doing forbidden things.
၂၉ လူတွေက သူတို့ကိုယ်သူတို့ အပြစ်ပေါင်းစုံနဲ့ ပြည့်စေကြတယ်။ သူတို့တွေက လိင်ကိစ္စအကျင့်ပျက်မှုတွေမှာ ပါဝင်ကြတယ်။ ဆိုးယုတ်ပြီးတော့ လောဘကြီးကြတယ်။ သူတို့တွေက တခြားသူတွေကို မုန်းတီးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မနာလိုကြတယ်။ သူတို့တွေက ခိုက်ရန်ဖြစ်ကြတယ်၊ လိမ်လည်လှည့်ဖျားကြတယ်၊ ပြီးတော့ လူ့အသက်သတ်ခြင်းကို ကျူးလွန်ကြတယ်။ သူတို့တွေက တခြားသူ ဒုက္ခရောက်တဲ့အခါ ပျော်ကြတယ်။29 Such people indulge in various kinds of sins. They are filled with wickedness and greed. They envy one another, commit murder, quarrel, and deceive. They take pleasure when another person faces trouble.
၃၀ လူတွေက အတင်းအဖျင်းတွေဖြန့်ပြီးတော့ မမှန်မကန်စွပ်စွဲကြတယ်။ သူတို့တွေက ဘုရားသခင်ကို မုန်းတီးပြီးတော့ တခြားသူတွေအပေါ် ရက်စက်ကြမ်းကြုတ်ကြတယ်။ သူတို့တွေက ဝါကြွားကြပြီးတော့ သူတို့ကိုယ်သူတို့ မာနထောင်လွှားကြတယ်။ သူတို့တွေက မကောင်းတဲ့အစီအစဉ်ကို လုပ်ကြပြီးတော့ သူတို့ရဲ့မိဘတွေကို ဆန့်ကျင်ကြတယ်။30 They spread gossip and slander. They hate God and treat others cruelly. They boast and think they are better than others. They invent new ways to do evil and rebel against their parents.
၃၁ သူတို့တွေက မိုက်မဲတဲ့အရာတွေကိုလုပ်ကြပြီးတော့ သူတို့ရဲ့ကတိတွေကို ဖျက်ကြတယ်။ သူတို့တွေက ဘယ်သူ့ကိုမှ ချစ်ခြင်းမေတ္တာမထားကြဘူး။ သူတို့တွေက ရန်လိုပြီးတော့ ဘယ်သူ့ကိုမှ သနားညှာတာမှု မရှိကြဘူး။31 They act foolishly and break their promises. They love no one and have no pity for anyone.
၃၂ ဘုရားသခင်က လူတိုင်းအပေါ် တရားမျှတမှုနဲ့ တရားစီရင်တယ်ဆိုတာ ဒီလိုလူတွေက သိကြတယ်။ ဒီလိုကိစ္စတွေကို လုပ်တဲ့သူက သေထိုက်တယ်ဆိုတာ သူတို့တွေ သိကြတယ်။ ဒါပေမဲ့ သူတို့က ဘာပဲဖြစ်ဖြစ် အဲ့ဒီအရာတွေကို ဆက်လုပ်ကြတယ်။ ပြီးတော့ သူတို့လို လိုက်ပြီး ပြုမူတဲ့သူတွေကိုလည်း အားပေးထောက်ခံကြတယ်။32 Such people know that God judges every person justly. They know that those who engage in such deeds deserve death. But they still do evil and approve of those who act the same way they do.

အခန်းကြီး ၂

Chapter 2

၁ ခင်ဗျားက တခြားသူကို အပြစ်တင်ရှုတ်ချတဲ့အခါ ခင်ဗျားမှာ ဘာဆင်ခြေမှ ပေးစရာရှိမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူအပြစ်လုပ်သလို ခင်ဗျားလည်း အပြစ်လုပ်တယ်။ ဒါကြောင့် တခြားသူတွေကို အပြစ်တင်ရှုတ်ချတဲ့အခါ ခင်ဗျားက ကိုယ့်ကိုယ်ကို အပြစ်တင်ရှုတ်ချနေတာ ဖြစ်တယ်။1 If you judge another person, you cannot justify yourself, because you sin the same way as he does. That is why when you judge others, you condemn yourself.
၂ မကောင်းတဲ့လုပ်ရပ်တွေကို လုပ်တဲ့သူတွေအားလုံးအပေါ် ဘုရားသခင်က တရားမျှတမှုနဲ့ တရားစီရင်မယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။2 We know that God will justly judge all who do evil.
၃ ခင်ဗျားက တခြားလူတွေကို တရားစီရင်ပေမဲ့ သူတို့တွေလိုပဲ ခင်ဗျားလည်း အပြစ်လုပ်တယ်။ ခင်ဗျားက ဘုရားသခင်ရဲ့အပြစ်စီရင်ခြင်းနဲ့ လွတ်မြောက်မယ်လို့ ထင်သလား။3 But you judge others, yet you yourself sin the same way as they do. Do you think that you will escape God's judgment?
၄ ဘုရားသခင်ရဲ့ ကြီးမားတဲ့သနားကြင်နာခြင်းကို မထီမဲ့မြင်မပြုပါနဲ့။ ဘုရားသခင်က ခင်ဗျားကို ခွင့်လွှတ်ပြီးတော့ သူ့ရဲ့ကြီးမားတဲ့စိတ်ရှည်သည်းခံမှုကို ခင်ဗျားအပေါ် ပြသတဲ့အခါ မထီမဲ့မြင်မပြုပါနဲ့။ ဘုရားသခင်ရဲ့သနားကြင်နာမှုက ခင်ဗျားကို နောင်တတရားဆီ ဆွဲခေါ်နေတယ်ဆိုတာ နားမလည်ဘူးလား။4 Do not take lightly God's great kindness, because God forgives you and shows you great patience. Don't you understand that God's kindness leads you to repentance?
၅ ဒါပေမဲ့ ခင်ဗျားက ခေါင်းမာပြီးတော့ ခင်ဗျားရဲ့နှလုံးသားထဲမှာရှိတဲ့အပြစ်ကို နောင်တမရဘူး။ ခင်ဗျားက ကိုယ့်ကိုယ်ကို ဆန့်ကျင်ပြီးတော့ ဘုရားသခင်ရဲ့ အမျက်ဒေါသကို သိုလှောင်တယ်။ ဘုရားသခင်က ခင်ဗျားကို တရားမျှတမှုနဲ့ တရားစီရင်တဲ့နေ့မှာ သူ့ရဲ့အမျက်ဒေါသကို ဖော်ပြလိမ့်မယ်။5 But you are stubborn. You do not want to change your heart and abandon sin. That is why you are storing up God's wrath against yourself, which God will pour out on the day when He judges you justly.
၆ တရားစီရင်တဲ့နေ့မှာ လူတစ်ယောက်ချင်းစီတိုင်းက သူ့ရဲ့လုပ်ရပ်တွေနဲ့ ထိုက်တန်တဲ့အရာကို ဘုရားသခင်ဆီကနေ လက်ခံရလိမ့်မယ်။6 On the day of judgment, each person will receive from God what he deserves for his deeds.
၇ ကောင်းတဲ့အရာတွေကို သည်းခံလုပ်ဆောင်ပြီး ဘုရားသခင်ကို ချီးမွမ်းတဲ့သူကို ဘုရားသခင်က ထာဝရအသက်ပေးလိမ့်မယ်။ ဒီလိုလူက ဘုရားသခင်ကို ရိုသေလေးမြတ်ပြီးတော့ ထာဝရကာလကိုဝင်စားနိုင်ဖို့ အစွမ်းကုန် အားထုတ်ကြိုးစားတယ်။7 God will give eternal life to those who patiently do good and glorify Him. Such a person honors God and seeks eternity.
၈ ဒါပေမဲ့ ဘယ်သူမဆို တကိုယ်ကောင်းဆန်ဆန်ပြုမူပြီး ဘုရားသခင်ရဲ့သမ္မာတရားကို မနာခံဘဲ မကောင်းတဲ့လုပ်ရပ်တွေကို လုပ်တယ်ဆိုရင် ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသနဲ့ စိတ်ဆိုးမှုကို အဲဒီလူအပေါ်မှာ သွန်းလောင်းလိမ့်မယ်။8 But if someone acts selfishly, does not obey the truth, and does evil, then God will pour out His wrath and anger on such a person.
၉ လူတစ်ယောက်က မကောင်းတာလုပ်တယ်ဆိုရင် သူ့ရဲ့ဝိညာဉ်က ဒုက္ခဆင်းရဲခံရပြီး ခက်ခဲလှတဲ့အခြေအနေတွေနဲ့ အသက်ရှင်ရလိမ့်မယ်။ ဒါက ယုဒလူမျိုးတွေကို ပထမဆုံး ရည်ညွှန်းပေမဲ့ လူမျိုးခြားတွေကိုလည်း ရည်ညွှန်းတယ်။9 If a person does evil, his soul will suffer, and he will live in difficult circumstances. First, this applies to the Jews. But it also applies to all other nations.
၁၀ ဒါပေမဲ့ ကောင်းတာတွေကို လုပ်တဲ့သူက ဘုရားသခင်ရဲ့ဘုန်းကျက်သရေကို မြင်တွေ့ရလိမ့်မယ်။ လူတွေက သူ့ကို လေးစားကြပြီးတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှင်နေထိုင်ရလိမ့်မယ်။ ဒါက ယုဒလူမျိုးတွေကို ပထမဆုံး ရည်ညွှန်းပေမဲ့ လူမျိုးခြားတွေကိုလည်း ရည်ညွှန်းတယ်။10 But the one who does good will see God's glory. Such a person will be treated with respect, and he will find peace. First, this applies to the Jews. But it also applies to all other nations.
၁၁ ဘုရားသခင်က လူတွေအားလုံးကို တရားမျှတစွာနဲ့ ဆက်ဆံတယ်။11 God deals with everyone justly.
၁၂ ယုဒလူမျိုးမဟုတ်တဲ့ လူမျိုးခြားတွေမှာ မောရှေရဲ့ပညတ် မရှိခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က သူတို့ကို ပညတ်တော်အတိုင်း တရားစီရင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူမျိုးခြားတွေက အပြစ်လုပ်ကြတဲ့အတွက် သေဆုံးပျက်စီးကြလိမ့်မယ်။ ယုဒလူမျိုးတွေမှာ မောရှေရဲ့ပညတ်ရှိခဲ့ပေမဲ့ သူတို့လည်း အပြစ်လုပ်ပြီး ပညတ်ကို ချိုးဖောက်ခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်က ယုဒလူမျိုးတွေကို မောရှေရဲ့ပညတ်အတိုင်း တရားစီရင်လိမ့်မယ်။12 Other nations did not have the Law of Moses, so God will not judge them according to that Law. But they sinned anyway, and that is why they will perish. The Jews had the Law of Moses, but they also sinned and broke it. That is why God will judge the Jews according to the Law of Moses.
၁၃ တစ်စုံတစ်ယောက်က ပညတ်ချက်ကို နားထောင်ပေမဲ့ အပြစ်ထဲမှာ အသက်ရှင်နေတယ်ဆိုရင် ဒီလိုလူကို ဘုရားသခင်က တရားစီရင်လိမ့်မယ်။ မောရှေရဲ့ပညတ်ကို လိုက်နာတဲ့သူကိုပဲ ဘုရားသခင်က ဖြောင့်မတ်စေမယ်။13 If someone listens to the Law and still lives in sin, God will condemn that person. God will justify only the one who keeps the Law of Moses.
၁၄ ယေရှုကိုယုံကြည်တဲ့ လူမျိုးခြားတွေမှာ မောရှေရဲ့ပညတ် မရှိပါဘူး။ ဒါပေမဲ့ သူတို့တွေက ပညတ်ချက်က ပြောတဲ့အရာကို သဘာဝအတိုင်း လုပ်ဆောင်ကြတယ်။ သူတို့ရဲ့အတွင်းစိတ်ကနေ ပညတ်ချက်ကို သိထားကြတယ်။14 Other nations who have believed in Jesus do not have the Law of Moses. But they naturally do what that Law says. That is why they already know the Law within themselves.
၁၅ ဘုရားသခင်က ခရစ်တော်ကိုယုံကြည်တဲ့လူမျိုးခြားတွေရဲ့ နှလုံးသားထဲမှာ သူ့ရဲ့ပညတ်တော်ကို ရေးသားခဲ့တယ်။ အဲ့ဒါကြောင့် သူတို့ရဲ့အသိစိတ်က သူတို့ ကောင်းတာတွေကို လုပ်နေသလား၊ မကောင်းတာတွေကို လုပ်နေသလားဆိုတာ ပြောပြပေးတယ်။ တစ်ခါတလေ သူတို့ရဲ့ အတွေးတွေက သူတို့ကို စွပ်စွဲအပြစ်တင်ပြီးတော့၊ တချို့အခြေအနေမှာ သူတို့က မှန်တာလုပ်နေတယ်ဆိုတာ သူတို့ရဲ့အတွေးတွေက အတည်ပြုပေးတယ်။ လူမျိုးခြားတွေက သူတို့ရဲ့နှလုံးသားထဲမှာ ပညတ်တော် အလုပ်လုပ်တယ်ဆိုတာကို ဒီနည်းနဲ့ ဖော်ပြကြတယ်။15 God has written His Law in the hearts of those nations who have believed in Christ. That is why their conscience tells them if what they do is right or not. In one case, their thoughts accuse them. In another case, their thoughts confirm that they are acting correctly. In this way, people from other nations show that God's Law is at work in their hearts.
၁၆ ကျွန်တော်က ခရစ်တော်အကြောင်းသတင်းကောင်းကို ဟောပြောပါတယ်။ လူတွေရဲ့လျှို့ဝှက်တဲ့လုပ်ရပ်တွေကို ဘုရားသခင်က ယေရှုခရစ်တော်အားဖြင့် တရားစီရင်မဲ့နေ့ ရောက်လာမယ်ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ပြောချင်တယ်။16 I preach the Good News about Christ. I say that the day will come when God will judge the secret deeds of people through Jesus Christ.
၁၇ ခင်ဗျားက ကိုယ့်ကိုယ်ကို ယုဒလူမျိုးလို့ ခေါ်တယ်။ ခင်ဗျားက မောရှေရဲ့ပညတ်ကို သိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီးတော့ ဘုရားသခင်အပေါ် ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း အကြောင်းကို ဝါကြွားတယ်။17 You call yourself a Jew and comfort yourself that you know the Law of Moses. You proudly show off your faith in God.
၁၈ ဘုရားသခင် ဘာလုပ်ချင်သလဲဆိုတာ ခင်ဗျား သိပါတယ်။ ပညတ်ချက်က ဘာအကြောင်းကို သွန်သင်နေတာလဲဆိုတာ ခင်ဗျား နားလည်သလို မှန်ကန်တဲ့အရာတွေ ဘယ်လိုလုပ်ရမလဲဆိုတာ ခင်ဗျား သိပါတယ်။18 You know God’s will. You understand what the Law of Moses teaches, so you know how to do what is right.
၁၉ ခင်ဗျားက မျက်စိကန်းတဲ့သူကို လမ်းပြပေးနိုင်ပါတယ်ဆိုပြီး သေချာနေတယ်။ ခင်ဗျားက အမှောင်ထဲမှာ အသက်ရှင်တဲ့သူတွေအတွက် အလင်းဖြစ်တယ်ဆိုတာ ခင်ဗျား ယုံကြည်ခဲ့တယ်။19 You are confident that you can guide the blind. You are convinced that you are a light to those who live in darkness.
၂၀ ခင်ဗျားက ဆင်ခြင်စဉ်းစားဉာဏ်မရှိတဲ့သူတွေကို ဆုံးမပဲ့ပြင်နိုင်တယ်လို့ ခင်ဗျား ထင်နေတယ်။ ခင်ဗျားက မရင့်ကျက်တဲ့လူတွေကို သွန်သင်နိုင်တယ်ဆိုပြီး သေချာနေတယ်။ပြီးတော့ ခင်ဗျားက မောရှေရဲ့ပညတ်ချက်မှာ အသိပညာနဲ့ သမ္မာတရား ရှိတယ်ဆိုပြီး ပြောတယ်။20 You believe that you can correct those who lack wisdom. You are sure that you can teach those who are spiritually immature. You say that the Law of Moses contains knowledge and truth.
၂၁ ခင်ဗျားက တခြားသူတွေကို သွန်သင်ပေမဲ့ ကိုယ့်ကိုယ်ကို မသွန်သင်တာက ဘယ်လိုဖြစ်နိုင်တာလဲ။21 But how can this be? You teach others, but you do not teach yourself. You tell people not to steal, but you yourself steal.
၂၂ “မခိုးနဲ့” လို့ ခင်ဗျား ဟောပြောပေမဲ့ ခင်ဗျားက ခိုးတယ်။ “ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို သစ္စာမဖောက်နဲ့” လို့ ခင်ဗျား ပြောပေမဲ့ ခင်ဗျားက တခြားသူတွေနဲ့ အိပ်တယ်။ ခင်ဗျားက ရုပ်တုဆင်းတုတွေကို မုန်းပေမဲ့ လူမျိုးခြားတွေရဲ့ ဝတ်ပြုကျောင်းတွေကို လုယက်တယ်။22 You tell others not to commit adultery, but you yourself are unfaithful in marriage. You hate idols, but you rob pagan temples.
၂၃ ခင်ဗျားက မောရှေရဲ့ပညတ်ကို သိတယ်ဆိုပြီး မာနထောင်လွှားနေတယ်။ ဒါပေမဲ့ ခင်ဗျားက ပညတ်ချက်ကို ချိုးဖောက်ပြီး ဘုရားသခင်ကို အရှက်ရစေတယ်။23 You are proud of knowing the Law of Moses. But you break it, and in this way you dishonor God.
၂၄ ကျမ်းစာက “လူမျိုးခြားတွေက ခင်ဗျားတို့ကြောင့် ဘုရားသခင်ရဲ့နာမည်ကို ကျိန်ဆဲကြတယ်” ဆိုပြီး ဒီလိုလူတွေကို ပြောတယ်။24 Scripture says to such people: “Because of you, other nations get a wrong idea about God and speak evil of His name” (Isaiah 52:5, Ezekiel 36:20–23).
၂၅ ခင်ဗျားက မောရှေရဲ့ပညတ်ကို လိုက်နာတယ်ဆိုရင် အရေဖျားလှီးခြင်းက အဓိပ္ပါယ်ရှိတယ်။ ဒါပေမဲ့ ခင်ဗျားက ပညတ်ချက်ကို ချိုးဖောက်တယ်ဆိုရင် အရေဖျားလှီးခြင်းရဲ့အဓိပ္ပါယ် ပျောက်ဆုံးသွားပြီး ခင်ဗျားက အရေဖျားမလှီးတဲ့သူနဲ့ အတူတူဖြစ်သွားတယ်။25 Circumcision is meaningful if you keep the Law of Moses. But if you break this Law, circumcision loses its meaning, and you become the same as an uncircumcised person.
၂၆ အရေဖျားမလှီးတဲ့သူက ပညတ်တော်ရဲ့သတ်မှတ်ချက်တွေကို လိုက်နာတယ်ဆိုရင် ဘုရားသခင်က သူ့ကို အရေဖျားလှီးတဲ့သူအဖြစ် ဆက်ဆံလိမ့်မယ်။26 Suppose that an uncircumcised person keeps the requirements of the Law. In that case, God will treat him as if he were circumcised.
၂၇ ခင်ဗျားက အရေဖျားလှီးတဲ့ယုဒလူမျိုးတစ်ယောက် ဖြစ်တယ်။ ခင်ဗျားက ကျမ်းစာကိုသိပေမဲ့ မောရှေရဲ့ပညတ်ချက်ကို ချိုးဖောက်တယ်။ လူမျိုးခြားတွေက အရေဖျားလှီးခြင်းကို မလုပ်ဆောင်ကြဘူး။ ဒါပေမဲ့ အရေဖျားမလှီးတဲ့လူမျိုးခြားတစ်ယောက်က ပညတ်ချက်ကို လိုက်နာတယ်ဆိုရင် သူက အရေဖျားလှီးတဲ့ယုဒလူ ခင်ဗျားကို ရှုံ့ချလိမ့်မယ်။27 But you are a circumcised Jew. You know the Scriptures, but you still break the Law of Moses. Other nations do not practice circumcision. However, if an uncircumcised person keeps the Law, he will condemn you, a circumcised Jew.
၂၈ ယုဒမိသားစုထဲ မွေးဖွားခဲ့လို့ ခင်ဗျားက ယုဒလူမျိုးတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ကိုယ်ခန္ဓာကို အပြင်ပန်းကနေ ဖြတ်တောက်တယ်ဆိုရင် ခင်ဗျားရဲ့အရေဖျားလှီးခြင်းက စစ်မှန်မှာမဟုတ်ဘူး။28 A true Jew is not the one who was born into a Jewish family. True circumcision is not an outward sign that a person makes on his body.
၂၉ ပညတ်ချက်ထဲမှာရေးထားတဲ့စကားလုံးတိုင်းကို လိုက်နာရုံနဲ့ လူတစ်ယောက်ရဲ့နှလုံးသားက ပြောင်းလဲမသွားဘူး။ လူတစ်ယောက်က သူ့ရဲ့အတွင်းထဲကနေ ပြောင်းလဲတဲ့အခါ ယုဒလူမျိုးဖြစ်လာတယ်။ သန့်ရှင်းတဲ့ဝိညာဉ်တော်က စစ်မှန်တဲ့အရေဖျားလှီးခြင်းကို ပြုလုပ်ပေးပြီးတော့ အဲ့ဒါက နှလုံးသားထဲမှာ ဖြစ်ပျက်တယ်။ လူတွေက ဒီလိုမျိုးလူကို မချီးကျူးကြပေမဲ့ ဘုရားသခင်က ချီးကျူးလိမ့်မယ်။29 Instead, a true Jew is the one who has experienced an inner change. True circumcision is what the Holy Spirit does in a person’s heart. No one can change his own heart, even if he keeps letter by letter what is written in the Law of Moses. Such a person, whose heart has been changed by the Holy Spirit, receives praise from God, not from people.

အခန်းကြီး ၃

Chapter 3

၁ ဘာကများ ယုဒလူမျိုးကို သိပ်ထူးခြားစေတာလဲ။ ပြီးတော့ အရေဖျားလှီးခြင်းရဲ့အဓိပ္ပါယ်က ဘာလဲ။1 What is so special about the Jewish people? And what is the meaning of circumcision?
၂ ယုဒလူမျိုးတွေက လူမျိုးခြားတွေဆီကနေ အစစအရာရာ သိပ်ကွဲပြားခြားနားကြတယ်။ အကြီးမားဆုံးကွဲပြားခြားနားမှုကတော့ ဘုရားသခင်က သူ့ရဲ့စကားတော်ကို သူတို့ဆီ ယုံကြည်လွှဲအပ်ခဲ့တာဖြစ်တယ်။2 The Jews are very different from other nations in every way. But their greatest advantage is that God entrusted His Word to them.
၃ ဟုတ်ပါတယ်။ တချို့ယုဒလူမျိုးတွေက ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို ရပ်တန့်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မယုံကြည်မှုက ဘုရားသခင်ရဲ့သစ္စာရှိမှုကို ပယ်ဖျက်နိုင်မလား။3 Yes, some Jews have lost faith in God. But can their unbelief nullify God’s faithfulness?
၄ မပယ်ဖျက်နိုင်ပါဘူး။ လူသားတိုင်း လိမ်ညာနေကြပေမဲ့ ဘုရားသခင်က သမ္မာတရားကို ပြောတယ်။ ကျမ်းစာက ဘုရားသခင်အကြောင်းကို “ကိုယ်တော်ရဲ့စကားလုံးတွေအားလုံးက တရားမျှတပြီးတော့ လူတွေကို တရားစီရင်တဲ့အခါ တရားပလ္လင်မှာ ကိုယ်တော် အနိုင်ရလိမ့်မယ်” လို့ ပြောတယ်။4 Of course not. Every person lies, and only God speaks the truth. Scripture says about God, “All your words are just. And when you judge people, You will win” (Psalm 51:4).
၅ ဒါပေမဲ့ တစ်ချို့လူတွေက “ငါတို့အပြစ်တွေကြောင့် ဘုရားသခင်က ငါတို့ကို စိတ်ဆိုးတာ မတရားဘူး။ ငါတို့ အပြစ်လုပ်လေ ဘုရားသခင်က ပိုဖြောင့်မတ်လေဖြစ်နေတာ” လို့ ပြောကြတယ်။ ဒီလိုမျိုးလူတွေကို ကျွန်တော်တို့ ဘာပြန်ဖြေသင့်သလဲ။5 But some people say, “It is unfair if God pours out His wrath on us for our sins. The more we sin, the more righteous God appears.” What should I say to this?
၆ ဘုရားသခင်က လောကကြီးကို တရားစီရင်လိမ့်မယ်။ ဟုတ်တာပေါ့၊ ဘုရားသခင်က လူတွေကို သူတို့ရဲ့အပြစ်တွေကြောင့် စိတ်ဆိုးပိုင်ခွင့်ရှိတယ်။6 God will judge the world. Of course, it is right that God is angry with people because of their sins.
၇ ဒါပေမဲ့ တစ်ယောက်ယောက်က “ငါ မရိုးမသား ပြုမူတာက ဘုရားသခင်ရဲ့သမ္မာတရားကို ပိုထင်ရှားစေတယ်လေ။ ငါ အပြစ်လုပ်တယ်၊ ဒါပေမဲ့ ငါ့ရဲ့အပြစ်လုပ်ခြင်းက ဘုရားရဲ့ဘုန်းကို ထင်ရှားစေတယ်။ ဒါကြောင့် ဘုရားသခင်က ငါ့အပြစ်တွေကြောင့် ငါ့ကို တရားမစီရင်သင့်ဘူး” လို့ ငြင်းခုံနိုင်ပါတယ်။7 But someone argues, “When I do what is wrong, it makes God’s truth more clear. I sin, but this brings glory to God. That is why God should not judge me for my sins.”
၈ ဒီလိုလူတွေက “မကောင်းတာက ကောင်းဖို့အတွက် ပြောင်းသွားတာမို့လို့ ငါတို့က မကောင်းတာကို လုပ်မှာပဲ” လို့ ပြောကြတယ်။ ကျွန်တော်တို့က တခြားလူတွေကို ဒီလိုအသက်ရှင်နေထိုင်အောင် သွန်သင်တယ်ဆိုပြီး သူတို့က ကျွန်တော်တို့ကို မဟုတ်မမှန် စွပ်စွဲကြတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီလိုလူတွေကို တရားမျှတမှုနဲ့ တရားစီရင်လိမ့်မယ်။8 Such people say, “We will do what is evil, because evil brings good.” They slander us and say that we teach others to act this way. God will judge such people justly.
၉ ကျွန်တော်တို့က ယုဒလူမျိုးတွေဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူမျိုးခြားတွေထက် ပိုကောင်းကြသလား။ ပိုမကောင်းကြပါဘူး။ ယုဒလူမျိုးတွေနဲ့ လူမျိုးခြားတွေအားလုံးက အပြစ်တန်ခိုးအောက်မှာ ရှိကြတယ်ဆိုတာ ကျွန်တော်တို့ သက်သေပြခဲ့ပြီးပါပြီ။9 So, are we Jews better than other nations? Of course not. We have already proved that both Jews and the rest of the nations are under the power of sin.
၁၀ ကျမ်းစာက “ဖြောင့်မတ်တဲ့သူ ဘယ်သူမှမရှိဘူး။ တစ်ယောက်တောင်မှ မရှိဘူး။10 Scripture says, “There is no one who is righteous.
၁၁ နားလည်နိုင်တဲ့သူ ဘယ်သူမှမရှိဘူး။ ဘယ်သူမှ ဘုရားသခင်ကို မရှာကြဘူး။11 There is no one who is truly wise. No one seeks God.
၁၂ လူတွေအားလုံး ဘုရားသခင်ဆီကနေ လှည့်ထွက်ပြီး အားလုံးက အသုံးမကျတဲ့သူတွေ ဖြစ်လာကြတယ်။ ဘယ်သူမှ ကောင်းတာကို မလုပ်ကြဘူး။ တစ်ယောက်တစ်လေမှ မလုပ်ကြဘူး။12 All have turned away from the Lord. There is no one who meets His requirements. No one does good — not a single person. (Psalm 14:1–3, 53:1–3).
၁၃ သူတို့ရဲ့ပါးစပ်က သင်္ချိုင်းတစ်ခုလို ပွင့်နေပြီးတော့ အလိမ်အညာတွေကို ပြောကြတယ်။ သူတို့ရဲ့ စကားလုံးတွေက မြွေတစ်ကောင်ရဲ့အဆိပ်တွေလို အန္တရာယ်ရှိတယ်။13 Their words are like the stench from an open grave. They speak lies. Their speech is dangerous, like the venom of a viper. (Psalm 5:9, 140:3).
၁၄ သူတို့တွေက ကျိန်ဆဲတဲ့စကားတွေ ပြောပြီးတော့ ခါးသီးတဲ့စကားလုံးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စော်ကားပြောဆိုကြတယ်။14 They shower others with curses and offend with bitter words. (Psalm 10:7).
၁၅ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြတယ်။15 They are ready to kill each other.
၁၆ သူတို့တွေက သူတို့ရဲ့လမ်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပြီးတော့ စိတ်ဆင်းရဲမှုကို ဖြစ်စေကြတယ်။16 On their way, they destroy everything and bring misery.
၁၇ သူတို့တွေက တခြားသူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လို နေရမလဲဆိုတာ မသိကြဘူး။17 They do not know how to live in peace with others. (Isaiah 59:7–8).
၁၈ ပြီးတော့ သူတို့တွေက ဘုရားသခင်ကိုလည်း လုံးဝ မကြောက်ရွံ့ကြဘူး” လို့ပြောတယ်။18 They have no fear of God at all” (Psalm 36:1).
၁၉ ဘုရားသခင်က ယုဒလူမျိုးတွေဆီ သူ့ရဲ့ပညတ်ကို ပေးခဲ့တယ်။ ပြီးတော့ ယုဒလူမျိုးတွေက မောရှေပညတ်ရဲ့တန်ခိုးအောက်မှာ အသက်ရှင်ကြတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမဲ့ ပညတ်တရား စကားပြောတဲ့အခါ လူတိုင်းက တိတ်ဆိတ်ကြတယ်။ ကိုယ့်ကိုယ်ကို မှန်ကန်ကြောင်းပြဖို့ ဘယ်သူမှ ဘာကိုမှ မပြောနိုင်ကြဘူး။ ဒါကြောင့် လောကသားအားလုံးက ဘုရားသခင်ရှေ့မှာ အပြစ်ရှိလာကြတယ်။19 God gave His Law to the Jews. We know that they live under the authority of the Law of Moses. When this Law speaks, everyone becomes silent. No one can say anything in his own defense. The whole world becomes guilty before God.
၂၀ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို မောရှေရဲ့ပညတ် လိုက်နာတဲ့သူဆီ မပေးပါဘူး။ လူတွေအားလုံးက ပညတ်ကိုချိုးဖောက်ကြတယ်၊ ပညတ်တရားကြောင့် အပြစ်က ဘာလဲဆိုတာ လူတွေ နားလည်ကြပါတယ်။20 God does not give His righteousness to the one who keeps the Law of Moses. All people break this Law, so they understand what sin is.
၂၁ ဒါပေမဲ့ အခုတော့ ဘုရားသခင်က ကျွန်တော်တို့ကို မောရှေရဲ့ပညတ် လိုက်နာနေခြင်းကနေ လွှတ်မြောက်စေခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ဆီ ပေးတယ်။ ပညတ်တော်နဲ့ ပရောဖက်တွေက အဲ့ဒီ ဖြောင့်မတ်ခြင်းအကြောင်းကို ပြောခဲ့ကြတယ်။21 But now God sets us free from keeping the Law of Moses. He gives us His righteousness, which the Law of Moses and the prophets spoke about earlier.
၂၂ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းက ယေရှုခရစ်တော်ကို ယုံကြည်တဲ့သူတိုင်းနဲ့ သက်ဆိုင်တယ်။ ယုဒလူမျိုးနဲ့ လူမျိုးခြားတွေကြားမှာ ဘာကွဲပြားခြားနားခြင်းမှ မရှိဘူး။22 The righteousness of God belongs to all who believe in Jesus Christ. There is no difference between Jews and other nations.
၂၃ လူတိုင်းက အပြစ်လုပ်ကြတဲ့အတွက် ဘယ်သူမှ ဘုရားသခင်ရဲ့ဘုန်းကျက်သရေအနား ကပ်သွားလို့မရဘူး။23 All people have sinned, and no one can come close to the glory of God.
၂၄ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့ဆီ ပေးခဲ့တယ်။ ကျွန်တော်တို့တွေ အပြစ်ကနေလွတ်မြောက်ဖို့ ခရစ်တော်က သူ့ရဲ့အသွေးတော်နဲ့ ဆပ်ပေးခဲ့တယ်။24 But God gave us His righteousness by His grace. With His blood Christ paid for our freedom from sin.
၂၅ ယေရှုက ကျွန်တော်တို့ရဲ့အပြစ်တွေအတွက် သူ့ရဲ့အသွေးတော်နဲ့ဆပ်ပေးမဲ့ယဇ် ဖြစ်လာမယ်ဆိုတာ ဘုရားသခင် ကြိုတင်ဆုံးဖြတ်ခဲ့ပြီးသားဖြစ်တယ်။ ယေရှုကိုယုံကြည်တဲ့သူကို ယေရှုရဲ့အသွေးတော်က အပြစ်ကနေ သန့်ရှင်းစင်ကြယ်စေတယ်။ ခရစ်တော်ရဲ့ပေးဆပ်မှုအားဖြင့် ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပြသခဲ့တယ်။ လူတွေ အတိတ်က ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ဘုရားသခင်က ခွင့်လွှတ်ပေးခဲ့တယ်။25 God decided in advance that Jesus would become a sacrifice for sin and pay for our sins with His blood. The blood of Jesus cleanses from sin the one who believes in Him. Through the sacrifice of Christ God showed His righteousness and forgave the sins that people committed in the past.
၂၆ အဲ့ဒီအချိန်တုန်းက ဘုရားသခင်က သူ့ရဲ့ကြီးမားတဲ့စိတ်ရှည်ခြင်းကို ဖော်ပြခဲ့တယ်။ ပြီးတော့ အခုပစ္စုပ္ပန်ကာလမှာ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ခရစ်တော်အားဖြင့် ဖော်ပြတယ်။ ဘုရားသခင်က ဖြောင့်မတ်တယ်။ ပြီးတော့ ဘုရားသခင်က ယေရှုကိုယုံကြည်တဲ့သူဆီ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပေးတယ်။26 At that time God showed His great patience. At the present time He shows His righteousness through Christ. God is righteous, and He gives His righteousness to the one who believes in Jesus.
၂၇ ကျွန်တော်တို့က မောရှေပညတ်ကို လိုက်နာကြလို့ ဘုရားသခင်က ကျွန်တော်တို့ဆီ သူ့ရဲ့ဖြောင့်မတ်ခြင်းပေးခဲ့တယ်လို့ ဝါကြွားလို့ရမလား။ မရပါဘူး၊ ဒါက မဖြစ်နိုင်ပါဘူး။ အခု ကျွန်တော်တို့က ယုံကြည်ခြင်းရဲ့ပညတ်တော်နဲ့ အသက်ရှင်ကြတယ်ဆိုတာ ကျွန်တော်တို့တွေ ဝမ်းပန်းတသာ ပြောကြတယ်။27 Can we boast that we kept the Law of Moses, and that is why God gave us His righteousness? No, that is not possible. Now we gladly say that we live by the law of faith.
၂၈ လူတစ်ယောက်က ယေရှုကိုယုံကြည်လို့ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပေးခဲ့တာဖြစ်တယ်၊ မောရှေရဲ့ပညတ်ကိုလိုက်နာလို့ပေးခဲ့တာ မဟုတ်ဘူးဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချကြတယ်။28 We acknowledge that God gives His righteousness to a person because he believes in Jesus, not because he keeps the Law of Moses.
၂၉ ဘုရားသခင်က ယုဒလူမျိုးတွေကိုပဲ ဖန်ဆင်းခဲ့သလား။ မဟုတ်ပါဘူး၊ ဘုရားသခင်က လူမျိုးအားလုံးကို ဖန်ဆင်းခဲ့တယ်။29 Did God create only the Jewish people? Of course not! He created all nations.
၃၀ အရေဖျားလှီးတဲ့ယုဒလူမျိုးတစ်ယောက်က ယေရှုကိုယုံကြည်တယ်ဆိုရင် ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို အဲ့ဒီလူဆီ ပေးလိမ့်မယ်။ ပြီးတော့ အရေဖျားမလှီးတဲ့လူမျိုးခြားတစ်ယောက်က ယေရှုကိုယုံကြည်တယ်ဆိုရင် ဒီဘုရားသခင်ကပဲ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ဒီလူဆီ ပေးလိမ့်မယ်။30 So if a circumcised Jew believes in Jesus, God will give him His righteousness. The same God will give His righteousness to an uncircumcised person from another nation if he believes in Jesus.
၃၁ ခရစ်တော်ကို ကျွန်တော်တို့ ယုံကြည်တဲ့အခါ ကျွန်တော်တို့က မောရှေရဲ့ပညတ်ကို ပယ်ဖျက်လိုက်တယ်လို့ ဆိုလိုသလား။ မဟုတ်ပါဘူး။ ယုံကြည်ခြင်းအားဖြင့် လူတစ်ယောက်က ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို လက်ခံရရှိတယ်။ ပညတ်တော်က အဲ့ဒီဖြောင့်မတ်ခြင်းအကြောင်းကို ပြောခဲ့တာဖြစ်တယ်။31 Does our faith in Christ cancel the role that the Law of Moses played in God's plan? Of course not, because through faith in Jesus, a person receives the righteousness of God that the Law of Moses spoke about.

အခန်းကြီး ၄

Chapter 4

၁ ကျွန်တော်တို့ရဲ့အဘ အာဗြဟံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာကိုပြောရမလဲ။ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ဖြောင့်မတ်ခြင်းကိုရခဲ့တယ် ဆိုပါစို့။1 What should we say about our father Abraham? Suppose he earned righteousness through his own efforts.
၂ ဒီလိုဆို၊ အာဗြဟံက သူ့ရဲ့လုပ်ဆောင်မှုတွေအကြောင်း ဝါကြွားနိုင်ခဲ့လိမ့်မယ်။ နောက်ဆုံးမှာ သူ့ရဲ့ဖြောင့်မတ်ခြင်းကို သူ့ဟာသူရခဲ့လို့ သူက ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို မလိုအပ်တော့ဘူး။2 Then Abraham could boast about his works, because if he had earned his own righteousness, he would not have needed God’s righteousness.
၃ ဒါပေမဲ့ ကျမ်းစာက ဘာပြောသလဲ။ အာဗြဟံက ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ ဘုရားသခင်က အာဗြဟံရဲ့ယုံကြည်ခြင်းကိုတွေ့တဲ့အခါ ဖြောင့်မတ်ခြင်းကို လက်ဆောင်အဖြစ် ပေးခဲ့တယ်ဆိုပြီး ပြောထားတယ်။3 But what does Scripture say? “Abraham believed God. God saw his faith and gave him His righteousness” (Genesis 15:6).
၄ လူတစ်ယောက် အလုပ်လုပ်တဲ့အခါ သူ့ရဲ့အလုပ်အတွက် လုပ်အားခကို ရတယ်။ သူက သူ့ရဲ့ဆုလာဘ်နဲ့ ထိုက်တန်တယ်။ ဒီလုပ်အားခကို လက်ဆောင်အနေနဲ့ ရတာမဟုတ်ဘူး။4 The one who works receives a wage for his work. This is not a gift, but an earned payment.
၅ အပြစ်သားတစ်ယောက်က သူ့ရဲ့ဖြောင့်မတ်ခြင်းကိုရဖို့ ဒီလို မလုပ်ဆောင်နိုင်ပါဘူး။ ဒါပေမဲ့ သူသာ ဘုရားသခင်ကို ယုံကြည်တယ်ဆိုရင် ဘုရားသခင်က သူ့ရဲ့အပြစ်ကနေ လွတ်မြောက်စေလိမ့်မယ်။ ဘုရားသခင်က အပြစ်သားရဲ့ယုံကြည်ခြင်းကို မြင်ပြီးတော့ သူ့ရဲ့ဖြောင့်မတ်ခြင်းကို လက်ဆောင်အဖြစ်ပေးလိမ့်မယ်။5 A sinful person cannot earn righteousness through his actions. But if he believes in Jesus, God will set such a person free from sin. God will see his faith and give him His righteousness.
၆ လုပ်ဆောင်ချက်တွေအားဖြင့် ဖြောင့်မတ်ခြင်းနဲ့ မထိုက်တန်ခဲ့ပေမဲ့ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပေးတာခံရတဲ့သူဟာ ဘယ်လောက်တောင် ကောင်းကြီးမင်္ဂလာခံစားရတဲ့သူလဲဆိုတာ ရှင်ဘုရင်ဒါဝိဒ်ကလည်း ပြောတယ်။6 King David also calls blessed the person to whom God gives His righteousness, even though he did not deserve it by his actions,
၇ “သူ့ရဲ့ဆိုးညစ်တဲ့လုပ်ရပ်တွေကို ဘုရားသခင်က ခွင့်လွှတ်ပေးပြီးတော့ အပြစ်တွေကို သတိပေးခြင်းမခံရတဲ့သူကဟာ ကောင်းကြီးမင်္ဂလာ ခံစားရတဲ့သူဖြစ်တယ်။7 “Blessed is the person whose every wrong action God forgives, though he broke God’s law. Blessed is the person whose sins God does not remind him of.”
၈ သူ့ရဲ့အပြစ်ရှိခြင်းကို ဘုရားသခင် ယူဆောင်သွားခြင်းခံရတဲ့သူက ကောင်းကြီးမင်္ဂလာခံစားရတဲ့သူဖြစ်တယ်” လို့ ပြောတယ်။8 Blessed is the person whose guilt for sin God takes away” (Psalm 32:1–2).
၉ ဘုရားသခင်က ဒီကောင်းကြီးမင်္ဂလာကို ဘယ်သူ့ဆီ ပေးသလဲ။ အရေဖျားလှီးတဲ့ ယုဒလူမျိုးတွေဆီလား ဒါမှမဟုတ် အရေဖျားမလှီးတဲ့ လူမျိုးခြားတွေဆီလား။ အာဗြဟံက ဘုရားသခင်ကို ယုံကြည်ခဲ့တယ်ဆိုပြီး ကျွန်တော်တို့ ပြောကြတယ်။ ဘုရားသခင်က အာဗြဟံရဲ့ယုံကြည်ခြင်းကို တွေ့တဲ့အခါ သူ့ရဲ့ဖြောင့်မတ်ခြင်းကို အာဗြဟံဆီ ပေးခဲ့တယ်။9 Who does God give this blessing to? To a circumcised Jew or to an uncircumcised person from another nation? We say that Abraham believed God. God saw his faith and gave him His righteousness.
၁၀ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ဘယ်အချိန်မှာ အာဗြဟံဆီ ပေးခဲ့သလဲ။ အရေဖျားမလှီးခင်ကလား၊ အရေဖျားလှီးပြီး မှလား။ အာဗြဟံအရေဖျားလှီးခြင်းမခံရခင်မှာ ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်တဲ့သူလို့ ခေါ်ခဲ့‌တယ်။10 When did God do this? Before circumcision or after? God called Abraham a righteous person even before he was circumcised.
၁၁ ပြီးတော့ ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်ခြင်းပေးခဲ့ပြီးပြီဆိုတာ အရေဖျားလှီးခြင်းအားဖြင့် အတည်ပြုခဲ့တယ်။ အရေဖျားလှီးခြင်းက အာဗြဟံရဲ့ကိုယ်ပေါ်မှာ ဘုရားသခင် ရိုက်နှိပ်လိုက်တဲ့ ဖြောင့်မတ်ခြင်းတံဆိပ် ဖြစ်လာခဲ့တယ်။ အာဗြဟံက အရေဖျားမလှီးခင်ကတည်းက ဘုရားသခင်ကို ယုံကြည်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အာဗြဟံက အရေဖျားမလှီးတဲ့ယုံကြည်သူအားလုံးရဲ အဘ ဖြစ်လာခဲ့တယ်။ ဘုရားသခင်က သူတို့ရဲ့ယုံကြည်ခြင်းကို မြင်တွေ့တဲ့အခါ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ယုံကြည်သူတွေဆီ ပေးပါတယ်။11 And through circumcision, God confirmed that He had already given His righteousness to Abraham. Circumcision became a seal of righteousness that God placed on his body as a sign. But Abraham believed God even before circumcision. So Abraham became the father of all believers who have not been circumcised. God sees their faith and gives them His righteousness.
၁၂ အာဗြဟံက အရေဖျားလှီးသူတွေအားလုံးရဲ့အဘလည်း ဖြစ်လာပါတယ်။ အရေဖျားလှီးတဲ့ယုဒလူမျိုးတွေက အာဗြဟံရဲ့ခြေရာတွေကို လိုက်လျှောက်ကြရမယ်။ အရေဖျားမလှီးခင်တုန်းက အာဗြဟံ ယုံကြည်ခဲ့တဲ့အတိုင်း သူတို့တွေလည်း ယုံကြည်ကြရမယ်။12 Abraham also became the father of all who have been circumcised. But the circumcised Jews must follow in Abraham's footsteps. They must believe as Abraham believed even before circumcision.
၁၃ ဘုရားသခင်က အာဗြဟံကို ယုံကြည်ခြင်းအားဖြင့် သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပေးခဲ့တယ်။ ဘုရားသခင်က လောကကြီးတစ်ခုလုံးကို သူတို့အမွေဥစ္စာအဖြစ်ပေးမယ်လို့ အာဗြဟံနဲ့သူ့ရဲ့မျိုးဆက်တွေဆီ ကတိပေးခဲ့ပါတယ်။ အာဗြဟံက ဒီကတိကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိခဲ့တယ်။ မောရှေရဲ့ပညတ်ကို အခြေခံပြီး ရခဲ့တာမဟုတ်ဘူး။13 Through faith, God gave Abraham His righteousness. God promised Abraham and his descendants that He would give them the whole world as an inheritance. Abraham received this promise through faith, not on the basis of the Law of Moses.
၁၄ တကယ်လို့ ဘုရားသခင်က မောရှေရဲ့ပညတ် လိုက်နာတဲ့သူတွေကို သူ့ရဲ့အမွေဥစ္စာပေးမယ် ဆိုပါစို့။ ဒီလိုဆို ယုံကြည်ခြင်းက မလိုအပ်ပါဘူး။ ပြီးတော့ ယုံကြည်ခြင်းအားဖြင့် အာဗြဟံရရှိခဲ့တဲ့ ကတိတော်ကို ဘုရားသခင်က ပယ်ဖျက်ရလိမ့််မယ်။14 Suppose that God would give an inheritance to those who keep the Law of Moses. In that case, faith would not be needed. Then God would have to cancel the promise that Abraham received through faith.
၁၅ လူတွေက ပညတ်တော်ကို ချိုးဖောက်ကြလို့ ဘုရားသခင်က စိတ်ဆိုးလာတယ်။ ဒါပေမဲ့ ပညတ်တော်သာမရှိရင် အပြစ်ရှိခြင်းလည်း မရှိနိုင်တော့ပါဘူး။15 God pours out His wrath on people because they break His Law. But if there is no law, there is no guilt for wrongdoing.
၁၆ ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့ကတိတော်ကို ရရှိကြတာဖြစ်တယ်။ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်အားဖြင့် အဲ့ဒီလို လုပ်ဆောင်ပေးတာဖြစ်တယ်။ ကတိတော်က အာဗြဟံယုံကြည်ခဲ့သလိုယုံကြည်တဲ့ အာဗြဟံရဲ့မျိုးဆက်တွေ အားလုံးအထိ ကျယ်ပြန့်တယ်။ လူတစ်ယောက်က မောရှေရဲ့ပညတ်အတိုင်း အသက်ရှင်သလား၊ အသက်မရှင်ဘူးလားဆိုတာ အရေးမကြီးပါဘူး။ အာဗြဟံက ဘုရားသခင်ကို ယုံကြည်တဲ့ကျွန်တော်တို့အားလုံးရဲ့ဖခင် ဖြစ်လာပါတယ်။16 Through faith we receive God's promise. God does this by His grace. So this promise belongs to all the descendants of Abraham who believe as Abraham believed. And it does not matter whether a person lives according to the Law of Moses or not. Abraham became the father of all of us who believe in God.
၁၇ ကျမ်းစာက အာဗြဟံနဲ့ပတ်သက်ပြီး “ငါက မင်းကို လူမျိုးများစွာရဲ့ဖခင် ဖြစ်စေခဲ့တယ်” လို့ ပြောတယ်။ အာဗြဟံဟာ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ရပ်နေခဲ့ပြီး ဘုရားသခင်က သေပြီးတဲ့သူကို ပြန်အသက်ရှင်စေနိုင်တယ်ဆိုတာ ယုံကြည်ခဲ့တယ်။ ဘုရားသခင်က မတည်ရှိတဲ့အရာတွေကို တည်ရှိပြီးတဲ့အတိုင်း ပြောတယ်ဆိုတာ အာဗြဟံ ယုံကြည်ခဲ့တယ်။17 God said to Abraham, “I have made you the father of many nations” (Genesis 17:5). Abraham stood in God's presence and believed that God could bring the dead back to life. He believed that God speaks about things that do not exist as if they already exist.
၁၈ ဘုရားသခင်က “အာဗြဟံ၊ မင်းမှာ သားစဉ်မြေးဆက်တွေအများကြီး ရှိလိမ့်မယ်” လို့ပြောခဲ့တယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာတောင်မှ အာဗြဟံက ဆက်မျှော်လင့်ပြီး ယုံကြည်တယ်။ အဲ့ဒါကြောင့် အာဗြဟံက လူမျိုးများစွာရဲ့အဘ ဖြစ်လာခဲ့တယ်။18 God said to him, “Abraham, you will have many descendants.” Even when Abraham had no hope left, he kept hoping and believing. So he became the father of many nations.
၁၉ အာဗြဟံရဲ့ယုံကြည်ခြင်းက အားနည်းမသွားခဲ့ဘူး။ သူက အသက် ၁၀၀ ပြည့်ခါနီးနေပြီ သူ့ရဲ့ကိုယ်ခန္ဓာက အိုမင်းလာပြီဆိုတာ အာဗြဟံ မစဉ်းစားခဲ့ဘူး။ ဆာရာက အသက်ကြီးသွားပြီး ကိုယ်ဝန်မရနိုင်တော့ဘူးဆိုတာလည်း အာဗြဟံ မစဉ်းစားခဲ့ဘူး။19 Abraham's faith did not become weak. He did not think that he was almost 100 years old and no longer had the strength he had before. He also did not think that Sarah had become old and could not become pregnant.
၂၀ ဘုရားသခင်က သူ့ရဲ့ကတိတော်ကို ပြည့်စုံစေမယ်ဆိုတဲ့အပေါ် အာဗြဟံမှာ သံသယမရှိခဲ့လို့ အာဗြဟံက မယုံကြည်မှုကို ခွင့်မပြုခဲ့ဘူး။ ဆန့်ကျင်ဖက်အနေနဲ့၊ သူက ဘုရားသခင်ကို ချီးမွမ်းပြီး သူ့ရဲ့ယုံကြည်ခြင်းကို ပိုခိုင်မာစေခဲ့တယ်။20 Abraham did not doubt that God would fulfill His promise, so Abraham did not allow unbelief to enter his heart. Instead, he glorified God and made his faith stronger.
၂၁ ဘုရားသခင်က သူကတိထားတဲ့အရာကို ပြည့်စုံစေနိုင်တယ်ဆိုတာ အာဗြဟံ အပြည့်အဝယုံကြည်ခဲ့တယ်။21 Abraham was completely confident that God could fulfill everything He had promised.
၂၂ အဲ့ဒါကြောင့် ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို အာဗြဟံဆီ ပေးခဲ့တယ်။22 That is why God gave Abraham His righteousness.
၂၃ “ဘုရားသခင်က အာဗြဟံရဲ့ယုံကြည်ခြင်းကိုတွေ့ပြီး သူ့ရဲ့ဖြောင့်မတ်ခြင်းကို အာဗြဟံဆီ ပေးခဲ့တယ်” လို့ ကျမ်းစာက ပြောတယ်။ ဒါပေမဲ့ အဲ့ဒါက အာဗြဟံအကြောင်းကိုပဲ ရေးထားတာ မဟုတ်ဘူး။23 The Scripture says, “God saw Abraham’s faith and gave him His righteousness.” But this is written not only about Abraham.
၂၄ ကျမ်းစာက ယုံကြည်သူအားလုံးအကြောင်းကို အတူတူပဲပြောတယ်။ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်ကို သေခြင်းကနေ ပြန်အသက်ရှင်စေခဲ့တဲ့ ဘုရားသခင်ကို ကျွန်တော်တို့ ယုံကြည်ကြတယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို မြင်တွေ့တဲ့အခါ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ဆီ ပေးတယ်။24 The Scripture says the same thing about all believers. We believe in God who raised our Lord Jesus Christ from the dead. God sees our faith and gives us His righteousness.
၂၅ ကျွန်တော်တို့ အပြစ်တွေအတွက် ယေရှုက အပြစ်ဖြေရာယဇ်အဖြစ် သေခြင်းတရားဆီ အပ်နှံခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့တွေ လက်ခံရရှိနိုင်ဖို့ ခရစ်တော်ကို ပြန်အသက်ရှင်စေခဲ့တယ်။25 Jesus gave Himself as a sacrifice for our sins. But God raised Him from the dead so that we could receive God’s righteousness.

အခန်းကြီး ၅

Chapter 5

၁ ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိခဲ့ကြပြီးတော့ ဘုရားသခင်နဲ့ ပြန်ပြီး သင့်မြတ်ခဲ့ကြတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော် လုပ်ပေးခဲ့တဲ့အရာကြောင့် ဖြစ်တယ်။1 Through faith we have received God's righteousness, and now we are reconciled to God. This was made possible because of what our Lord Jesus Christ did for us.
၂ ကျွန်တော်တို့က ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့တွေ လက်ခံရရှိခဲ့တဲ့ ကျေးဇူးတော်ထဲမှာ အသက်ရှင်ကြပါတယ်။ ကျေးဇူးတော်က ကျွန်တော်တို့ဆီ ဝမ်းမြောက်ခြင်းကို ယူဆောင်လာပြီးတော့ ကျွန်တော်တို့က ဘုရားသခင်ရဲ့ဘုန်းကျက်သရေထဲကို ဝင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကို ပေးပါတယ်။2 We live in the grace that we have received through faith in Jesus. This grace fills us with joy and gives us confidence that one day we will enter God's glory.
၃ ကျွန်တော်တို့တွေက ဒုက္ခဆင်းရဲတွေ ဖြတ်သန်းနေရတဲ့အချိန်မှာတောင်မှ ဝမ်းမြောက်ကြပါတယ်။ စုံစမ်းစစ်ဆေးခြင်းတွေက ကျွန်တော်တို့ကို စိတ်ရှည်သည်းခံစေတယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။3 We rejoice even when we go through suffering. We know that trials teach us to be patient.
၄ ပြီးတော့ စိတ်ရှည်သည်းခံခြင်းက ခိုင်မာတဲ့စရိုက်လက္ခဏာကို ဖြစ်ပေါ်စေပါတယ်။ ခိုင်မာတဲ့စရိုက်လက္ခဏာရှိတဲ့သူတစ်ယောက်က ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားလိမ့်မယ်။4 And patience develops strong character in us. A person of strong character will rely on God completely.
၅ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ကိုးစားတဲ့သူက ဘယ်တော့မှ စိတ်ပျက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို သန့်ရှင်းတဲ့ဝိညာဉ်တော်ပေးခဲ့ပြီးတော့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ရဲ့နှလုံးသားကို ဖြည့်ပေးခဲ့တယ်။5 The one who relies on God will never be disappointed, because God has given us the Holy Spirit and poured out His love into our hearts.
၆ အတိတ်မှာ ကျွန်တော်တို့တွေက အပြစ်လုပ်ခဲ့ကြပြီးတော့ မျှော်လင့်ချက် မဲ့နေခဲ့ကြပေမဲ့ ဘုရားသခင်က ကျွန်တော်တို့အတွက် ခရစ်တော် အသေခံပေးရမဲ့အချိန်တစ်ခုကို သတ်မှတ်ခဲ့ပါတယ်။6 We rejected God and were unable to do what is right. But at the appointed time, Christ died for us, sinners.
၇ လူကောင်းတစ်ယောက်အတွက် ဖြစ်ရင်တောင်မှ တခြားလူအတွက် ကိုယ့်အသက်ကို အသေခံစွန့်လွှတ်ပေးချင်တဲ့သူရှိမလားဆိုတာ ကျွန်တော် သံသယဖြစ်မိပါတယ်။ ကိုယ့်အတွက် ကောင်းတာတွေအများကြီးလုပ်ပေးခဲ့တဲ့သူအတွက် အသေခံရဲတဲ့သူ တစ်စုံတစ်ယောက်တော့ ရှိနိုင်ပါတယ်။7 It is unlikely that anyone would want to give his life for another person, even if he is truly good. Perhaps someone would even dare to die for such a person who has done him a lot of good.
၈ ဒါပေမဲ့ ခရစ်တော်က ကျွန်တော်တို့တွေ အပြစ်ထဲ အသက်ရှင်နေခဲ့တဲ့အချိန်မှာ ကျွန်တော်တို့အတွက် အသေခံပေးခဲ့တယ်။ ဘုရားသခင်က ဒီနည်းနဲ့ ကျွန်တော်တို့ကို ဘယ်လောက်ထိချစ်သလဲဆိုတာ သက်သေပြခဲ့တယ်။8 But Christ died for us while we were still living in sin. In this way, God proved how much He loves us.
၉ ခရစ်တော်ရဲ့သွေးက ကျွန်တော်တို့ကို အပြစ်ကနေ သန့်စင်စေခဲ့ပြီးတော့ ဘုရားသခင်က ကျွန်တော်တို့ကို သူ့ရဲ့ဖြောင့်မတ်ခြင်း ပေးခဲ့တယ်။ ဒါကြောင့် ခရစ်တော်က ဘုရားသခင်ရဲ့အမျက်ဒေါသကနေ ကျွန်တော်တို့ကို ကယ်တင်မယ်ဆိုတာ အခု ကျွန်တော်တို့က စိတ်ချယုံကြည်မှုရှိကြတယ်။9 The blood of Christ has cleansed us from sin, and God has given us His righteousness. That is why we are now even more confident that Christ will save us from God's wrath.
၁၀ ဘုရားသခင်ရဲ့သားတော်က ကျွန်တော်တို့တွေ ဘုရားသခင်ရဲ့ရန်သူဖြစ်နေတဲ့အချိန်မှာ အသေခံပေးခဲ့ပြီးတော့ သူ့ရဲ့သေဆုံးခြင်းက ကျွန်တော်တို့ကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေခဲ့တယ်။ အခု ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်ပြီးတော့ ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြတယ်။ ခရစ်တော်က ကျွန်တော်တို့ဆီ အသက်ကို ပေးခဲ့ပြီးတော့ ကျွန်တော်တို့ကို သေခြင်းကနေ ကယ်တင်မယ်ဆိုတာ ကျွန်တော်တို့က စိတ်ချယုံကြည်မှုရှိကြတယ်။10 When God's Son died, He reconciled us to God, even though at that time we were still hostile to Him. But when we turned to God, we ourselves were reconciled to Him. That is why we now have even greater confidence that Christ will save us from death and give us life.
၁၁ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းရေးရရှိခဲ့လို့ အခု ကျွန်တော်တို့ဟာ ဘုရားသခင်ဆီမှာ ဝမ်းမြောက်ခြင်းရှိကြတယ်။11 We are so grateful to God for what Jesus Christ has done for us, because through Him we have been reconciled to God!
၁၂ အာဒံ အပြစ်လုပ်တဲ့အချိန်မှာ တစ်ယောက်သောသူအားဖြင့် လောကကြီးထဲကို အပြစ် ရောက်လာခဲ့တယ်။ ဒါကြောင့် လူတွေအားလုံးက အာဒံကြောင့် အပြစ်ကို စပြီးကျုးလွန်လာခဲ့ကြတယ်။ လူတစ်ယောက်ရဲ့အပြစ်ကြောင့် ဒီလောကကြီးထဲကို သေခြင်းတရား ရောက်လာခဲ့တယ်။ ဒါကြောင့် လူတွေအားလုံးက အာဒံကြောင့် စပြီး သေဆုံးလာခဲ့ကြတယ်။12 When Adam sinned, sin entered the world through one man. That is why since that time everyone has been born sinful. Along with sin, death entered the world. That is why because of Adam, everyone started dying.
၁၃ ဘုရားသခင်က မောရှေအားဖြင့် ပညတ်တော်ကို မပေးခင်ကတည်းကပင် လူတွေက အပြစ်ကျူးလွန်ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ပညတ်တော်မရှိခဲ့လို့ သူတို့ကို အပြစ်ရှိတယ်လို့ မသတ်မှတ်ခဲ့ဘူး။13 People sinned even before God gave the Law through Moses. But sin was not counted against them because there was no law that they could break.
၁၄ ဒါကြောင့် လူတွေက အာဒံနည်းတူ ဘုရားသခင်ရဲ့ပညတ်ကို မချိုးဖောက်နိုင်ခဲ့ကြပေမဲ့ အာဒံခေတ်ကနေ မောရှေခေတ်အထိ လူတွေ သေဆုံးနေခဲ့ကြတယ်။ သေခြင်းတရားက လောကကို အုပ်စိုးခဲ့တယ်။ အာဒံက လူတွေအားလုံးဆီ သေခြင်းတရားကို ယူလာပေးခဲ့သလိုပဲ ခရစ်တော်က လူတွေအားလုံးဆီ အသက်ကို ယူလာပေးခဲ့တယ်။14 That is why people could not go against God's command, as Adam did. But from the time of Adam to the time of Moses, people died, and death reigned over the world. And just as Adam brought death to all, so Christ brought life to all.
၁၅ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်ကို ကျွန်တော်တို့ဆီ ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ အာဒံရဲ့အပြစ်က ဆန့်ကျင်ဘက်ရလဒ်တွေကို ယူလာပေးခဲ့တယ်။ အာဒံ အပြစ်လုပ်တဲ့အချိန်မှာ တစ်ယောက်သောသူအားဖြင့် လူတွေများစွာ သေဆုံးခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်ကို လက်ဆောင်အဖြစ် ယေရှုခရစ်ကို ပေးခဲ့လို့ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ဖြောင့်မတ်ခြင်းကို များစွာသောလူတွေက တစ်ယောက်သောသူ ယေရှုခရစ်တော်အားဖြင့် ကြွယ်ဝစွာ လက်ခံရရှိခဲ့ကြတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ဖြောင့်မတ်ခြင်းက လူတွေရဲ့အပြစ်ထက် အများကြီးပို တန်ခိုးကြီးတယ်။15 What a huge difference there is between what Adam did and what God did for us! The sin of one man, Adam, brought death to all humanity. But another Man, Jesus Christ, brought life to all, because God's grace is far greater than Adam's sin.
၁၆ ခရစ်တော်အားဖြင့်ရတဲ့ ဖြောင့်မတ်ခြင်းလက်ဆောင်နဲ့ အာဒံရဲ့အပြစ်က ကွဲပြားခြားနားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်စေခဲ့တယ်။ ဘုရားသခင်က အာဒံကို အပြစ်တစ်ခုအတွက်နဲ့ အပြစ်စီရင်ခဲ့ပြီးတော့ လူတစ်ယောက်က လူသားမျိုးနွယ်အားလုံးကို အပြစ်ရှိစေခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ခရစ်တော်အားဖြင့် သူ့ရဲ့ကျေးဇူးတော်ကို လက်ဆောင်အဖြစ် ပေးခဲ့တယ်။ ဘုရားသခင်က လူသားအားလုံးကို အပြစ်တွေများစွာကနေ လွတ်မြောက်စေခဲ့ပြီးတော့ ကျေးဇူးတော်အားဖြင့် သူ့ရဲ့ဖြောင့်မတ်ခြင်းကို လူတွေဆီ ပေးခဲ့တယ်။16 There is the same huge difference between condemnation and justification. One sin of Adam made all humanity guilty, and the whole world came under God's condemnation. But through Christ, God gave all people His grace. He removed their guilt for all sins and gave them His righteousness.
၁၇ အာဒံ အပြစ်လုပ်ခဲ့လို့ လူတစ်ယောက်ကြောင့် လောကကြီးထဲမှာ သေခြင်းတရားက စိုးမိုးခဲ့တယ်။ ဒါပေမဲ့ ယေရှုခရစ်တော်အားဖြင့် ကြွယ်ဝတဲ့ကျေးဇူးတော်နဲ့ ဖြောင့်မတ်ခြင်းလက်ဆောင်ကို ကျွန်တော်တို့ လက်ခံရရှိခဲ့ကြပါတယ်။ တစ်ယောက်သောသူ ယေရှုခရစ်အားဖြင့် အသက်တာထဲမှာ ကျွန်တော်တို့က အုပ်စိုးရလိမ့်မယ်။ ခရစ်တော်က အသက်ကို ယူလာပေးခဲ့ပြီးတော့ အဲ့ဒါက သေခြင်းတရားထက် သာလွန်ကြီးမားတဲ့ အစွမ်းတန်ခိုးရှိတယ်။17 Because of the sin of one man, death reigned over the world. But through another Man, Jesus Christ, abundant grace and righteousness from God came into the world. Now all who receive this as a gift will reign in life through Jesus Christ.
၁၈ အာဒံ အပြစ်လုပ်တဲ့အခါ လူတစ်ယောက်က လူတွေအားလုံးကို အပြစ်ရှိစေခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်က ဖြောင့်မတ်စွာနဲ့ ပြုမူခဲ့လို့ လူတစ်ယောက်က လူတွေအားလုံးကို အပြစ်ကနေ လွတ်မြောက်စေခဲ့တယ်။ ခရစ်တော်က ဖြောင့်မတ်ခြင်းနဲ့ အသက်ကို လူတွေအားလုံးဆီ ပေးခဲ့တယ်။18 One sin of Adam brought condemnation to all people. But one righteous act of Jesus Christ brought God's righteousness and life to all people.
၁၉ အာဒံက ဘုရားသခင်ကို မနာခံခဲ့လို့ လူတစ်ယောက်ကြောင့် လူများစွာက အပြစ်သားတွေ ဖြစ်လာခဲ့ကြတယ်။ ဒါပေမဲ့ ခရစ်တော်က ဘုရားသခင်ကို နာခံခဲ့လို့ လူတစ်ယောက်ကြောင့် လူများစွာက ဖြောင့်မတ်တဲ့သူတွေ ဖြစ်လာကြလိမ့်မယ်။19 Adam disobeyed God, so because of one man all became sinners. But another man, Jesus Christ, obeyed God. Now because of Him, many will become righteous.
၂၀ အာဒံ အပြစ်လုပ်ခဲ့လို့ နောက်ပိုင်းမှာ ဘုရားသခင်က မောရှေကတစ်ဆင့် ပညတ်တော်ကို ပေးခဲ့တယ်။ လူတွေက ပညတ်တော်ကို ချိုးဖောက်ကြတဲ့အခါ သူတို့ အပြစ်တွေဘယ်လောက် လုပ်ခဲ့ကြသလဲဆိုတာ နားလည်နိုင်ခဲ့ကြတယ်။ လူတွေက ပိုပိုပြီး အပြစ်လုပ်ခဲ့ကြပြီးတော့ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်ကို ကြီးမားကြွယ်ဝစွာ ပေးခဲ့တယ်။20 When Adam sinned, sin entered the world, though there was no Law yet. But later God gave His Law through Moses. When people broke this Law, they understood how many sins they were committing. People sinned more and more, and then God gave His grace in great abundance.
၂၁ အပြစ်က လူတွေအားလုံးအပေါ် အုပ်စိုးပြီးတော့ သူတို့ဆီ သေခြင်းတရားကို ယူလာခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျေးဇူးတော်က ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းအားဖြင့် အုပ်စိုးတယ်။ ကျေးဇူးတော်က ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ဆီ ထာဝရအသက်ကို ယူလာပေးခဲ့တယ်။21 In the past, sin reigned over all people and brought them death. But now grace reigns through God's righteousness and leads us to eternal life through our Lord Jesus Christ.

အခန်းကြီး ၆

Chapter 6

၆း၁ လူတစ်ချို့က “ကျွန်တော်တို့တွေ အပြစ်ဆက်လုပ်နေမှ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်ကို ပိုပိုပြီးပေးမှာ” လို့ ပြောကြတယ်။ ဒါပေမဲ့ ဒါက မမှန်ဘူး။1 Some people say, “If we keep sinning, God will give us even more of His grace.” But of course, this is not true.
၂ ကျွန်တော်တို့ရဲ့ အပြစ်လုပ်တတ်တဲ့ဇာတိက သေသွားခဲ့တယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့က အပြစ်ထဲမှာ ဆက်နေနိုင်ကြတာလဲ။2 We have died to sin. How can we keep living in it?
၃ ကျွန်တော်တို့အားလုံးက ရေနှစ်ခြင်းဗတ္တိဇံကို ခံခဲ့ကြတယ်။ ရေနှစ်ခြင်းဗတ္တိဇံက ကျွန်တော်တို့ကို ယေရှုခရစ်တော်နဲ့ရော သူ့ရဲ့အသေခံခြင်းနဲ့ပါ ပေါင်းစည်းစေတယ်ဆိုတာ ခင်ဗျားတို့ သိကြပါတယ်။3 Don't you know? When we were baptized in water, we were all united with Jesus Christ in His death.
၄ ရေနှစ်ခြင်းဗတ္တိဇံခံနေတဲ့အချိန်မှာ ကျွန်တော်တို့က ရေအောက်ကို ရောက်သွားခဲ့ကြတယ်။ အဲ့ဒါက ကျွန်တော်တို့ဟာ ခရစ်တော်နဲ့အတူ ကိုယ့်ကိုယ်ကို မြေမြှုပ်သြင်္ဂိုလ်ခဲ့ကြတယ်လို့ ဆိုလိုတယ်။ ဗတ္တိဇံခံခြင်းက ကျွန်တော်တို့ကို ခရစ်တော်ရဲ့အသေခံခြင်းနဲ့ ပေါင်းစည်းပေးခဲ့တယ်။ ဒါပေမဲ့ ခမည်းတော်ဘုရားသခင်က သူ့ရဲ့ဘုန်းတော်ကို ထင်ရှားစေပြီးတော့ ခရစ်တော်ကို သေခြင်းကနေ ပြန်ထမြောက်စေခဲ့တယ်။ ဗတ္တိဇံခံတဲ့အခါ ကျွန်တော်တို့လည်း ရေထဲကနေ ပြန်ထခဲ့ကြတယ်။ အဲ့ဒါက ကျွန်တော်တို့ဟာ ခရစ်တော်နဲ့အတူ ရှင်ပြန်ထမြောက်ခြင်းကို ရကြပြီလို့ ဆိုလိုတယ်။ အခု ကျွန်တော်တို့တွေက အသက်တာအသစ်နဲ့ အသက်ရှင်နေထိုင်ကြပါတယ်။4 During baptism, we went under the water. This was a sign that we died, just as Jesus died. But God the Father showed His glory when He raised Christ from the dead. That is why during baptism, we also rose from the water. This was a sign that we were resurrected, like Jesus, and now we live a new life.
၅ ရေနှစ်ခြင်းဗတ္တိဇံက ကျွန်တော်တို့ကို ခရစ်တော်ရဲ့အသေခံခြင်းနဲ့ ပေါင်းစည်းစေခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ရေနှစ်ခြင်းဗတ္တိဇံက ကျွန်တော်တို့ကို ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ ပေါင်းစည်းစေခဲ့ပါတယ်။5 Water baptism united us with the death of Jesus. And, of course, it also united us with His resurrection.
၆ ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာ အသက်ရှင်ခဲ့တဲ့ အပြစ်ကနေ လွတ်မြောက်ခြင်း ရရှိခဲ့ကြတယ်။ အခု ကျွန်တော်တို့က ကျွန်တွေလို အပြစ်ကို မနာခံကြတော့ဘူး။ ကျွန်တော်တို့အတွင်းလူရဲ့ အပြစ်လုပ်တတ်တဲ့ဇာတိဟောင်းကို ခရစ်တော်နဲ့အတူ လက်ဝါးကားတိုင်ပေါ်မှာ အသေသတ်ခဲ့ကြပြီဆိုတာ ကျွန်တော်တို့ သိကြပါတယ်။6 We know that together with Christ we crucified the old sinful nature of our inner person. That is why sin has no power over us, and we are no longer subject to it as slaves.
၇ သေတဲ့သူတစ်ယောက်က အပြစ်ကနေ လွတ်မြောက်ခြင်းရရှိခဲ့လို့ အပြစ်မလုပ်နိုင်ဘူး။7 We have died to sin. The one who has died is free from the power of sin.
၈ ကျွန်တော်တို့က ခရစ်တော်နဲ့အတူ သေဆုံးခဲ့ကြတယ်။ ကျွန်တော်တို့လည်း ခရစ်တော်နဲ့အတူ အသက်ရှင်ကြမယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ကြတယ်။8 We have died with Christ. And we believe that we will also live with Christ.
၉ ခရစ်တော်က သေခြင်းကနေ ပြန်ထမြောက်ပြီးတော့ ဘယ်တော့မှ မသေတော့ဘူးဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ သေခြင်းတရားက ခရစ်တော်အပေါ် သြဇာအာဏာဆုံးရှုံးသွားတယ်။9 We know that Christ has been raised from the dead. He will never die again, because death has lost its power over Him.
၁၀ ခရစ်တော်က တစ်ကြိမ် အသေခံခဲ့ပြီးတော့ ကျွန်တော်တို့ကို အပြစ်ကနေ လွတ်မြောက်ခြင်းကို ပေးခဲ့တယ်။ အခု ခရစ်တော်က အသက်ရှင်နေပြီးတော့ သူ့ရဲ့အသက်ရှင်ခြင်းက ဘုရားသခင်နဲ့ သက်ဆိုင်တယ်။10 Christ died to conquer sin once and for all. But He rose again, and now His whole life belongs to God.
၁၁ ဒါကြောင့် ခင်ဗျားတို့က အပြစ်အတွက်သေသွားတဲ့လူလွတ်တစ်ယောက်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ထင်မှတ်ကြပါ။ အခု ခင်ဗျားတို့က ဘုရားသခင်အတွက် အသက်ရှင်ကြပြီးတော့ ခင်ဗျားတို့ရဲ့အသက်က ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်နဲ့ သက်ဆိုင်တယ်လို့လည်း ထင်မှတ်ကြပါ။11 That is why you should also think of yourselves as dead to sin. Remember that you now live for God, and your life belongs to our Lord Jesus Christ.
၁၂ အပြစ်တရားက ခင်ဗျားတို့ရဲ့သေတတ်တဲ့ခန္ဓာကိုယ်ကို မအုပ်စိုးရဘူး။ အပြစ်တရားက ခင်ဗျားတို့ကို တပ်မက်မှုအလိုဆန္ဒတွေဖြစ်စေတဲ့အခါ မနာခံကြနဲ့။12 Do not let sin reign in your mortal body. And do not obey your sinful desires.
၁၃ ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာကို အပြစ်ရဲ့တန်ခိုးဆီ မပေးကြနဲ့။ ခင်ဗျားတို့ အပြစ်လုပ်ကြတယ်ဆိုရင် ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာက မကောင်းမှုကို အစေခံတဲ့ လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်။ အတိတ်မှာတုန်းက ခင်ဗျားတို့ရဲ့အပြစ်တွေက ခင်ဗျားတို့ကို သေစေခဲ့ပေမဲ့ အခုချိန်မှာတော့ ခင်ဗျားတို့က သေခြင်းကနေ ပြန်ရှင်လာခဲ့ကြတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့အသက်ကို ဘုရားသခင်ဆီ ပေးအပ်ပြီးတော့ ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာကို ဖြောင့်မတ်ခြင်းကိုအစေခံတဲ့ လက်နက်တစ်ခု ဖြစ်စေကြပါ။13 In the past, you were spiritually dead because of your sins, but now God has given you life. That is why do not surrender your body to the power of sin. Otherwise, your body will become an instrument that serves evil. Instead, dedicate your life to God, so that your body may become an instrument that serves righteousness.
၁၄ ဘုရားသခင်က ခင်ဗျားတို့ကို မောရှေရဲ့ပညတ် လိုက်နာခြင်းကနေ လွတ်မြောက်စေခဲ့ပြီးတော့ ကျေးဇူးတော်ကို ပေးခဲ့တယ်။ အဲ့ဒါကြောင့် အပြစ်က ခင်ဗျားတို့ကို မအုပ်စိုးသင့်ဘူး။14 God has set you free from keeping the Law of Moses and given you His grace. That is why sin should no longer rule over your life.
၁၅ ကျွန်တော်တို့က မောရှေရဲ့ပညတ်အတိုင်း အသက်ရှင်ကြတာမဟုတ်ဘဲ ကျေးဇူးတော်နဲ့ အသက်ရှင်ကြတာဖြစ်တယ်။ ဒါပေမဲ့ ကျေးဇူးတော်နဲ့ အသက်ရှင်တယ်ဆိုတာ ကျွန်တော်တို့တွေက အပြစ်ထဲမှာ အသက်ရှင်လို့ရတယ်လို့ မဆိုလိုဘူး။15 Consider this: if we live by grace, and not by the Law of Moses, does that mean we can sin? Of course not!
၁၆ ခင်ဗျားတို့က ခင်ဗျားတို့ နာခံလိုက်တဲ့အရာတွေရဲ့ကျွန်တွေ ဖြစ်လာကြတယ်ဆိုတာ နားမလည်ကြဘူးလား။ အပြစ်ကို နာခံလိုက်တယ်ဆိုရင် ခင်ဗျားတို့က အပြစ်ရဲ့ကျွန်တွေဖြစ်လာပြီးတော့ အပြစ်က ခင်ဗျားတို့ကို အသေသတ်လိမ့်မယ်။ ဘုရားသခင်ကို နာခံကြတယ်ဆိုရင် ခင်ဗျားတို့က ဖြောင့်မတ်ခြင်းရဲ့ကျွန်တွေ ဖြစ်လာပြီးတော့ ဖြောင့်မတ်ခြင်းက ခင်ဗျားတို့ဆီ အသက်ကို ယူလာပေးလိမ့်မယ်။16 Don't you understand? You become slaves to whatever you obey. If you obey sin, you become slaves of sin, and sin leads to death. But if you obey God, you become slaves of righteousness, and righteousness leads to life.
၁၇ ခင်ဗျားတို့တွေက အပြစ်ရဲ့ကျွန်ပြုမှုထဲမှာ အသက်ရှင်ခဲ့ဖူးကြတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံအတိုင်း လိုက်လျှောက်ပြီးတော့ ခရစ်တော်ရဲ့ သွန်သင်ချက်တွေကို ခင်ဗျားတို့ နှလုံးသားတစ်ခုလုံးနဲ့ နာခံကြတယ်။ အဲ့ဒါကြောင့် ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။17 In the past, you lived in slavery to sin. But now you have started following the teachings of Christ sincerely, so we thank God for you.
၁၈ အခု ခင်ဗျားတို့က အပြစ်ရဲ့ကျွန်ပြုမှုကနေ လွတ်မြောက်ကြပြီးတော့ ဖြောင့်မတ်ခြင်းရဲ့ အစေခံကျွန်တွေ ဖြစ်လာခဲ့ကြတယ်။18 You have been set free from slavery to sin and have become slaves to righteousness.
၁၉ ခင်ဗျားတို့တွေ အပြစ်ထဲမှာ နေခဲ့တဲ့အချိန်တုန်းက ခင်ဗျားတို့ရဲ့အသက်တာထဲကနေ ဥပမာတစ်ခု ပေးချင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့တွေက မကောင်းတာတွေလုပ်ဖို့ ခင်ဗျားတို့ကိုယ်ခန္ဓာတွေကို အကျင့်စာရိတ္တယိုယွင်းမှုရဲ့ကျွန်ပြုမှုနဲ့ မကောင်းမှုဆီ အပ်ခဲ့ကြတယ်။ အခုလည်း ဒီအတိုင်းပဲ သန့်ရှင်းတဲ့အကျင့်တွေကိုကျင့်ဖို့ ခင်ဗျားတို့ကိုယ်ခန္ဓာတွေကို ဖြောင့်မတ်ခြင်းရဲ့ကျွန်ပြုမှုဆီ ပေးအပ်ကြရမယ်။19 I will give you a simple example. In the past, you gave your bodies over to slavery to immorality and wickedness, and this led you to even greater wickedness. But now give your bodies over to slavery to righteousness and live holy lives.
၂၀ ခင်ဗျားတို့တွေ အပြစ်ရဲ့ကျွန်ဖြစ်ခဲ့ကြတုန်းက ဖြောင့်မတ်ခြင်းတရားကနေ လွတ်ခဲ့ကြတယ်။20 When you were slaves to sin, you were free from righteousness.
၂၁ ခင်ဗျားတို့ရဲ့ဆိုးယုတ်တဲ့လုပ်ရပ်တွေက ဆိုးယုတ်တဲ့ အသီးတွေကို သီးစေခဲ့တယ်။ အခုချိန်မှာ ခင်ဗျားတို့ကို အရှက်ရစေတဲ့အရာတွေကို ခင်ဗျားတို့တွေ လုပ်ခဲ့ကြတယ်။ ခင်ဗျားတို့ရဲ့ဆိုးယုတ်တဲ့အပြုအမူတွေက ခင်ဗျားတို့ကို သေခြင်းတရားဆီ ဦးဆောင်သွားခဲ့တယ်။21 What was so good about what you were doing at that time? Now you are ashamed of those actions, because all of it led you to death.
၂၂ ဒါပေမဲ့ အခုချိန်မှာ ခင်ဗျားတို့က ဘုရားသခင်ရဲ့အစေခံကျွန် ဖြစ်လာကြပြီးတော့ အပြစ်ကနေ လွတ်မြောက်လာခဲ့ကြတယ်။ ခင်ဗျားတို့တွေက ကောင်းတဲ့အပြုအမူတွေကို လုပ်ဆောင်ကြပြီးတော့ သန့်ရှင်းခြင်းရဲ့အသီးကို သီးကြတယ်။ သန့်ရှင်းခြင်းက ခင်ဗျားတို့ကို ထာဝရအသက်ဆီ ဦးဆောင်တယ်။22 But now you have been set free from sin and have become slaves of God. The result of your new life is holiness, and holiness leads you to eternal life.
၂၃ သေခြင်းတရားက အပြစ်အတွက် ပြစ်ဒဏ် ဖြစ်တယ်။ ဒါပေမဲ့ ထာဝရအသက်က ဘုရားသခင်ရဲ့လက်ဆောင်မွန် ဖြစ်တယ်။ ဒီထာဝရအသက်က ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်ဆီမှာ ရှိတယ်။23 The wages of sin are death. But the gift of God is eternal life in our Lord Christ Jesus.

အခန်းကြီး ၇

Chapter 7

၁ ညီအစ်ကိုတို့၊ မောရှေရဲ့ပညတ်သိတဲ့သူတွေကို ကျွန်တော်ပြောပါတယ်။ လူတစ်ယောက် အသက်ရှင်သမျှကာလပတ်လုံး သူ့အပေါ်မှာ ပညတ်တရားက တန်ခိုးသက်ရောက်နေပါတယ်။1 Brothers, I am speaking to those who know the Law of Moses. The Law has authority over a person only as long as he lives.
၂ အမျိုးသမီးတစ်ယောက် လက်ထပ်တဲ့အခါ မောရှေပညတ်က သူမနဲ့ သူမရဲ့ခင်ပွန်းကို ချည်နှောင်လိုက်ပါတယ်။ ဒါပေမဲ့ သူမရဲ့ခင်ပွန်း သေသွားတယ်ဆိုရင် ပညတ်တရားအရ သူမက လက်ထပ်ထားခြင်းကနေ လွတ်လပ်တဲ့သူဖြစ်လာတယ်။2 When a woman gets married, the Law binds her to her husband. But if the husband dies, according to the Law she becomes free from this marriage.
၃ တကယ်လို့ သူမရဲ့ခင်ပွန်း အသက်ရှင်နေတုန်း တခြားယောက်ျားတစ်ယောက်နဲ့ လက်ထပ်တယ်ဆိုရင် သူမက သစ္စာမရှိတဲ့သူ ဖြစ်လာလိမ့်မယ်။ ပြီးတော့ သူမမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့အပြစ် ရှိလိမ့်မယ်။ ဒါပေမဲ့ သူမရဲ့ခင်ပွန်း သေသွားတယ်ဆိုရင် ပညတ်တရားအရ သူမက လက်ထပ်ထားခြင်းကနေ လွတ်လပ်ပါတယ်။ တကယ်လို့ သူမက ဒုတိယအကြိမ်လက်ထပ်တယ်ဆိုရင် သစ္စာမဲ့တဲ့သူ ဖြစ်မှာမဟုတ်ဘူး။3 If she marries another man while her husband is still alive, she will be guilty of adultery. But if her husband dies, according to the Law she becomes free. That is why she will not be guilty if she marries again.
၄ ညီအစ်ကိုတို့၊ ကျွန်တော်ပြောချင်တာက ဒီလိုပါ။ ကားတိုင်ပေါ်မှာ ခရစ်တော် အသေခံခဲ့တဲ့အချိန်မှာ ခင်ဗျားတို့က ခရစ်တော်နဲ့အတူ သေသွားခဲ့ကြတယ်။ ပညတ်တရားက သေလူအပေါ်မှာ တန်ခိုးမရှိလို့ အခု ခင်ဗျားတို့က မောရှေရဲ့ပညတ်တရားနဲ့ မသက်ဆိုင်ကြတော့ဘူး။ ခင်ဗျားတို့က ဘုရားသခင် သေခြင်းကနေ ပြန်အသက်ရှင်စေခဲ့တဲ့ ခရစ်တော်နဲ့ သက်ဆိုင်ကြတယ်။ ဒါကြောင့် ခင်ဗျားတို့က ကောင်းတဲ့အရာတွေကို လုပ်သင့်တယ်။ ဒါဆို ခင်ဗျားတို့က ဘုရားသခင်ကို ကျေနပ်နှစ်သက်စေမဲ့ အသီးတွေကို သီးကြလိမ့်မယ်။4 Brothers, this is what I mean. When Christ died for us on the cross, you died with Him and lost your connection to the Law of Moses. The Law of Moses no longer has authority over your life. Now you belong to Christ, whom God raised from the dead. That is why live in such a way that your actions and character bring joy to God.
၅ အတိတ်ကာလမှာ ကျွန်တော်တို့က အပြစ်အကြောင်းကို တွေးတောခဲ့ကြပြီးတော့ ကျွန်တော်တို့ရဲ့ အပြစ်လုပ်တတ်တဲ့သဘာဝကို နာခံခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့အပြစ်လုပ်တတ်တဲ့အကျင့်တွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်ခဲ့တယ်။ မောရှေရဲ့ပညတ်က ကျွန်တော်တို့ လုပ်ခဲ့တဲ့အပြစ်တွေကို ညွှန်ပြခဲ့တယ်။ ကျွန်တော်တို့ရဲ့အပြစ်လုပ်တတ်တဲ့ အကျင့်တွေက ကျွန်တော်တို့ဘဝထဲမှာ သေခြင်းတရားကို ယူဆောင်လာခဲ့တဲ့ အသီးတွေကို သီးစေခဲ့တယ်။5 When we were under the authority of our sinful nature, sinful desires were at work in our bodies. The Law of Moses pointed out our sins to us, but the Law did not save us from them. We acted according to our sinful desires, which led us to death.
၆ ကျွန်တော်တို့က မောရှေရဲ့ပညတ်တရားကို စောင့်ထိန်းခဲ့ဖူးကြတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့က ပညတ်တရားဘက်မှာ သေဆုံးခဲ့ကြပြီးတော့ ပညတ်တရားဆီကနေ လွတ်မြောက်ခြင်း ရခဲ့ကြတယ်။ အတိတ်မှာ ကျွန်တော်တို့က ပညတ်တော်ထဲ မောရှေရေးခဲ့တဲ့ စကားလုံးတစ်လုံးချင်းစီတိုင်းကို လိုက်နာပြီး ဘုရားသခင်ကို အစေခံခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က နည်းလမ်းဟောင်းအတိုင်း ဘုရားသခင်ကို အစေမခံကြတော့ဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို သန့်ရှင်းတဲ့ဝိညာဉ်တော် ပေးခဲ့ပြီဖြစ်လို့ ကျွန်တော်တို့တွေက ဘုရားသခင်ကို နည်းလမ်းအသစ်နဲ့ အစေခံကြပါတယ်။6 We used to live according to the Law of Moses. But now we have died to the Law and have become free from its authority. There was a time when we followed the letter of the Law and fulfilled all its rules. In this way, we served God. But now we do not serve God in the old way. He has given us the Holy Spirit, and we serve God in a new way.
၇ အပြစ်နဲ့ မောရှေရဲ့ ပညတ်တရားအကြောင်းကို ကျွန်တော်တို့ ဘာပြောရမလဲ။ ဘုရားသခင်က သူ့ရဲ့ပညတ်တော်ကို ပေးခဲ့လို့ ကျွန်တော့်ဘဝထဲကို အပြစ် ရောက်လာတာလား။ မဟုတ်ပါဘူး။ ဒါပေမဲ့ ပညတ်တရားက ကျွန်တော့်ရဲ့အပြစ်တွေကို ညွှန်ပြခဲ့လို့ အပြစ်က ဘာလဲဆိုတာ ကျွန်တော် နားလည်နိုင်တာဖြစ်တယ်။ လိုချင်တပ်မက်ခြင်းအကြောင်းကို ပညတ်တော်ထဲမှာ မပြောခဲ့ဘူးဆိုရင် လိုချင်တပ်မက်ခြင်းက မှားနေတယ်ဆိုတာ ကျွန်တော် နားလည်မှာ မဟုတ်ဘူး။7 What should we say? Did sin come into my life because God gave us His Law? Of course not! But it was the Law of Moses that pointed out my sins to me, so I understood what sin is. If the Law of Moses had said nothing about envy, I would not even have understood that it is wrong to envy.
၈ ဒါပေမဲ့ ဘုရားသခင်ရဲ့ပညတ်တော်အကြောင်းကို ကျွန်တော်ကြားတဲ့အခါ ကျွန်တော်က အပြစ်လုပ်တယ်ဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ ပြီးတော့ အပြစ်က ကျွန်တော့်အထဲမှာရှိတဲ့ လိုချင်တပ်မက်ခြင်းနဲ့ဆိုင်တဲ့ ဆန္ဒအမျိုးမျိုးကို နိုးထစေခဲ့တယ်။ ဒါပေမဲ့ ပညတ်တော် မရှိခဲ့ရင် လူတွေက သူတို့အထဲမှာ အပြစ်က ရှင်သန်နေတယ်ဆိုတာ နားလည်ကြမှာ မဟုတ်ဘူး။8 When I heard God's commandment, I realized that I was sinning. And sin awakened various sinful desires in me. If there had been no Law, people would not have known that sin lived within them.
၉ အတိတ်မှာ ကျွန်တော်က ပညတ်တရား ရှိတယ်ဆိုတာ မသိဘဲ အသက်ရှင်နေထိုင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ပညတ်တော်ကို ကြားတဲ့အခါ အပြစ်က ကျွန်တော့်အထဲမှာ ရှင်သန်နေပြီးတော့ ကျွန်တော့်ရဲ့အပြစ်လုပ်တတ်တဲ့အပြုအမူတွေက ကျွန်တော့်ကို အသေသတ်နေတယ်ဆိုတာ သိနားလည်ခဲ့ရတယ်။9 In the past, I lived without understanding what the Law of Moses said about sin. That is why I did not realize that I was sinning. But when I understood what God's commandment taught, I saw that sin lived within me, and I was spiritually dead.
၁၀ ဘုရားသခင်က သူ့ရဲ့ပညတ်ချက်ကို ကျွန်တော် အသက်ရှင်ဖို့ ပေးခဲ့တယ်။ ဒါပေမဲ့ ပညတ်တော်က ကျွန်တော့်အပြစ်ကို ထောက်ပြခဲ့ပြီး အပြစ်က သေခြင်းတရားကို ကျွန်တော့်ဆီ ယူဆောင်လာခဲ့တယ်။10 God gave His commandment so that I could live. But the commandment pointed out my sin, and sin brought me death.
၁၁ ဘုရားသခင်ရဲ့ပညတ်ချက်ကို ကျွန်တော်ကြားတဲ့အခါ ပညတ်ချက်ကို ကျွန်တော် ချိုးဖောက်တဲ့အခါတိုင်း ကျွန်တော်က အပြစ်လုပ်နေတာပဲဆိုတာ သိနားလည်လာတယ်။ ဒါပေမဲ့ အပြစ်က ကျွန်တော့်ကို လှည့်ဖြားခဲ့တယ်။ အဲ့ဒါကြောင့် အပြစ်က ကျွန်တော့်ကို သတ်နေတာ မဟုတ်ဘူး ကျွန်တော့်ကို အသေသတ်နေတာ ဘုရားသခင်ရဲ့ပညတ်ချက်ဖြစ်တယ်လို့ ထင်ခဲ့တယ်။11 I heard God's commandment and realized that when I break it, I sin. But sin deceived me, and I started thinking that it was God's commandment killing me, not my sin.
၁၂ မောရှေရဲ့ပညတ်တော်ကို ဘုရားသခင်က ပေးခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ အဲ့ဒါကြောင့် ပညတ်တော်က သန့်ရှင်းတယ်။ ပညတ်ချက်တစ်ခုချင်းစီတိုင်းက လူတွေဆီ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းနဲ့ ကောင်းမြတ်ခြင်းတွေကို ယူဆောင်လာတယ်။12 We know that it was God who gave the Law of Moses, so this Law is holy. And every commandment of God is by its nature holy, just, and good.
၁၃ ဒါဆို ဘုရားသခင်ရဲ့ပညတ်တော်က ကျွန်တော့်ကို ကောင်းတာဖြစ်စေမဲ့အစား အသေသတ်ခဲ့တယ်လို့ ဆိုလိုနေသလား။ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အပြစ်လုပ်တတ်တဲ့အပြုအမူတွေက ကျွန်တော့်ကို အသေသတ်ခဲ့တာဖြစ်တယ်။ ပညတ်တော်ကို ကျွန်တော် ချိုးဖောက်တဲ့အခါ အပြစ်က ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ ကျွန်တော် သဘောပေါက်နားလည်လိုက်တယ်။ အပြစ်က ကောင်းတဲ့ပညတ်ချက်ကို အသုံးချပြီးတော့ သေခြင်းတရားကို ကျွန်တော့်ဆီ ယူလာခဲ့တယ်။13 Did the good commandment of God become the cause of my death? Of course not! It was sin that brought me death. Sin used God's good commandment and brought me spiritual death. When I break God's commandment, I see how terrible sin is.
၁၄ ပညတ်တရားက ဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေကို ပြောတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ အပြစ်ရဲ့ကျွန်ပြုမှုဆီ ရောင်းစားခံခဲ့ရလို့ ကျွန်တော်က အပြစ်ကို စဉ်းစားပြီးတော့ ကျွန်တော့်ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိကို နာခံတယ်။14 We know that it was God who gave the Law of Moses, so this Law is spiritual. But I am sold into slavery to sin, and I am under its authority.
၁၅ ကျွန်တော် ကိုယ့်ကိုယ်ကို နားမလည်ဘူး။ မှန်ကန်တာကို ကျွန်တော် လုပ်ချင်ပေမဲ့ အဲ့ဒါနဲ့ဆန့်ကျင်ပြီးတော့ ကျွန်တော် မုန်းတဲ့အရာတွေကို လုပ်နေတယ်။15 I do not understand myself. I want to do what is right. But instead, I do things that I hate.
၁၆ ဘုရားသခင်က လူတွေဆီ ကောင်းတာကို ယူဆောင်ပေးတဲ့ သူ့ရဲ့ပညတ်တော်ကို ပေးခဲ့တယ်ဆိုတာ ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့အရာတွေကို ကျွန်တော် မလုပ်ချင်ပေမဲ့ အဲ့ဒါတွေကို ကျွန်တော်လုပ်နေတယ်။16 I agree that God gave a good Law. But I still do what is wrong, even though I don't want to.
၁၇ ဒါဆို ဘာကများ ကျွန်တော့်ကို ဒီအပြုအမူတွေ လုပ်စေတာလဲ။ အပြစ်က ကျွန်တော့်အထဲမှာ ရှင်သန်နေပြီးတော့ အပြစ်က ကျွန်တော့်မှာရှိတဲ့ တန်ခိုးထက် ပိုစွမ်းနေတယ်။17 What does make me do these actions? Sin lives in me, and it is stronger than me.
၁၈ ကျွန်တော့်အထဲမှာ အပြစ်လုပ်တတ်တဲ့ဇာတိက အသက်ရှင်နေတယ်ဆိုတာ ကျွန်တော်သိတယ်။ အဲ့ဒီမှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူး။ ကောင်းတာလုပ်ဖို့ ဆန္ဒရှိပေမဲ့ အဲ့လိုလုပ်ဖို့ ကျွန်တော့်မှာ အစွမ်း မရှိဘူး။18 I know that there is nothing good in my sinful nature. I want to do what is right, but I don't have the strength to do it.
၁၉ ကောင်းတာကို ကျွန်တော် လုပ်ချင်ပေမဲ့ ကောင်းတာကို ကျွန်တော် မလုပ်ဘူး။ မကောင်းတာကို မလုပ်ချင်ပေမဲ့ မကောင်းတာကိုပဲ ကျွန်တော် လုပ်နေတယ်။19 I want to do what is good, but I don't do it. And I don't want to do evil, but I still do it.
၂၀ ကောင်းတဲ့အရာကို လုပ်ချင်ပေမဲ့ မှားနေတဲ့အရာကို ကျွန်တော် လုပ်နေမိတယ်။ အဲ့ဒီလို ဖြစ်နေရတာက ကျွန်တော့်အထဲမှာရှိတဲ့အပြစ်ကြောင့် ဖြစ်ပြီးတော့ အပြစ်ရဲ့တန်ခိုးက ကျွန်တော့်မှာရှိတဲ့ တန်ခိုးထက် ပိုစွမ်းနေလို့ ဖြစ်တယ်။20 I do what is wrong, even though I want to do what is right. This happens because sin lives in me, and it is stronger than me.
၂၁ အပြစ်ရဲ့ပညတ်တရားက ကျွန်တော့်အထဲမှာ အလုပ်လုပ်တယ်။ မှန်ကန်တာကို လုပ်ချင်တဲ့ဆန္ဒ ကျွန်တော့်မှာ ရှိတဲ့အခါ ကျွန်တော့်ရဲ့ အပြစ်လုပ်တတ်တဲ့ဇာတိကို မကျော်လွှားနိုင်ဘူး။21 I notice that when I want to do what is right, I cannot overcome my sinful nature and I do what is wrong.
၂၂ ညီအစ်ကိုတို့၊ ကျွန်တော်က မောရှေရဲ့ပညတ်တော်ကို သိတဲ့သူတွေဆီ ပြောနေတယ်ဆိုတာ ခင်ဗျားတို့ကို သတိပေးချင်တယ်။ ဘုရားသခင်ရဲ့ပညတ်တော်ကို ဆင်ခြင်တဲ့အခါ ကျွန်တော် ဝမ်းသာတယ်။22 When I think about God's Law, I rejoice.
၂၃ ဒါပေမဲ့ အပြစ်ရဲ့ပညတ်တရားက ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်ပြီးတော့ ကျွန်တော့်ကို ကျွန်ပြုနေတယ်။ ကျွန်တော့်ရဲ့ အပြစ်လုပ်တတ်တဲ့ဇာတိက ကျွန်တော့်ရဲ့စိတ်ထဲက ကောင်းတဲ့ဆန္ဒတွေနဲ့ စစ်တိုက်နေရတယ်။23 But there is a law of sin in my body that holds me in bondage. Deep inside, I want to do what is right. But the law of sin is at war with what my mind wants to do.
၂၄ ကျွန်တော်က စိတ်ပျက်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်တယ်။ အပြစ်အသက်ရှင်တဲ့နေရာဖြစ်တဲ့ ကျွန်တော့်ရဲ့သေတတ်တဲ့ခန္ဓာကိုယ်ကနေ ဘယ်သူ ကယ်တင်ပေးမှာလဲ။24 What a miserable person I am! Who will rescue me from this mortal body in which sin lives?
၂၅ ကျွန်တော့် စိတ်ထဲမှာ ဘုရားသခင်ရဲ့ပညတ်တော်ကို နာခံချင်တဲ့ဆန္ဒရှိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အပြစ်လုပ်တတ်တဲ့ဇာတိက ကျွန်တော့်ကို အပြစ်ရဲ့ကျွန် ဖြစ်စေတယ်။ ဒါပေမဲ့ အခုတော့ ဘုရားသခင်က ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ကို အပြစ်ကနေ လွတ်မြောက်စေခဲ့လို့ ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ချီးမွမ်းပါတယ်။25 In my mind I want to obey God's Law. However, my sinful nature makes me a slave to sin. But now I praise God for giving us freedom from sin through what our Lord Jesus Christ has done.

အခန်းကြီး ၈

Chapter 8

၁ အခု ကျွန်တော်တို့က ယေရှုခရစ်တော်နဲ့ ဆိုင်ကြပြီးတော့ ဘုရားသခင်က ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ မသတ်မှတ်ဘူး။ ဒါကြောင့် သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ အလိုဆန္ဒတွေနောက်ကို လိုက်လျှောက်ကြပါ။ ခင်ဗျားတို့ရဲ့ အပြစ်လုပ်တတ်တဲ့ ဇာတိဟောင်းကို မနာခံကြပါနဲ့။1 Now we belong to Jesus Christ, and God no longer condemns us for sin. That is why you should act as the Holy Spirit desires and should not submit to your old sinful nature.
၂ သန့်ရှင်းတဲ့ဝိညာဉ်တော်က သူ့ရဲ့ပညတ်တော်ကို ကျွန်တော်တို့ နှလုံးသားထဲမှာ ရေးခဲ့ပြီးတော့ ကျွန်တော်တို့ဆီ အသက်ကို ပေးခဲ့တယ်။ သေခြင်းတရားကို ယူလာတဲ့အပြစ်ရဲ့ပညတ်တရားကနေ ဘုရားသခင်က ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ကို လွတ်မြောက်စေခဲ့တယ်။2 God's Spirit has written His law on our hearts and has given us life. Through Jesus Christ, God has set us free from the law of sin, which brings death.
၃ မောရှေရဲ့ပညတ်က လူသားတွေရဲ့အပြစ်လုပ်တတ်တဲ့ဇာတိကို ပြောင်းလဲပေးနိုင်တဲ့ အစွမ်းမရှိဘူး။ အဲ့ဒါကြောင့် ဘုရားသခင်က သူ့ရဲ့သားတော်ကို ကမ္ဘာမြေကြီးဆီ စေလွှတ်ပြီးတော့ အပြစ်ရှိတဲ့သူရဲ့ခန္ဓာကိုယ်လိုမျိုး ကိုယ်ခန္ဓာတစ်ခုကို သူ့ဆီ ပေးခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့သားတော်ကို ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ယစ်အဖြစ် ပေးခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့သားတော်က ကျွန်တော်တို့ရဲ့အပြစ်ကို သူ့အပေါ်တင်ပြီးတဲ့အခါမှာ ဘုရားသခင်က အပြစ်ကို တရားစီရင်ခဲ့တယ်။3 The Law of Moses had no power to change human sinful nature. That is why God sent His Son to earth and gave Him a body like the body of a sinful person. God gave His Son as a sacrifice for our sins. When God's Son took upon Himself our sin, God pronounced His judgment over sin.
၄ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ဆီ ပေးခဲ့ပြီးတော့ မောရှေပညတ်က အဲ့ဒီ ဖြောင့်မတ်ခြင်းအကြောင်းကို ပြောခဲ့တယ်။ အခု ကျွန်တော်တို့က သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့အလိုဆန္ဒတွေကို လိုက်လျှောက်ကြရမယ်။ ကျွန်တော်တို့ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိဟောင်းကို မနာခံရဘူး။4 But to us God has given His righteousness, and the Law of Moses spoke about righteousness. Now we must act as the Holy Spirit desires. We must not submit to our old sinful nature.
၅ ကိုယ့်ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိကို နာခံတဲ့သူက အပြစ်ကို စဉ်းစားတယ်။ သန့်ရှင်းတဲ့ဝိညာဉ်တော်ကို နာခံတဲ့သူက ဝိညာဉ်တော်နဲ့ဆိုင်တဲ့အရာတွေကို စဉ်းစားတယ်။5 The one who submits to his sinful nature thinks about sin. But the one who submits to the Holy Spirit thinks about spiritual things.
၆ လူတစ်ယောက်က အပြစ်ကို စဉ်းစားနေတယ်ဆိုရင် သေသွားလိမ့်မယ်။ ဒါပေမဲ့ လူတစ်ယောက်က ဝိညာဉ်တော်နဲ့ဆိုင်တာတွေကို စဉ်းစားနေတယ်ဆိုရင် အသက်နဲ့ ငြိမ်သက်ခြင်းကို ရလိမ့်မယ်။6 If a person thinks about sin, he will die. But if a person thinks about spiritual things, he will receive life and peace.
၇ လူ့ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိက ဘုရားသခင်ရဲ့ပညတ်တော်ကို မနာခံဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူ့ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိက ဘုရားသခင်ရဲ့ပညတ်တော်ကို နာခံဖို့ မတတ်နိုင်ဘူး။ လူတစ်ယောက်က အပြစ်ကို စဉ်းစားတဲ့အခါ ဘုရားသခင်ရဲ့ရန်သူ ဖြစ်လာတယ်။7 The sinful nature of a person does not submit to God's Law, because it is incapable of doing so. When a person thinks about sin, he is at enmity with God.
၈ အဲ့ဒါကြောင့် သူ့ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိကို နာခံနေတဲ့သူက ဘုရားသခင်ရဲ့ အကြံအစည်တွေကို မပြည့်စုံစေနိုင်ဘူး။8 That is why the one who submits to his sinful nature cannot please God and fulfill His will.
၉ ဒါပေမဲ့ အခု ဘုရားသခင်ရဲ့ဝိညာဉ်တော်က ခင်ဗျားတို့အထဲမှာ ရှင်သန်တယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့က ခင်ဗျားတို့ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိကို ဆက်ပြီး မအပ်နှံကြတော့ဘူး။ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဆီ အပ်နှံကြတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ဝိညာဉ်တော်က လူတစ်ယောက်ထဲမှာ မရှင်သန်ဘူးဆိုရင် ဒီလူက ခရစ်တော်နဲ့မဆိုင်တဲ့သူ ဖြစ်တယ်။9 But now the Spirit of God lives within you. That is why you no longer submit to your sinful nature. You live under the guidance of the Spirit of God. But if a person does not have the Spirit of Christ, he does not belong to Christ.
၁၀ ခရစ်တော်က ခင်ဗျားတို့ အထဲမှာ အသက်ရှင်နေထိုင်တယ်။ ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်က အပြစ်ကြောင့် သေသွားလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်က ခင်ဗျားတို့ကို ဖြောင့်မတ်ခြင်း ပေးခဲ့လို့ ခင်ဗျားတို့ရဲ့ဝိညာဉ်က အသက်ရှင်လိမ့်မယ်။10 But Christ lives within you. Because of sin, your body will die. However, your spirit will live because God has given you His righteousness.
၁၁ ဘုရားသခင်က သူ့ရဲ့ဝိညာဉ်တော်အားဖြင့် ယေရှုကို သေခြင်းကနေ ပြန်ထမြောက်စေခဲ့တယ်။ အခု ဘုရားသခင်ရဲ့တူညီတဲ့ဝိညာဉ်တော်က ခင်ဗျားတို့အထဲမှာ အသက်ရှင်နေတာ ဖြစ်တယ်။ ပြီးတော့ ခရစ်တော်ကို ပြန်အသက်ရှင်စေခဲ့သလိုပဲ ဘုရားသခင်က ခင်ဗျားတို့ရဲ့ သေတတ်တဲ့ခန္ဓာကိုယ်တွေကို အသက်ရှင်စေလိမ့်မယ်။ ဘုရားသခင်က ခင်ဗျားတို့အထဲမှာ ရှင်သန်နေတဲ့ သူ့ရဲ့ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်လိမ့်မယ်။11 God raised Jesus from the dead by His Spirit. Now the same Spirit lives within you. And just as God raised Christ, He will also give life to your mortal bodies through His Spirit, who lives within you.
၁၂ ညီအစ်ကိုတို့၊ ကျွန်တော်တို့ရဲ့အပြစ်လုပ်တတ်တဲ့ဇာတိကို နာခံဖို့ မလိုဘူး။ ကျွန်တော်တို့တွေက အပြစ်ထဲမှာ မရှင်သန်ရဘူး။12 Brothers, we are not obligated to obey our sinful nature. That is why we should not live in sin.
၁၃ ဒါပေမဲ့ ခင်ဗျားတို့တွေက အပြစ်ထဲမှာ အသက်ရှင်နေကြတယ်ဆိုရင် သေကြလိမ့်မယ်။ ခင်ဗျားတို့ ကိုယ်ခန္ဓာရဲ့ဆန္ဒတွေနောက်ကို မလိုက်ကြနဲ့။ ခင်ဗျားတို့ရဲ့ အပြစ်လုပ်တတ်တဲ့အပြုအမူတွေကို သန့်ရှင်းတဲ့ဝိညာဉ်ရဲ့တန်ခိုးနဲ့ အသေသတ်ကြပါ။ ဒါမှ ခင်ဗျားတို့တွေ အသက်ရှင်ကြလိမ့်မယ်။13 If you live in sin, you will die. But if you overcome your sinful actions by the power of the Holy Spirit and no longer return to your old sinful life, you will live.
၁၄ အခု ခင်ဗျားတို့က ဘုရားသခင်ရဲ့သားတော်တွေ ဖြစ်လာခဲ့ကြတယ်။ ဘုရားသခင်ရဲ့ဝိညာဉ်တော်က ဘုရားသခင်ရဲ့သားတော်တွေအားလုံးကို ဦးဆောင်တယ်။14 Now you are children of God. And all children of God are led and guided by the Spirit of God.
၁၅ ခင်ဗျားတို့ကို သားဖြစ်စေတဲ့ ဝိညာဉ်တော်ကို ခင်ဗျားတို့တွေ လက်ခံရရှိခဲ့ကြတာဖြစ်တယ်၊ ကျွန်ဖြစ်စေတဲ့ဝိညာဉ် မဟုတ်ဘူး။ ဒါကြောင့် ကျွန်တွေလို ကြောက်ရွံ့မှုထဲမှာ အသက်မရှင်ကြနဲ့။ ဘုရားသခင်က ကျွန်တော်တို့ကို မွေးစားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့က ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကို “အဖေ၊ အဖေ” လို့ အကျယ်ကြီး အော်ခေါ်ကြတယ်။15 The Spirit you received does not make you slaves so that you live in fear again. Instead, God gave you His Spirit, who made you children of God. Through this Spirit of God we call God, “Father! Father!”
၁၆ ပြီးတော့ ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်လာပြီဆိုတာ ဘုရားသခင်ရဲ့ဝိညာဉ်တော်က ကျွန်တော်တို့ရဲ့ဝိညာဉ်ကို အတည်ပြုပေးတယ်။16 The same Spirit of God confirms to our spirit that we have become children of God.
၁၇ သားသမီးတွေက အမွေဥစ္စာကို လက်ခံရရှိကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့အမွေစားအမွေခံတွေ ဖြစ်လာကြတယ်လို့ ဆိုလိုတယ်။ ခရစ်တော်နဲ့အတူ ဘုရားသခင်ရဲ့အမွေဥစ္စာကို ကျွန်တော်တို့ လက်ခံရရှိကြလိမ့်မယ်။ အဲ့လိုပဲ ကျွန်တော်တို့ဟာ ခရစ်တော်နဲ့အတူ ဒုက္ခဆင်းရဲခံကြလိမ့်မယ်လို့လည်း ဆိုလိုတယ်။ ပြီးတော့ ကျွန်တော်တို့တွေဟာ ခရစ်တော်နဲ့အတူ ဘုရားသခင်ရဲ့ဘုန်းကျက်သရေထဲ ဝင်ကြရလိမ့်မယ်။17 Children receive an inheritance. This means that we have become heirs of God. That is why together with Christ, we will receive God's inheritance. This also means that we suffer together with Christ. And together with Him we will enter God's glory.
၁၈ အခု ကျွန်တော်တို့တွေက ဒုက္ခဆင်းရဲခံကြရပေမဲ့ ကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲတွေ အဆုံးသတ်သွားမဲ့အချိန် ရောက်လာမယ်ဆိုတာ ခင်ဗျားတို့ နားလည်ကြရမယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲတွေနဲ့ နှိုင်းယှဉ်လို့တောင်မရတဲ့ သူ့ရဲ့ဘုန်းကျက်သရေကို ကျွန်တော်တို့ဆီ ဖော်ပြလိမ့်မယ်။ ဒုက္ခဆင်းရဲတွေက ခဏတာဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ဘုန်းကျက်သရေကတော့ ထာဝရအတွက် ဖြစ်တယ်။18 I am convinced that the temporary sufferings we are experiencing now cannot be compared to the glory that God will reveal to us in the future.
၁၉ ဘုရားသခင်ရဲ့သားတော်တွေက ဘယ်သူတွေလဲဆိုတာ ဘုရားသခင်က ဖန်ဆင်းထားတဲ့အရာအားလုံးဆီ ဖော်ပြလိမ့်မယ်။ ဘုရားသခင်ရဲ့ဖန်ဆင်းထားတဲ့အရာတွေက ဒီနေ့ရက်ကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေကြတယ်။19 All of God's creation eagerly awaits the day when God will reveal who His children are.
၂၀ ဖန်ဆင်းထားတဲ့အရာအားလုံးက သူတို့ရဲ့အလိုဆန္ဒကို ဆန့်ကျင်ပြီး အဓိပ္ပါယ်မဲ့တည်ရှိခြင်းနဲ့ သေခြင်းကို နာခံခဲ့ကြတယ်။ အာဒံ အပြစ်လုပ်တဲ့အချိန်မှာ ဘုရားသခင်က ကမ္ဘာမြေကြီးကို ကျိန်ခဲ့ပေမဲ့ ဘုရားသခင်က ဖန်ဆင်းခြင်းအားလုံးကို မျှော်လင့်ချက် ပေးခဲ့တယ်။20 When Adam sinned, the whole world lost its perfection and fell under the curse. Since that time, all of God's creation has been in this condition against its will. That is why it is now subject to suffering, destruction, and death. But God gave hope to all of His creation.
၂၁ ဘုရားသခင်ရဲ့သားသမီးတွေက လွတ်မြောက်ခြင်း ရကြပြီးတော့ ဘုရားသခင်ရဲ့ဘုန်းကျက်သရေထဲ ဝင်ရတဲ့နေ့ ရောက်လာလိမ့်မယ်။ အဲ့ဒီနေ့မှာ ဖန်ဆင်းထားတဲ့အရာအားလုံးက သေခြင်းတရားရဲ့ကျွန်အဖြစ်ကနေ လွတ်မြောက်ကြလိမ့်မယ်။21 One day God will set His creation free from destruction and death. He will give it the same freedom and glory that His children will receive.
၂၂ မိန်းမတစ်ယောက် မီးဖွားတဲ့အချိန် နာကျင်သလို ဖန်ဆင်းခြင်းအားလုံးဟာ ဒီနေ့အထိ ညည်းတွားပြီး ဒုက္ခဆင်းရဲ ခံစားနေတယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။22 We know that until now all of God's creation groans in pain and suffers, like a woman in childbirth.
၂၃ ပြီးတော့ ကျွန်တော်တို့လည်း ဒုက္ခဆင်းရဲခံရတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့အသက်တာသစ် အစအဦးဖြစ်တဲ့ သူ့ရဲ့ဝိညာဉ်တော်ကို ကျွန်တော်တို့ဆီ ပေးခဲ့တယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်က ကျွန်တော်တို့ကို မွေးစားပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကို ရွေးနှုတ်ကယ်တင်မဲ့နေ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတယ်။23 But not only God's creation suffers, we also experience suffering within ourselves. God gave us His Spirit, which became the beginning of our new life. That is why we await the day when God will fully adopt us and redeem our bodies.
၂၄ ဘုရားသခင်က ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ်။ ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့ဘုန်းကျက်သရေထဲ ဝင်ကြရမယ်ဆိုတဲ့ ခိုင်မာတဲ့မျှော်လင့်ချက်ကို ပေးခဲ့တယ်။ မျှော်လင့်ချက်ဆိုတာ ဘာလဲ။ မျှော်လင့်ချက်က အနာဂါတ်မှာ ဖြစ်ပျက်လာမဲ့အရာကို မြင်တယ်။ ဘုရားသခင်က သူ့ရဲ့ကတိတော်ကို ပြည့်စုံစေတဲ့နေ့ ရောက်လာမယ်ဆိုတာကို ကျွန်တော်တို့တွေက စိတ်ချမှုအပြည့်နဲ့ မျှော်လင့်နေကြတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက် တကယ်ဖြစ်လာတာကို ကျွန်တော်တို့ တွေ့ရလိမ့်မယ်။24 When God saved us, He gave us firm hope that we would enter His glory. What is hope? Hope is the expectation of what we do not yet see. That is why we await the day when God will fulfill His promise. When our hope is fulfilled, we will no longer need it.
၂၅ ဘုရားသခင်ရဲ့မမြင်ရတဲ့ကတိတော်ကို အပြည့်အဝ မျှော်လင့်တဲ့အခါ အဲ့ဒီ မျှော်လင့်ချက်က ကျွန်တော်တို့ကို စိတ်ရှည်စေတယ်။ ဘုရားသခင်က ကျွန်တော်တို့မျှော်လင့်တဲ့အရာ ပြည့်စုံစေမဲ့အချိန်ကို ကျွန်တော်တို့က စိတ်ရှည်ရှည်နဲ့ စောင့်ကြတယ်။25 We hope for what we do not yet see. That is why we patiently wait for it to be fulfilled.
၂၆ ပြီးတော့ ကျွန်တော်တို့ အားနည်းလာရင် ဒါမှမဟုတ် ဖျားနာလာရင် သန့်ရှင်းတဲ့ဝိညာဉ်တော်က ကျွန်တော်တို့ကို ကူညီပေးတယ်။ ကျွန်တော်တို့တွေ ဘာအတွက် ဆုတောင်းသင့်သလဲဆိုတာ ကျွန်တော်တို့ မသိကြဘူး။ ဒါပေမဲ့ ဝိညာဉ်တော်က ကျွန်တော်တို့အတွက် ကြီးစွာသောတန်ခိုးနဲ့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီးတော့ ညည်းတွားခြင်းနဲ့ဆုတောင်းပေးနေတယ်။ ဝိညာဉ်တော်ပြောတဲ့အရာကို လူ့စကားလုံးနဲ့ ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။26 The Holy Spirit helps us when we are weak. We do not know what to pray for or how to pray properly, but the Spirit Himself prays for us with deep compassion. He speaks to God with groans that cannot be expressed in words.
၂၇ ဘုရားသခင်က လူတစ်ယောက်ရဲ့နှလုံးသားကို မြင်တယ်။ ပြီးတော့ ဘုရားရဲ့ဝိညာဉ်တော်က ဘာအတွက် ဆုတောင်းသလဲဆိုတာ ဘုရားသခင် သိတယ်။ ဘုရားသခင်ရဲ့လူတွေက ဘုရားသခင်ကြံစည်ခဲ့တဲ့အရာကို ပြည့်စုံစေကြဖို့ သန့်ရှင်းတဲ့ဝိညာဉ်တော်က သူ့ရဲ့သန့်ရှင်းတဲ့လူတွေအတွက် ကြီးမားတဲ့တန်ခိုးနဲ့ ဆုတောင်းပေးတယ်။27 God sees what is happening in our hearts. He also knows what the Holy Spirit is asking for, because this Spirit prays for believers with deep compassion and in complete agreement with the will of God.
၂၈ ဘုရားသခင်က သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ချင်တဲ့အတွက် လူတွေကို ခေါ်တယ်။ ပြီးတော့ ဘုရားသခင်ကိုချစ်တဲ့သူတစ်ယောက်ရဲ့ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းကို ဘုရားသခင်က အကောင်းဖက်ပြောင်းလဲပေးတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။28 We know that God turns every situation into good for those who love Him and live according to His calling and plan.
၂၉ ဘုရားသခင်က သူ့ရဲ့သားတော်ပုံသဏ္ဍာန်နဲ့ တူတဲ့သူဖြစ်လာမဲ့လူတွေကို ကြိုသိခဲ့ပြီးတော့ ဟိုးအရင်ကတည်းကကြိုတင်ဆုံးဖြတ်ခဲ့တယ်။ ဘုရားသခင်ရဲ့သားတော်က ညီအစ်ကိုတွေ အများကြီးထဲမှာ သားဦး ဖြစ်လာတယ်။29 God knew in advance those who would belong to Him. And He decided to make them like His Son. That is why Jesus became the firstborn among many of God's children.
၃၀ ဘုရားသခင်က သူဆီ ခေါ်မဲ့သူတွေကို ကြိုတင်ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ ဘုရားသခင်က သူတို့ကို ခေါ်တဲ့အခါ အပြစ်ကနေ လွတ်မြောက်စေပြီးတော့ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပေးခဲ့တယ်။ အဲဒီလူတွေက ဘုရားသခင်ရဲ့ ဘုန်းကျက်သရေထဲကို ဝင်ခဲ့ကြတယ်။30 God decided in advance whom He would call to Himself. Those He called, He set free from sin and gave them His righteousness. And for them, God prepared His glory.
၃၁ ဒါက ဘာကိုဆိုလိုသလဲဆိုတာ ခင်ဗျားတို့ နားလည်ကြသလား။ ဘုရားသခင်က ကျွန်တော်တို့ဘက်မှာ ရှိနေတယ်။ ဘယ်သူကမှ ကျွန်တော်တို့ကို အနိုင်ယူလို့ မရဘူး။31 What does this mean? If God is on our side, who can be against us?
၃၂ ဘုရားသခင်က သူ့ရဲ့သားတော်ကို မနှမြောခဲ့ဘဲနဲ့၊ လူတွေအားလုံးရဲ့အပြစ်တွေအတွက် သားတော်ရဲ့အသက်ကို ပေးခဲ့တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ခရစ်တော်နဲ့အတူ တခြားအရာအားလုံးကိုလည်း မပေးဘူးလား။32 God did not spare His own Son, but gave Him as a sacrifice so that He would die for all of us. Will God not also give us everything else along with Christ?
၃၃ ဘုရားသခင်က ကျွန်တော်တို့ကို ရွေးချယ်ခဲ့တယ်။ ဘယ်သူကများ ကျွန်တော်တို့ကို အပြစ်တင်ရဲဦးမှာလဲ။ ဘုရားသခင်က ကျွန်တော်တို့ကို အပြစ်ကနေ လွတ်မြောက်စေပြီးတော့ သူ့ရဲ့ဖြောင့်မတ်ခြင်းကို ပေးခဲ့တယ်။33 God has chosen us. Who will dare to accuse us? God Himself set us free from sin and gave us His righteousness.
၃၄ ဘယ်သူက ကျွန်တော်တို့ကို ရှုံ့ချရဲမလဲ။ ယေရှုခရစ်တော်က သေဆုံးခဲ့ပေမဲ့ ပြန်ပြီးတော့လည်း ရှင်ပြန်ထမြောက်ခဲ့တယ်။ ဘုရားသခင်က သူ့ကို ကောင်းကင်နိုင်ငံမှာ ထိုင်စေခဲ့တယ်။ ဘုရားသခင်က ခရစ်တော်ကို သူ့ရဲ့လက်ယာဘက်မှာရှိတဲ့ ဘုန်းကျက်သရေရှိတဲ့နေရာကို ပေးခဲ့တယ်။ အဲ့ဒီနေရာမှာ ခရစ်တော်က ကြီးမားတဲ့တန်ခိုးနဲ့ ကျွန်တော်တို့အတွက် ဘုရားသခင်ဆီ တောင်းလျှောက်ပေးနေတယ်။34 Who will condemn us? Jesus Christ died for us and rose again. Now He sits in heaven in the most honorable place at the right hand of God and intercedes for us.
၃၅ ပြဿနာတွေနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ကျွန်တော်တို့ ဖြတ်သန်းကြရတယ်။ လူတွေက ကျွန်တော်တို့ကို နှိပ်စက်ညှင်းပန်းကြတယ်၊ ကျွန်တော်တို့တွေ ငတ်ပြတ်ပြီးတော့ ဝတ်စရာအဝတ်တွေလည်း မရှိဘူး။ ကျွန်တော်တို့ရဲ့အသက်က အန္တရာယ်ထဲကျရောက်နေပြီးတော့ လူတွေက ကျွန်တော်တို့ကို ဓါးနဲ့ အသေသတ်နိုင်တယ်။ ဒါပေမဲ့ ဘာကများ ကျွန်တော်တို့ကိုချစ်တဲ့ ခရစ်တော်ဆီကနေ ခွဲလို့ရနိုင်မလဲ။35 Is there anything that can take away the love of Christ from us? Troubles, difficulties, persecution, hunger, lack of basic things, danger, or death by the sword?
၃၆ ကျမ်းစာက “ကိုယ်တော်ဘုရားကို ယုံကြည်လို့ လူတွေက ကျွန်တော်တို့ကို နေ့တိုင်း အသေသတ်ကြတယ်။ သူတို့က ကျွန်တော်တို့ကို အသေသတ်မဲ့ သိုးတွေလို ဆက်ဆံကြတယ်” လို့ ပြောတယ်။36 Scripture says, “We belong to You. That is why every day we face deadly threats and hostility. People treat us like sheep who are led to the slaughter” (Psalm 44:22).
၃၇ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ခရစ်တော်က ကျွန်တော်တို့ကို ချစ်လို့ ဒုက္ခဆင်းရဲတွေအားလုံးကို ကျော်လွှားပြီး ပြည့်စုံတဲ့အောင်ပွဲကို ရခဲ့ကြတယ်။37 But we overcome all suffering and have complete victory through Christ, who loves us.
၃၈ သေခြင်း ဖြစ်ပါစေ၊ အသက်ရှင်ခြင်း ဖြစ်ပါစေ၊ ကောင်းကင်တမန်တွေ ဖြစ်ပါစေ၊ ဆိုးယုတ်တဲ့ဝိညာဉ် ဖြစ်ပါစေ ဘယ်အရာကမှ ကျွန်တော်တို့ကို ဘုရားသခင်ဆီကနေ မခွဲနိုင်ဘူးဆိုတာ ကျွန်တော် သေချာပါတယ်။ လက်ရှိပစ္စုပ္ပန်ကာလမှာ ဖြစ်ပါစေ၊ နောင်အနာဂါတ်မှာ ဖြစ်ပါစေ ဘယ်အစွမ်းတန်ခိုးတွေကမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။38 I am convinced that neither death nor life, neither angels nor evil spirits, will be able to take away the love of Christ from us. Nothing will be able to do this, neither in the present nor in the future.
၃၉ ပြီးတော့ အမြင့် ဒါမှမဟုတ် အနိမ့်မှာရှိတဲ့ ဘယ်ဖန်ဆင်းအရာကမှ ကျွန်တော်တို့ကိုချစ်တဲ့ ဘုရားသခင်ဆီကနေ မခွဲနိုင်ဘူး။ ဘုရားသခင်က ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်အားဖြင့် သူ့ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ဆီ ဖော်ပြခဲ့တယ်။39 There is no power above or below that can separate us from the love of God, which God has shown us through our Lord Jesus Christ.

အခန်းကြီး ၉

Chapter 9

၁ ကျွန်တော်က ခရစ်တော်နဲ့ ဆိုင်တဲ့သူဖြစ်လို့ ဘုရားသခင်ရဲ့ သမ္မာတရားကို ခင်ဗျားတို့ဆီ ပြောပြတာဖြစ်တယ်။ ကျွန်တော် မလိမ်ဘူးဆိုတာ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုသိတဲ့စိတ်နဲ့ သန့်ရှင်းတဲ့ဝိညာဉ်တော်က သက်သေဖြစ်ကြတယ်။1 I belong to Christ and I am telling you the truth. My conscience and the Holy Spirit confirm that I am not lying.
၂ ကျွန်တော် ကြီးမားတဲ့ဝမ်းနည်းခြင်းကို ခံစားရတယ်။ ကျွန်တော့်ရဲ့နှလုံးသားက အဆက်မပြတ် ညည်းတွားနေတယ်။2 I feel great sorrow, and my heart is heavy.
၃ ကျွန်တော့်ရဲ့လူမျိုးတွေဖြစ်တဲ့ ယုဒလူမျိုးတွေ ခရစ်တော်ဆီကို လှည့်လာကြဖို့ ကျွန်တော် သိပ်လိုချင်တယ်။ ပြီးတော့ ကျွန်တော်သာ တတ်နိုင်တယ်ဆိုရင် ကျွန်တော့်ရဲ့ကယ်တင်ခြင်းကို ကျွန်တော့်လူမျိုးတွေဆီ ပေးလိုက်မှာပါ။ ဒီလိုဆို ကျွန်တော်ပဲ ကျိန်ခြင်းခံရပြီးတော့ ခရစ်တော်ဆီကနေ သီးခြားခွဲခံခဲ့ရလိမ့်မယ်။3 I want so much that my own Jewish people would turn to Christ! If I could, I would give up my own salvation for my people. And I myself would fall under a curse and be separated from Christ.
၄ ဘုရားသခင်က ဣသရေလလူမျိူးတွေကို မွေးစားပြီးတော့ သူ့ရဲ့ဘုန်းကျက်သရေကို သူတို့ဆီ ပြသခဲ့တယ်။ ဘုရားသခင်က ယုဒလူမျိုးတွေနဲ့ ချိုးဖျက်လို့မရတဲ့ သဘောတူညီချက်တွေကို ပြုလုပ်ခဲ့ပြီးတော့ သူ့ရဲ့ပညတ်တော်ကို ပေးခဲ့တယ်။ ဣသရေလလူမျိူးတွေက ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြပြီးတော့ ဘုရားသခင်က သူ့ရဲ့ကတိတော်တွေကို သူတို့ဆီ ပေးခဲ့တယ်။4 God adopted the Israelite people and showed them His glory. He made Unbreakable Agreements with the Jews and gave them His Law. The Israelites worshipped God, and He gave them His promises.
၅ အာဗြဟံ၊ ဣဇာက် နဲ့ ယာကုပ်တို့က ဣသရေလလူမျိုးတွေရဲ့ ဘိုးဘေးတွေ ဖြစ်ခဲ့ကြတယ်။ ပြီးတော့ ခရစ်တော်က လူသားကိုယ်ခန္ဓာအဖြစ် ဒီလူမျိုးထဲမှာ မွေးဖွားလာခဲ့တယ်။ ခရစ်တော်က ဘုရားသခင် ဖြစ်တယ်။ ခရစ်တော်က ဖန်ဆင်းသမျှအရာအားလုံးကို စိုးစံပြီးတော့ ထာဝရ ချီးမွမ်းခြင်းနဲ့ ထိုက်တန်တဲ့သူ ဖြစ်တယ်။ အာမင် - ပြည့်စုံပါစေ။5 Abraham, Isaac, and Jacob are the ancestors of the Israelite people. From this people, Christ was born in a human body. Christ is God. He reigns over all creation and is worthy of eternal glory. Amen.
၆ ဒါပေမဲ့ ဣသရေလလူမျိုးတွေက ခရစ်တော်ကို ငြင်းပယ်ခဲ့ကြတယ်။ အဲ့ဒါက ဘုရားသခင်က သူ့ရဲ့စကားကို မပြည့်စုံစေခဲ့ဘူးလို့ ဆိုလိုသလား။ မဟုတ်ပါဘူး။ ဣသရေလက ဣသရေလလူတွေရဲ့ ဘိုးဘေးတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဣသရေလမျိုးနွယ်ထဲ မွေးဖွားတဲ့သူတိုင်းက ဘုရားသခင်ရဲ့လူမျိုး ဖြစ်မလာခဲ့ကြဘူး။6 The Israelites rejected Christ. But does this mean that God did not fulfill His word? Of course not. The Israelite people descended from Jacob, whom God called Israel, and Jacob became the father of this entire nation. But not all who were born into the Israelite nation became God’s people.
၇ ပြီးတော့ အာဗြဟံရဲ့ သားသမီးတွေအားလုံးက အာဗြဟံကို ဘုရားသခင်ပေးခဲ့တဲ့ ကတိတော်တွေကို မဆက်ခံခဲ့ကြဘူး။ ဒါပေမဲ့ ဘုရားသခင်က အာဗြဟံဆီ “ဆာရာက ဣဇာက်ကို မွေးဖွားလိမ့်မယ်၊ ပြီးတော့ မင်းရဲ့မျိုးဆက်တွေက သူ့ဆီကနေ လာမယ်” လို့ ပြောခဲ့တယ်။7 And not all of Abraham's children inherited the promises that God gave him. God said to Abraham, “Sarah will give birth to Isaac, and your descendants will come from him.” (Genesis 17:19, 21:12).
၈ အာဗြဟံမှာ ဣဇာက် အပြင် သားသမီးတွေ အများကြီးရှိပေမဲ့ သူတို့တွေက လူ့အလိုဆန္ဒကြောင့် မွေးလာခဲ့ကြတာ ဖြစ်တယ်။ သူတို့တွေက ဘုရားသခင်ပြောခဲ့တဲ့ သားသမီးတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်က အာဗြဟံဆီပေးခဲ့တဲ့ သူ့ရဲ့ကတိတော်ကို ဣဇာက်အားဖြင့် ပြည့်စုံစေခဲ့တယ်။ ဒါကြောင့် ဣဇာက်က သူ့ရဲ့မိသားစုကို ဆက်ပြီးတည်ထောင်တဲ့သူ ဖြစ်လာခဲ့တယ်။8 Besides Isaac, Abraham had many other children. But they were born out of human desire. They were not the children God spoke about. It was through Isaac that God fulfilled the promise He had made to Abraham. That is why it was Isaac who continued Abraham’s family line.
၉ ပြီးတော့ ဘုရားသခင်က အာဗြဟံကို ပေးခဲ့တဲ့ ကတိတစ်ခုက “တစ်နှစ်အကြာမှာ ငါပြန်လာမယ်။ အဲ့ဒီအခါ ဆာရာမှာ သားယောကျ်ားလေး ရှိလိမ့်မယ်” ဆိုတာ ဖြစ်တယ်။9 This is the promise God gave to Abraham, “In a year I will come again, and Sarah will have a son.” (Genesis 18:10, 14).
၁၀ ဘုရားသခင်က အာဗြဟံကိုပဲ ဒီလိုတူညီတဲ့ ကတိတော်ကို ပေးခဲ့တာ မဟုတ်ဘူး။ ရေဗက္ကာက ဣဇာက်ရဲ့မိန်းမ ဖြစ်လာခဲ့ပြီးတော့ သူမက ဆာရာလိုပဲ ကိုယ်ဝန်မဆောင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ကတိတော်ကို ပြည့်စုံစေခဲ့ပြီးတော့ ရေဗက္ကာက အမွှာတွေကို မွေးဖွားခဲ့တယ်။ ဒါကြောင့် ဣဇာက်က အာဗြဟံရဲ့မိသားစုကို ဆက်ပြီးတည်ထောင်တဲ့သူ ဖြစ်လာခဲ့တယ်။10 God gave the same promise not only to Abraham. When Rebekah became Isaac's wife, she also could not get pregnant, just like Sarah. But God fulfilled His promise, and Rebekah gave birth to twins. That is why it was Isaac who continued Abraham's family line.
၁၁ ဘုရားသခင်က ရေဗက္ကာကို သားတွေ မမွေးခင်ကတည်းက သူမရဲ့သားတွေအကြောင်း ပြောပြခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကလေးတွေက အဆိုးအကောင်း ဘာကိုမှ မလုပ်ကြသေးဘူး။ ဘုရားသခင်က သူ့ရဲ့ပန်းတိုင်ကို ကြိုတင်ချမှတ်ပြီးတော့ သူ့ရဲ့အကြံအစည် ပြည့်စုံစေမဲ့သူတစ်ယောက်ကို ရွေးချယ်တယ်။11 God spoke to Rebekah about her sons before they were born. At that time, they had not yet done anything bad or good. God decides His purpose in advance and chooses the one who will carry out His plan.
၁၂ ဘုရားသခင်က လူတစ်ယောက်ရဲ့လုပ်ဆောင်မှုတွေကို အခြေခံပြီး ခေါ်တာမဟုတ်ဘူး။ အမွှာတွေ မမွေးခင်ကတည်းက ဘုရားသခင်က ရေဗက္ကာဆီ “သားကြီးက သားငယ်ကို အစေခံလိမ့်မယ်” လို့ ပြောခဲ့တယ်။12 God does not call a person to Himself because of what he does. Even before the twins were born, God said to Rebekah, “The older son will serve the younger” (Genesis 25:23).
၁၃ ကျမ်းစာထဲမှာ ဘုရားသခင်က “ယာကုပ်ကို ငါချစ်တယ်၊ ဒါပေမဲ့ ဧသောကို ငါ မုန်းတယ်” လို့ ပြောတယ်။13 God says in Scripture: “I loved Jacob, but I rejected Esau.” This means that God chose Jacob, not Esau. (Malachi 1:2–3).
၁၄ ကျွန်တော်တို့ ဘာပြောရမလဲ။ ဘုရားသခင်က မတရား လုပ်နေသလား။ မဟုတ်ပါဘူး။14 What should we say? Does God act unjustly? Of course not.
၁၅ ဘုရားသခင်က မောရှေကို “ဘယ်သူ့ကို ငါ ကရုဏာပြမလဲဆိုတာ ငါ ဆုံးဖြတ်တယ်။ ဘယ်သူ့ကို သနားကြင်နာရမလဲဆိုတာ ငါ ဆုံးဖြတ်တယ်” လို့ ပြောခဲ့တယ်။15 God said to Moses, “I decide who I will show mercy to, and I decide who I will have compassion on.” (Exodus 33:19).
၁၆ ဘုရားသခင်ရဲ့ကရုဏာတော်က လူတွေရဲ့အလိုဆန္ဒတွေ ဒါမှမဟုတ် အားထုတ်မှုတွေအပေါ် မမူတည်ဘူး။ ဘုရားသခင်ရဲ့ကရုဏာတော်က ဘုရားသခင် အပေါ်မှာပဲ မူတည်တယ်။16 God's grace does not depend on human desires or efforts. God's grace depends only on God.
၁၇ ကျမ်းစာထဲမှာ ဘုရားသခင်က “ဖာရောဘုရင်၊ တစ်ကမ္ဘာလုံးက ငါ့ရဲ့နာမကို သိကြဖို့ ငါ့မှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်။ အဲ့ဒါကြောင့် သင့်ကို ချီးမြှောက်ခဲ့ပြီးတော့ သင့်အပေါ်မှာ ငါ့ရဲ့တန်ခိုးကို ထင်ရှားပြခဲ့တယ်” လို့ ပြောခဲ့တယ်။17 God said in Scripture, “Pharaoh, My purpose was that the whole earth might know My name. That is why I gave you authority and showed My power over you” (Exodus 9:16).
၁၈ ဒါကြောင့် ဘုရားသခင်သာ အလိုရှိရင် လူတစ်ယောက်အပေါ် ကရုဏာထားလိမ့်မယ်။ ပြီးတော့ ဘုရားသခင်သာ အလိုရှိရင် လူတစ်ယောက်ရဲ့ နှလုံးသားကို မာကြောစေလိမ့်မယ်။18 So, if God wants, He will show mercy to a person. And if God wants, He will harden a person’s heart.
၁၉ ခင်ဗျားက ကျွန်တော့်ကို “ဒီကိစ္စမှာ ကျွန်တော်က ဘာများ မှားနေလဲ။ ဘုရားသခင် လုပ်ချင်တာကို တစ်ယောက်ယောက်က ခုခံနိုင်သလား” လို့ ပြောနိုင်ပါတယ်။19 But someone might say to me, "In that case, what am I guilty of? Who can resist what God wants to do?"
၂၀ အို လူသား၊ ခင်ဗျားက ဘုရားသခင်ကို ငြင်းခုံနေတာပဲ။ ဒါပေမဲ့ ခင်ဗျားက ဘယ်သူလဲ။ ဖန်ဆင်းခံရတဲ့အရာက သူ့ရဲ့ဖန်ဆင်းရှင်ကို “ဘာလို့ ကျွန်တော့်ကို ဒီလို ဖန်ဆင်းတာလဲ” လို့ မေးလို့ရနိုင်မလား။20 Who are you, O man, to argue with God? Can what is created say to its Creator, “Why did you make me like this?”
၂၁ အိုးလုပ်တဲ့သူက မတူတဲ့အိုး အမျိုးအစားတွေကို ပြုလုပ်တယ်။ ရွှံ့မြေတစ်မျိုးထဲကနေ တန်ဖိုးကြီးတဲ့အိုးနဲ့ အမှိုက်ထည့်တဲ့ရိုးရိုးအိုးကို လုပ်ဖို့ သူ့မှာ အခွင့်အရေး မရှိဘူးလား။21 A potter makes different kinds of pots. Doesn't he have the right to make both an expensive vessel and a simple pot for waste from the same piece of clay?
၂၂ လူတွေက မစင်ကြယ်တဲ့အရာတွေနဲ့ သူတို့ကိုယ်သူတို့ ပြည့်စေခဲ့ကြတယ်။ အဲ့ဒါကြောင့် ဘုရားသခင်က သူတို့ကို စိတ်ဆိုးပြီးတော့ အမှိုက်အိုးတွေလို ဖျက်ဆီးချင်ခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့တန်ခိုးကို ထုတ်ဖော်ပြသပိုင်ခွင့် ရှိခဲ့ပေမဲ့ သူဖျက်ဆီးခံထိုက်တဲ့ လူတွေအပေါ် ကြီးမားစွာစိတ်ရှည်သည်းခံခဲ့တယ်။22 People rejected God. That is why He wanted to pour out His wrath on them and show His power. But He showed great patience toward the "vessels of wrath"—the people who were going to destruction.
၂၃ တစ်ချိန်ထဲမှာပဲ ဘုရားသခင်က သူ့ရဲ့ကြွယ်ဝတဲ့ ဘုန်းကျက်သရေကို တန်ဖိုးကြီးတဲ့အိုးတွေလိုဖြစ်တဲ့ တခြားလူတွေဆီ ပြသခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့ကရုဏာတော်ကို သူတို့တွေဆီ ဖော်ပြခဲ့တယ်။ ဘုရားသခင်က ဒီလူတွေကို သူ့ရဲ့ဘုန်းကျက်သရေထဲ ဝင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့တယ်။23 At the same time, God wanted to show the riches of His glory to the “vessels of mercy”—the people to whom He showed mercy. God prepared these people in advance so that they would enter His glory.
၂၄ ကျွန်တော်တို့က ဘုရားသခင် သူ့ဆီခေါ်ခဲ့တဲ့ ဒီလူတွေဖြစ်ကြတယ်။ ယုဒလူမျိုးတွေချည်းပဲ မဟုတ်ဘဲနဲ့ လူမျိုးခြားတွေလည်း ဘုရားသခင်ဆီ လာခဲ့ကြတယ်။24 We are those people. When God called us to Himself, not only Jews came to Him, but also people from other nations.
၂၅ ဘုရားသခင်က ပရောဖက်ဟောရှေရဲ့စာအုပ်ထဲမှာ လူမျိုးခြားတွေအကြောင်းကို “ငါ့ရဲ့လူ မဟုတ်တဲ့သူတွေကို အခုတော့ ငါ့ရဲ့လူတွေလို့ ခေါ်မယ်။ အရင်က ငါမချစ်တဲ့သူကို အခုတော့ ငါရဲ့ချစ်ရတဲ့သူလို့ ခေါ်မယ်” လို့ ပြောခဲ့တယ်။25 God said about these nations, “I will call My people those who were never My people. I will call beloved those who never knew My love” (Hosea 2:23).
၂၆ ဘုရားသခင်က လူမျိုးခြားတွေဆီ “မင်းတို့က ငါ့ရဲ့လူမဟုတ်ဘူး” လို့ အရင်က သူ ပြောခဲ့တဲ့နေရာမှာပဲ “မင်းတို့တွေက အသက်ရှင်တဲ့ဘုရားသခင်ရဲ့ သားတော်တွေ ဖြစ်လာကြပြီ” လို့ သူတို့ကို ပြောပါတယ်။26 In the past, God said to those people, “You are not My people.” But now God says to them, “You have become sons of the living God” (Hosea 1:10).
၂၇ ပြီးတော့ ပရောဖက်ဟေရှာယက ဣသရေလရဲ့သားတွေအကြောင်းကို “ဣသရေလမှာ ပင်လယ်သဲလုံးလို များပြားတဲ့ လူတွေရှိတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့လူနည်းနည်းလေးကိုပဲ ကယ်တင်လိမ့်မယ်။27 The prophet Isaiah warned the people of Israel, “God will save only a remnant of His people, even if there are as many people in Israel as the sand on the seashore.
၂၈ ဘုရားသခင်က မြေကြီးအပေါ် သူ့ရဲ့နောက်ဆုံးသောတရားစီရင်ခြင်းကို မြန်မြန် ပြည့်စုံစေလိမ့်မယ်” ဆိုပြီး ဖော်ပြခဲ့တယ်။28 The Lord will quickly carry out His final judgment on the earth” (Isaiah 10:22–23).
၂၉ ဟေရှာယကလည်း “အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ကို သနားကရုဏာထားပြီး ကျွန်တော်တို့အတွက် သူ့ကိုယုံကြည်သူ သားစဉ်မြေးဆက်တွေကို ချန်ထားခဲ့တယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က သောဒုံနဲ့ ဂေါမောရလို ဖြစ်သွားလိမ့်မယ်” လို့ ကြိုဟောခဲ့တယ်။29 The prophet Isaiah also predicted, “If the Almighty Lord had not left us descendants who believe in God, then we would have become like Sodom and Gomorrah” (Isaiah 1:9).
၃၀ ကျွန်တော်တို့ ဘာပြောရမလဲ။ လူမျိုးခြားတွေက ဖြောင့်မတ်တဲ့သူဖြစ်လာဖို့ ဘာကြိုးစားအားထုတ်မှုမှ မလုပ်ခဲ့ကြပေမဲ့ ခရစ်တော်ကို ယုံကြည်ခဲ့ကြလို့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ရရှိခဲ့ကြတယ်။30 What should we say? People from other nations did not seek to receive God's righteousness. But they believed in Christ, and God gave them this righteousness.
၃၁ ဣသရေလလူမျိုးတွေကတော့ ဖြောင့်မတ်ခြင်းကို ရချင်ခဲ့ကြလို့ မောရှေရဲ့ပညတ်ကို နာခံခဲ့ကြတယ်။ ဒါပေမဲ့ ဣသရေလလူမျိုးတွေက ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းကို မရရှိခဲ့ကြဘူး။31 But the people of Israel tried to become righteous through the Law of Moses, and they did not receive God’s righteousness.
၃၂ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ဖို့ အားမထုတ်ကြဘူး။ လူတွေက မောရှေရဲ့ပညတ်တရားကို အခြေခံပြီး ကျင့်ခဲ့တဲ့အကျင့်တွေနဲ့ ဖြောင့်မတ်တဲ့သူ ဖြစ်ဖို့ အားထုတ်ခဲ့ကြတယ်။ ဒါကြောင့် ခရစ်တော်က သူတို့ တိုက်မိပြီးလဲစရာကျောက်တုံး ဖြစ်လာတယ်။32 Why? Because the people did not seek to become righteous through faith in God. They tried to become righteous through the works they did based on the Law of Moses. That is why they stumbled over Christ, like a stone that stood in their way to God.
၃၃ ကျမ်းစာထဲမှာ ဘုရားသခင်က “ဇိအုန်တောင်ပေါ်မှာ လူတွေ တိုက်မိပြီးလဲစရာ ကျောက်တုံးကို ငါချထားခဲ့တယ်။ လူတွေက ဒီကျောက်ပေါ်မှာ ထိမိကြလိမ့်မယ်။ ဒီကျောက်ကြောင့် လူတွေ လဲကျကြလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တဲ့သူတိုင်းဟာ ဘယ်တော့မှ စိတ်ပျက်ရမှာ မဟုတ်ဘူး” လို့ ပြောတယ်။33 God said in the Scriptures, “I will lay in Mount Zion a stone that will cause people to stumble. They will fall because of this rock. But the one who believes in Him will never be disappointed” (Isaiah 8:14, 28:16).

အခန်းကြီး ၁၀

Chapter 10

၁ ညီအစ်ကိုတို့၊ ဣသရေလလူမျိုးတွေ ကယ်တင်ခြင်း ရဖို့အတွက် ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းတယ်။ ဒီဆန္ဒက ကျွန်တော့်နှလုံးသားထဲမှာ ပြည့်နေတယ်။1 Brothers, with all my heart I want Israel to receive salvation. That is why I pray to God about this.
၂ ယုဒလူမျိုးတွေက ဘုရားသခင်ဆီ ရောက်ဖို့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်ကြတယ်ဆိုတာ ကျွန်တော် အတည်ပြုလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုက လွဲမှားနေပါတယ်။2 I can testify that they are eager to serve God, but they do not have the right understanding.
၃ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းက ဘာလဲဆိုတာ ဣသရေလလူမျိုးတွေ နားမလည်ကြဘူး။ ဣသရေလလူမျိုးတွေက သူတို့ရဲ့ကိုယ်ပိုင်ဖြောင့်မတ်ခြင်းနောက်ကို လိုက်ဖို့ ကြိုးစားအားထုတ်ကြတယ်။ ဒါကြောင့် သူတို့က ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ငြင်းပယ်ကြတယ်။3 The people of Israel do not understand what God's righteousness is. They seek to establish their own righteousness. That is why they reject God's righteousness.
၄ ခရစ်တော် ကြွလာတဲ့အချိန်မှာ မောရှေရဲ့ပညတ်က အစွမ်းတန်ခိုး ဆုံးရှူံးတယ်။ အခုချိန်မှာ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ယေရှုကိုယုံကြည်တဲ့သူဆီ ပေးတယ်။4 The Law of Moses led people to Christ. When Christ came, this Law fulfilled the purpose for which God gave it to people. Now God makes righteous everyone who believes in Jesus.
၅ မောရှေက ပညတ်ကိုအခြေခံတဲ့ဖြောင့်မတ်ခြင်းကို ဘယ်လို လက်ခံရရှိမလဲဆိုတာ ရေးထားတယ်။ “ပညတ်ချက်ကို လူတွေ လိုက်နာကြရမယ်။ ပညတ်ချက်ကို လိုက်နာတဲ့သူဟာ ပညတ်ချက်အတွက် အသက်ရှင်တယ်” လို့ ရေးထားတယ်။5 Moses writes about how to receive righteousness based on the Law, “The one who keeps all the commandments of this Law will live by them” (Leviticus 18:5).
၆ လူတစ်ယောက်က ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိတဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို ကျမ်းစာမှာ “ဘုရားသခင်ရဲ့စကားကို ခင်ဗျား ယုံကြည်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ရဲ့စကားက ကောင်းကင် အမြင့်မှာ ရှိနေတာ မဟုတ်ဘူး” လို့ ပြောတယ်။ ဒါကြောင့် ခင်ဗျားရဲ့နှလုံးသားထဲမှာ “ခရစ်တော်က ကောင်းကင်ကို တက်ပြီး ကျွန်တော့်အတွက် ဘုရားသခင်ရဲ့စကားကို ယူလာပေးမယ်ဆိုရင် ဒီစကားကို ကျွန်တော်ယုံကြည်မယ်” လို့ မပြောနဲ့။6 Here is the meaning of the righteousness that a person receives through faith. Christ has already come from heaven and brought us God’s Word, so that we may live by this Word. Now this Word of God is near you. So do not say in your heart, “Who will go up to heaven and bring this Word down to us?”
၇ ဘုရားသခင်ရဲ့စကားက မြေကြီးရဲ့အနက်ရှိုင်းဆုံးနေရာတွေမှာ ရှိနေတာလည်း မဟုတ်ပါဘူး။ အဲ့ဒါကြောင့် “ခရစ်တော်က ဒီသေခြင်းအရပ်လောကကို ဆင်းလာမယ်၊ ပြန်အသက်ရှင်လာပြီးတော့ ဘုရားသခင်ရဲ့စကားကို ကျွန်တော့်ဆီ ယူလာပေးမယ်ဆိုရင် ဒီစကားကို ကျွန်တော်ယုံကြည်မယ်” လို့ မပြောနဲ့။7 Christ has already risen from the dead. So do not say, “If God's Word is hidden so deeply, as if in the deepest depths, then who will go down there and bring it to us?”
၈ ဒါပေမဲ့ ကျမ်းစာက ဘာပြောထားသလဲ။ “ဘုရားသခင်ရဲ့စကားက ခင်ဗျားနဲ့ နီးတယ်။ ဘုရားသခင်ရဲ့စကားကို ပြောပြီးတော့ အဲ့ဒါကို ခင်ဗျားရဲ့နှလုံးသားထဲမှာ ယုံကြည်ပါ” လို့ ပြောထားတယ်။ ကျွန်တော်တို့က ယုံကြည်ခြင်းကို ယူဆောင်လာတဲ့ ဘုရားသခင်ရဲ့စကားကို ဟောပြောကြတယ်။8 What does Scripture say (Deuteronomy 30:11-14)? Now God's Word is so near you! You can speak this Word and receive it with all your heart. This is the word of faith that we preach.
၉ အဲ့ဒါကြောင့် ယေရှုက ခင်ဗျားရဲ့သခင် ဖြစ်ပြီဆိုတာ ဖွင့်ဟဝန်ခံပြီးတော့ ခင်ဗျားရဲ့နှလုံးသားထဲမှာ ဘုရားသခင်က ခရစ်တော်ကို သေခြင်းကနေ ပြန်အသက်ရှင်စေခဲ့တယ်ဆိုတာ ယုံကြည်တယ်ဆိုရင် ခင်ဗျားဟာ ကယ်တင်ခြင်း ရရှိလိမ့်မယ်။9 If you openly confess that Jesus is your Lord and believe in your heart that God raised Him from the dead, you will be saved.
၁၀ ဘုရားသခင်က ခရစ်တော်ကို ပြန်အသက်ရှင်စေခဲ့တယ်ဆိုတာ ကျွန်တော်တို့ နှလုံးသားထဲမှာ ယုံကြည်လိုက်တဲ့အခါ ဘုရားသခင်က သူ့ရဲ့ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ဆီ ပေးပါတယ်။ ပြီးတော့ ကျွန်တော်တို့က သခင်ယေရှုကို ကျွန်တော်တို့ရဲ့သခင်အဖြစ် လက်ခံပါတယ်လို့ ဖွင့်ဟဝန်ခံလိုက်တဲ့အခါ ဘုရားသခင်က ကယ်တင်ခြင်းကို ပေးတယ်။10 When a person believes with his heart, God gives him His righteousness. When a person openly speaks about his faith, God gives him salvation.
၁၁ ကျမ်းစာက “ခရစ်တော်ကို ယုံကြည်တဲ့သူက ဘုရားသခင်အပေါ် စိတ်ပျက်မှာ မဟုတ်ဘူး” လို့ ပြောတယ်။11 The Scripture says, “The one who believes in Christ will never be disappointed” (Isaiah 28:16).
၁၂ ယုဒလူမျိုးနဲ့ လူမျိုးခြားကြားမှာ ဘာကွဲပြားမှုမှ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သခင်တစ်ပါးတည်းကို ယုံကြည်ကြတာ ဖြစ်တယ်။ ဘုရားသခင်က သူ့ဆီ တောင်းလျှောက်တဲ့သူတိုင်းအပေါ် သူ့ရဲ့ကြွယ်ဝချမ်းသာခြင်းကို ပေးတယ်။12 So there is no difference between Jews and people from other nations, because we all have the same Lord Jesus. And He generously blesses all who call on Him.
၁၃ ယေရှုကို သခင်အဖြစ် လက်ခံပြီးတော့ ယေရှုနာမည်နဲ့ တောင်းလျှောက်တဲ့သူတိုင်းက ကယ်တင်ခြင်းကို လက်ခံရရှိကြလိမ့်မယ်။13 Everyone who comes to Jesus and acknowledges Him as his Lord will be saved.
၁၄ လူတစ်ယောက်က ခရစ်တော်အကြောင်းကို ကြားတဲ့အခါ သူ့ရဲ့နှလုံးသားထဲ ယုံကြည်ခြင်းရောက်လာပြီး သူက ယေရှုကို တောင်းလျှောက်တယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို ခရစ်တော်အကြောင်း မပြောပြဘူးဆိုရင် သူက ဘယ်လိုလုပ်ပြီး ခရစ်တော်အကြောင်းကို သိနိုင်မလဲ။14 First, a person must hear the Good News about Christ. Then he can believe in Jesus and come to Him.
၁၅ အဲ့ဒါကြောင့် ဘုရားသခင်က လူတွေကို ယေရှုအကြောင်း ဟောပြောဖို့ စေလွှတ်တယ်။ ပရောဖက်ဟေရှာယက “သတင်းကောင်းကို ဝေမျှဖို့ သွားတဲ့သူတွေက သိပ်ကိုလှပကြတယ်။ သူတို့တွေက ငြိမ်သက်ခြင်း နဲ့ သနားကြင်နာခြင်းကို ယူဆောင်လာကြတယ်” လို့ ပြောတယ်။15 So God sends people to preach about Christ. The Scripture says, “How beautiful are those who go to spread the Good News! They bring peace and goodness.” (Isaiah 52:7).
၁၆ ဒါပေမဲ့ လူတိုင်းက သတင်းကောင်းကို လက်မခံခဲ့ကြပါဘူး။ ပရောဖက် ဟေရှာယက “သခင်ဘုရား၊ လူတွေဆီ ကျွန်တော်တို့တွေ ဟောပြောခဲ့ပေမဲ့ ကျွန်တော်တို့ ပြောတဲ့အကြောင်းအရာကို ဘယ်သူကများ ယုံကြည်ခဲ့လို့လဲ” လို့ ပြောပါတယ်။16 But not everyone accepts the Good News. The prophet Isaiah says, “Lord, who has believed what we have preached?” (Isaiah 53:1).
၁၇ လူတစ်ယောက်က ဘုရားသခင်ရဲ့စကားကို ကြားတဲ့အခါ သူ့ရဲ့နှလုံးသားထဲမှာ ယုံကြည်ခြင်း ရောက်လာတယ်။17 So faith comes when a person hears God's Word.
၁၈ “လူတွေက ဘုရားသခင်ရဲ့စကားကို မကြားခဲ့ကြဘူးလား” လို့ ကျွန်တော် မေးချင်ပါတယ်။ ဟုတ်ကဲ့၊ သူတို့တွေ ကြားခဲ့ကြပါတယ်။ ကမ္ဘာမြေကြီးတစ်ခွင်လုံးက တရားဟောတဲ့သူတွေရဲ့အသံကို ကြားခဲ့ပါတယ်။ ပြီးတော့ သူတို့တွေ ဘာအကြောင်းကို ပြောခဲ့ကြသလဲဆိုတာ တစ်လောကလုံးက ကြားခဲ့တယ်။18 But I want to ask, “Didn’t they hear the Word of God?” Of course they did. “The whole earth heard the voice of the preachers. The whole world heard what they said.” (Psalm 19:4-5).
၁၉ “ဘုရားသခင်က ဘာအကြောင်းကို ပြောခဲ့သလဲဆိုတာ ဣသရေလလူမျိုးတွေက မသိခဲ့ကြဘူးလား” လို့ ကျွန်တော် ပြန်မေးမယ်။ တကယ်တော့ ဣသရေလလူမျိုးတွေ သိခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက မောရှေအားဖြင့် ဘုရားသခင်က “ငါ့ရဲ့လူမျိုးတွေက တိုင်းပြည်တစ်ခုတောင် မဟုတ်တဲ့ လူမျိုးခြားတွေကို မနာလိုအောင် ငါလုပ်မယ်။ ပြီးတော့ အသိဉာဏ်မရှိတဲ့လူမျိုးခြားတွေက ငါ့ရဲ့လူမျိုးတွေကို စိတ်ဆိုးစေကြလိမ့်မယ်” လို့ ပြောခဲ့တယ်။19 I will ask again, “Didn’t Israel know what God had said?” Israel knew, because God first spoke through Moses, “You have turned away from Me. So I will turn to those whom you did not consider to be God’s people. Then you will become jealous. And those people from other nations, who did not know Me before, will irritate you” (Deuteronomy 32:21).
၂၀ နောက်ပြီးတော့ ဘုရားသခင်ကိုယ်စား ပရောဖက်ဟေရှာယက “ငါ့ကို မရှာဖွေခဲ့တဲ့သူတွေက ငါ့ကို တွေ့ခဲ့ကြတယ်။ ငါ့အကြောင်းကို မမေးတဲ့သူတွေဆီ ငါက ကိုယ့်ကိုယ်ကို ဖော်ပြခဲ့တယ်” လို့ ရဲရဲရင့်ရင့် ပြောခဲ့တယ်။20 The prophet Isaiah also boldly spoke on behalf of God, “Those who did not seek Me found Me. I revealed Myself to those who did not ask Me about it” (Isaiah 65:1).
၂၁ ဘုရားသခင်က ဟေရှာယဆီကတစ်ဆင့် “ငါ့ကို ဆန့်ကျင်ပုန်ကန်ပြီး စကားနားမထောင်တဲ့လူမျိုးဆီ ငါ့လက်ကို တစ်နေ့လုံး ဆန့်တန်းနေခဲ့တယ်” လို့ ဣသရေလတွေရဲ့အကြောင်းကို ပြောခဲ့တယ်။21 But concerning Israel God said, “All day long I stretched out my hands to a disobedient people, who were stubborn and rebelled against Me.” (Isaiah 65:2).

အခန်းကြီး ၁၁

Chapter 11

၁ “ဘုရားသခင်က သူ့ရဲ့လူတွေကို ငြင်းပယ်ခဲ့သလား” လို့ ခင်ဗျားတို့ကို ကျွန်တော် ထပ်မေးချင်တယ်။ မငြင်းပယ်ခဲ့ပါဘူး။ ကျွန်တော်က ဣသရေလလူမျိုးဖြစ်ပြီးတော့ အာဗြဟံရဲ့မျိုးဆက်ဖြစ်တဲ့ ဗင်္ယာမိန်မျိုးနွယ်က ဖြစ်တယ်။1 I want to ask again, “Has God rejected His people?” Of course not. I myself am an Israelite, a descendant of Abraham, from the tribe of Benjamin.
၂ ဘုရားသခင်က သူ့ရဲ့လူတွေကို မငြင်းပယ်ခဲ့ဘူး။ ဘုရားသခင်က သူ့ရဲ့လူတွေဆီ ဘာတွေ ဖြစ်ပျက်မလဲဆိုတာ ကြိုတင်သိခဲ့တယ်။ ကျမ်းစာက ပရောဖက်ဧလိယ အကြောင်းကို ဘယ်လိုပြောခဲ့သလဲဆိုတာ ခင်ဗျားတို့ မသိကြဘူးလား။ ဧလိယက ဣသရေလလူမျိုးတွေအကြောင်းကို ဘုရားသခင်ဆီ တိုင်တန်းခဲ့တယ်။2 God has not rejected His people. Instead, He decided long ago that Israel would belong to Him. Don't you know what Scripture says about the prophet Elijah? He complained to God about Israel,
၃ ဧလိယက “သခင်ဘုရား၊ သူတို့က ကိုယ်တော်ရဲ့ပရောဖက်တွေကို အသေသတ်ပြီးတော့ ကိုယ်တော့်ဆီ ယဇ်ပူဇော်တဲ့နေရာတွေကို ဖျက်ဆီးခဲ့ကြတယ်။ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့ပြီးတော့ သူတို့တွေက ကျွန်တော့်ကို အသေသတ်ဖို့ ကြိုးစားနေကြတယ်” လို့ ပြောခဲ့တယ်။3 “Lord, they have killed Your prophets and destroyed the places where they offered sacrifices to You. I am left alone. Now they want to kill me also” (1 Kings 19:10).
၄ ဘုရားသခင်က ဧလိယကို ဘာပြန်ဖြေခဲ့လဲ။ ဘုရားသခင်က “ဗာလရုပ်တုရှေ့မှာ ဒူးမထောက်ခဲ့ကြတဲ့ နောက်ထပ် လူခုနှစ်ထောင် ငါ့မှာရှိတယ်” လို့ ဖြေခဲ့တယ်။4 What did God answer Elijah? “I have seven thousand people who have not bowed their knees to the idol Baal” (1 Kings 19:18).
၅ ကျွန်တော်တို့ ခေတ်မှာလဲ ဒီလိုတူညီတဲ့အရာမျိုး ဖြစ်ပျက်နေတယ်။ ဘုရားသခင်က ဣသရေလလူမျိုးတွေဆီ သူ့ရဲ့ကျေးဇူးတော်ကို ပေးခဲ့ပြီးတော့ ဣသရေလလူမျိုးတွေထဲကနေ သူ့ဆီ သစ္စာရှိရှိကျန်ခဲ့တဲ့ လူအနည်းငယ်ကို ရွေးချယ်ခဲ့တယ်။5 The same is happening now. God has given the Israelites His grace. He has chosen a small group of people among them who have remained faithful to Him, as it was in the time of the prophet Elijah.
၆ ကျေးဇူးတော်ဆိုတာ ကျွန်တော်တို့ လုပ်ဆောင်မှုအားဖြင့်ရဖို့ မဖြစ်နိုင်တဲ့ ဘုရားသခင်ရဲ့လက်ဆောင် ဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေကြောင့် တစ်ခုခုကို ရတာဆိုရင် အဲ့ဒါကို ကျေးဇူးတော်လို့ ပြောလို့မရဘူး။6 Grace is a gift from God that cannot be earned by our works. But if we receive something because of our actions, it can no longer be called grace.
၇ ဒါဆို ဘာဖြစ်ခဲ့တာလဲ။ ဣသရေလလူမျိုးတွေက ဘုရားရဲ့ကျေးဇူးတော်ကို သူတို့ရဲ့လုပ်ဆောင်ခြင်းအားဖြင့် ရချင်ခဲ့ကြလို့ ကျေးဇူးတော်ကို မရခဲ့ကြဘူး။ ဘုရားသခင်က သူရွေးချယ်တဲ့သူတွေဆီ သူ့ရဲ့ကျေးဇူးတော်ကို ပေးခဲ့တယ်။ ကျန်တဲ့လူတွေက သူတို့ရဲ့စိတ်နှလုံးကို မာကြောစေခဲ့ကြတယ်။7 So what happened? Israel tried to earn God's grace through their works, and so they were unable to receive it. But God gave His grace to those He chose. And the rest hardened their hearts.
၈ ကျမ်းစာက “ဘုရားသခင်က သူတို့ကို အိပ်စက်စေတဲ့ဝိညာဉ်ကို ပေးခဲ့တယ်။ သူတို့ မျက်စိတွေ ကန်းလာတယ်၊ သူတို့ နားတွေ ထိုင်းလာကြတယ်။ ဒီနေ့အထိတိုင် အဲ့လိုပဲ ဆက်ဖြစ်နေတယ်” လို့ ပြောတယ်။8 Scripture says, “God gave them a spirit of sleep that made them spiritually unresponsive. They became blind, so they do not see the truth. They became deaf, so they do not hear God's voice. And this continues to this day.” (Deuteronomy 29:4, Isaiah 29:10).
၉ ရှင်ဘုရင်ဒါဝိဒ်က “စားစရာပါတဲ့စားပွဲက သူတို့အတွက် ထောင်ချောက် ဖြစ်လာပြီးတော့ သူတို့တွေက ထောင်ချောက်ထဲကို ဆင်းသွားကြလိမ့်မယ်။ သူတို့တွေက ကျောက်ခဲကို ခလုတ်တိုက်ပြီးတော့ သူတို့နဲ့ ထိုက်တန်တာကို ရကြလိမ့်မယ်။9 King David said that even blessings would turn into punishment for them because of their stubbornness, “May the table set before them become a snare, and may they fall into a trap. May they stumble over a stone and receive what they deserve.
၁၀ သူတို့ရဲ့မျက်စိတွေ ကန်းလာပြီးတော့ မြင်နိုင်ကြမှာ မဟုတ်တော့ဘူး။ သူတို့ရဲ့ ကျောကုန်းတွေလည်း ဘယ်တော့မှ ဖြောင့်လာမှာ မဟုတ်တော့ဘူး” လို့ ပြောခဲ့တယ်။10 May their eyes be blinded and never see. May their backs never straighten under the heavy burden” (Psalm 68:23-24).
၁၁ “ဣသရေလလူမျိုးတွေက ခလုတ်တိုက်ချော်လဲပြီးတော့ ဘယ်တော့မှ မထကြတော့ဘူးလား” လို့ ကျွန်တော် မေးမယ်။ ဟုတ်တယ်၊ သူတို့တွေ ပြန်ထကြလိမ့်မယ်။ ဣသရေလလူမျိုးတွေက ဘုရားသခင်ကို စွန့်ခွါခဲ့ကြလို့ အခုချိန်မှာ ဘုရားသခင်က လူမျိုးခြားတွေကို ကယ်တင်လိုက်တယ်။ ဒီအရာက ဣသရေလလူမျိုးတွေကို ဇွဲလုံ့လနဲ့ ဘုရားသခင်ကို ရှာစေလိမ့်မယ်။11 And I will ask, “Has Israel stumbled so badly that they can no longer rise?” Of course not! Israel fell away from God, and that is why God is now saving people from other nations. But this will awaken jealousy in Israel and a desire to return to God.
၁၂ ဣသရေလလူမျိုးတွေ ဘုရားသခင်ကို စွန့်ခွါခဲ့ကြပေမဲ့ အဲ့ဒါက လောကသားတွေကို ချမ်းသာကြွယ်ဝမှုတွေ ယူဆောင်ပေးခဲ့တယ်။ ဣသရေလလူမျိုးတွေ ဘုရားသခင်ကို ဆုံးရှုံးခဲ့ကြပေမဲ့ အဲဒါက လူမျိုးခြားတွေကို ချမ်းသာကြွယ်ဝစေခဲ့တယ်။ ဒါကြောင့် ဣသရေလလူမျိုးတွေ ခရစ်တော်ကို လက်ခံကြတဲ့အခါ ပြီးပြည့်စုံတဲ့ ကောင်းချီးမင်္ဂလာ ရောက်လာလိမ့်မယ်။12 When Israel fell away from God, it brought blessing to the whole world and enriched other nations. How much more blessings will the whole world receive when Israel returns to God!
၁၃ ကျွန်တော်က လူမျိုးခြားတွေရဲ့ တမန်တော်တစ်ပါး ဖြစ်လာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့အမှုဆောင်ခြင်းအလုပ်ကို ကျွန်တော် တကယ်တန်ဖိုးထားတယ်ဆိုတာ လူမျိုးခြားတွေဖြစ်တဲ့ ခင်ဗျားတို့ကို ပြောချင်ပါတယ်။13 God gave me the apostolic ministry so that I could work among you, believers from different nations. And I greatly value my ministry.
၁၄ ကျွန်တော့်ရဲ့လူမျိုးခြားတွေဆီ အမှုဆောင်ခြင်းက ကျွန်တော့်ရဲ့လူမျိုးယုဒတွေ ဘုရားသခင်ကို ဇွဲနဲ့ရှာဖွေဖို့ ဖြစ်စေချင်တယ်။ အနည်းဆုံး ယုဒလူမျိုးတစ်ချို့ ဘုရားရဲ့ကယ်တင်ခြင်းကို လက်ခံကြပါစေ။14 I hope that my work among other nations will encourage my own Jewish people to seek God again with all their hearts. Then at least some of them will be saved.
၁၅ ဣသရေလလူမျိုးတွေက ခရစ်တော်ကို ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ ငြင်းပယ်ခြင်းက ဘုရားသခင်နဲ့အတူ ငြိမ်သက်ခြင်းကို ကမ္ဘာလောကဆီ ယူဆောင်ပေးခဲ့တယ်။ ဣသရေလလူမျိုးတွေက ခရစ်တော်ကို လက်ခံတဲ့အခါ ဘာဖြစ်လာမလဲ။ ဣသရေလလူမျိုးတွေရဲ့ ခရစ်တော်ကို လက်ခံခြင်းက ကမ္ဘာလောကဆီ အသက်ကို ယူလာပေးပြီးတော့ သေတဲ့သူတွေကို ရှင်ပြန်ထမြောက်စေလိမ့်မယ်။15 When Israel rejected Christ, it brought reconciliation between God and the world. But when Israel accepts Christ, it will be like new life from death for the world.
၁၆ ပထမဆုံးအကြိမ် ကောက်ရိတ်သိမ်းတဲ့အချိန်မှာ ခင်ဗျားတို့တွေက မုန့်စိမ်းတစ်ချို့ကို လုပ်ကြတယ်။ ပြီးတော့ ခင်ဗျားတို့က ပထမဆုံး မုန့်ကို ဘုရားသခင်ဆီ ယူလာကြတယ်။ အဲ့ဒီနောက် ဘုရားသခင်က မုန့်စိမ်းတစ်ခုလုံးကို သန့်ရှင်းစေတယ်။ ဘုရားသခင်က အာဗြဟံကို သန့်ရှင်းစေခဲ့လို့ သူ့ရဲ့မျိုးဆက်တွေကလည်း သန့်ရှင်းခဲ့ကြတယ်။ အမြစ်က သန့်ရှင်းတယ်ဆိုရင် အကိုင်းအခက်တွေလည်း သန့်ရှင်းတယ်။16 When the first harvest is ripe, you make dough and offer the first loaf to God. Then God sanctifies all the remaining dough. God sanctified our father Abraham, so his descendants are also sanctified. If the root is holy, the branches are also holy.
၁၇ ဒါပေမဲ့ အာဗြဟံရဲ့မျိုးဆက်တစ်ချို့ကတော့ သံလွင်ပင်ရဲ့အကိုင်းအခက်တွေလိုပဲ ကျိုးပြတ်ခဲ့ကြတယ်။ ပြီးတော့ ခင်ဗျားက လူမျိုးခြားတစ်စု ဖြစ်တယ်။ ခင်ဗျားက သံလွင်ပင်ရိုင်း တစ်ပင် ဖြစ်တယ်။ ခင်ဗျားက ကျိုးပဲ့တဲ့ အကိုင်းအခက်တွေရှိတဲ့နေရာမှာ ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံခဲ့ရတယ်။ အခု အမြစ်က ခင်ဗျားကို အစာအဟာရကျွေးမွေးပြီး ကြွယ်ဝစေတယ်။ အာဗြဟံနဲ့ သူ့ရဲ့မျိုးဆက်တွေကိုပေးဖို့ ဘုရားသခင် ကတိပေးခဲ့တဲ့ ကောင်းကြီးမင်္ဂလာတွေအတိုင်းပဲ ခင်ဗျားက လက်ခံရရှိတယ်။17 But some of Abraham's descendants were broken off, like branches of an olive tree. And you, a person from another nation, God grafted in their place, like a wild branch. Now the root that nourishes the entire olive tree gives life to you as well. So you receive the same blessings that God promised to Abraham and his descendants.
၁၈ ဒါပေမဲ့ သစ်ပင်ကနေ ကျိုးပဲ့သွားတဲ့ အဲ့ဒီအကိုင်းအခက်တွေထက် ခင်ဗျားက ပိုကောင်းတယ်လို့ ကိုယ့်ကိုယ်ကို မထင်နဲ့။ ခင်ဗျားက အမြစ်ကို ကျွေးမွေးတာ မဟုတ်ဘဲ အမြစ်ကသာ ခင်ဗျားကို ကျွေးမွေးတယ်ဆိုတာ သတိရပါ။18 But do not consider yourself better than those branches that were broken off from the tree. Remember that it is not you who nourishes the root, but the root nourishes you.
၁၉ တစ်ယောက်ယောက်က “ကျွန်တော်က သစ်ပင်တစ်ပင်မှာ ကိုင်းဆက်ခြင်းကို ခံရပြီးတော့ ကျိုးပဲ့သွားတဲ့ အဲဒီ အကိုင်းအခက်တွေနေရာမှာ နေရာယူခဲ့တာ” လို့ ပြောလိမ့်မယ်။19 But someone will say, "These branches were broken off so that God could graft me in their place."
၂၀ ဟုတ်ပါတယ်၊ အဲ့ဒါ မှန်ပါတယ်။ ဒါပေမဲ့ ဣသရေလလူမျိုးတွေက ယေရှုကို မယုံကြည်ခဲ့ကြလို့ အပင်ကနေ ကျိုးပြတ်သွားခဲ့ကြတာကို သတိရပါ။ ခင်ဗျားက ယေရှုကို ယုံကြည်ခဲ့လို့ အပင်ပေါ်မှာ ကိုင်းဆက်ခံခဲ့ရတာ ဖြစ်တယ်။ အဲ့ဒါကို မဝါကြွားဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပါ။20 Yes, that is true. But remember that those Israelites who did not believe in Christ were broken off from the tree like branches. You believed in Christ, and God grafted you into this tree. So do not be proud, but respond with awe and gratitude.
၂၁ ဘုရားသခင်က နဂိုရှိတဲ့အကိုင်းအခက်တွေကို မသနားခဲ့ပါဘူး။ ဒီလိုပဲ ခင်ဗျားရဲ့ ခရစ်တော်အပေါ် ယုံကြည်ခြင်း ပျောက်သွားတယ်ဆိုရင် ဘုရားသခင်က ခင်ဗျားကိုလည်း သနားမှာ မဟုတ်ဘူး။21 God broke off those branches that used to be part of this tree. But if you lose faith in Christ, God will not spare you either.
၂၂ ဘုရားသခင်ရဲ့သနားကြင်နာမှုနဲ့ ဘုရားသခင်ရဲ့တင်းကျပ်မှုကို ခင်ဗျား တွေ့နိုင်ပါတယ်။ ဘုရားသခင်က သူ့ကို မနာခံတဲ့သူတွေကို တင်းတင်းကျပ်ကျပ် ဆက်ဆံပေမဲ့ သူ့ရဲ့သနားကြင်နာခြင်းကို ခင်ဗျားဆီ ဖော်ပြတယ်။ ဘုရားသခင်က ခင်ဗျားကို အပင်ကနေ အကိုင်းအခက်ကို ခုတ်ဖြတ်သလို ဖြတ်ချတာမခံရလေအောင် ဘုရားသခင်ရဲ့ သနားကြင်နာမှုကို အလေးမထားပဲ မနေပါနဲ့။22 So you see God’s kindness and strictness. God is strict toward those who have fallen away and disobey Him. But toward you, He shows His kindness. So do not take God’s kindness lightly, otherwise He will cut you off as well, like a branch from this tree.
၂၃ ဣသရေလလူမျိုးတွေက ခရစ်တော်ကို ယုံကြည်ကြတယ်ဆိုရင် ဘုရားသခင်က ဣသရေလလူမျိုးတွေကို သူ့ဆီ ပြန်ခေါ်လာနိုင်တယ်။23 But if the Israelites stop rejecting Christ and believe in Him, God will restore them to their former place and graft them back into this tree.
၂၄ ဘုရားသခင်ဟာ သံလွင်ပင်ရိုင်းက အကိုင်းအခက်တစ်ခုကို ဖြတ်လိုက်သလို လူမျိုးခြားဖြစ်တဲ့ ခင်ဗျားကို ဖြတ်တော်ခဲ့တယ်။ ပြီးတော့ ဘုရားသခင်က ခင်ဗျားတို့ကို သဘာဝနဲ့ဆန့်ကျင်ပြီး ဥယျာဉ်ထဲက သံလွင်ပင်မှာ ကိုင်းဆက်စိုက်ပျိုးခဲ့တယ်။ ဟုတ်တယ်၊ ဘုရားသခင်က သူ့ကိုထားခဲ့တဲ့ ဣသရေလလူမျိုးတွေကို သူ့ဆီ ပြန်လာစေနိုင်တယ်။ ဘုရားသခင်က ကျိုးပဲ့နေတဲ့အကိုင်းတွေကို အရင်ကပေါက်ခဲ့တဲ့အပင်မှာ ကိုင်းဆက်စိုက်ပျိုးတဲ့ ဥယျာဉ်မှူးတစ်ယောက်လို လုပ်ဆောင်လိမ့်မယ်။24 You are a person from another nation. God cut you off like a branch from a wild olive tree, and against nature He grafted you into a cultivated olive tree. So how much more will God be able to restore the natural branches to their own place and graft them back into the tree where they originally grew.
၂၅ ညီအစ်ကိုတို့၊ ခင်ဗျားတို့က ဣသရေလလူမျိုးတွေထက် ပိုကောင်းတယ်လို့ ကိုယ့်ကိုယ်ကို မထင်ကြနဲ့။ ကျွန်တော် ခင်ဗျားတို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြချင်တယ်။ ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ကိုဝင်မဲ့ လူမျိုးခြားတွေရဲ့ အရေအတွက်ကို ကြိုတင်ဆုံးဖြတ်ခဲ့တယ်။ ဣသရေလလူမျိုးတစ်ချို့က ခရစ်တော်ကို ဆန့်ကျင်ပြီး သူတို့ရဲ့စိတ်နှလုံးကို မာကြောစေခဲ့ကြတယ်။ ခရစ်တော်ဆီ လာတဲ့ လူမျိုးခြားတွေရဲ့ အရေအတွက် ပြည့်တဲ့အထိ တစ်ချို့ဣသရေလလူမျိုးတွေက သူတို့ရဲ့စိတ်နှလုံးကို ဆက်ပြီးမာကြောစေကြလိမ့်မယ်။25 Brothers, I want to reveal a secret to you, so that you do not think that you are better than the people of Israel. God has already determined the number of people from other nations who will enter His Kingdom. Now part of the people of Israel has hardened their hearts against Christ. This will continue until the full number of people from other nations comes to Jesus.
၂၆ ဣသရေလလူမျိုးအားလုံးက ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိကြလိမ့်မယ်။ ကျမ်းစာက “အပြစ်ကနေရွေးနှုတ်ပေးတဲ့သူက ယေရုရှလင်မှာရှိတဲ့ ဇိအုန်တောင်ကနေ ကြွလာပြီးတော့ ဣသရေလလူမျိုးတွေကို ဘုရားသခင်ဆီ ပြန်လှည့်စေလိမ့်မယ်” လို့ ပြောတယ်။26 Then all Israel who turn to Christ will be saved. Scripture says, “The Deliverer will come from Mount Zion in Jerusalem and will deliver the people of Jacob from their sins.
၂၇ ဘုရားသခင်က “ငါ့ရဲ့လူမျိုးကို အပြစ်ကနေ လွတ်မြောက်ခြင်းပေးပြီးတော့ ချိုးဖျက်လို့မရတဲ့သဘောတူညီချက်ကို သူတို့နဲ့ လုပ်မယ်” လို့ ကတိပေးခဲ့တယ်။27 God promised, “I will cleanse My people from their sins and make an Unbreakable Agreement with them” (Isaiah 59:20-21).
၂၈ လူမျိုးခြားတို့၊ ဣသရေလလူမျိုးတွေရဲ့ ခရစ်တော်အကြောင်း သတင်းကောင်းကို ဆန့်ကျင်ရန်ပြုလာခဲ့ခြင်းက ခင်ဗျားတို့ဆီ ဘုရားရဲ့ကယ်တင်ခြင်းကို ယူလာပေးခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ဣသရေလလူမျိုးတွေကို ရွေးချယ်ခဲ့တယ်။ ဘုရားသခင်က ယုဒလူမျိုးတွေရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အာဗြဟံ၊ ဣဇာက် နဲ့ ယာကုပ်တို့ဆီ သူ့ရဲ့ကတိတော်တွေကို ပေးခဲ့လို့ ဘုရားသခင်က ဣသရေလလူမျိုးတွေကို ဆက်ပြီး ချစ်မြဲချစ်ခဲ့တယ်။28 Now part of Israel is resisting the Good News about Christ. So salvation has come to you, people from other nations. But God chose Israel. He continues to love them because He gave His promises to Abraham, Isaac, and Jacob—the ancestors of the Jewish people.
၂၉ ဘုရားသခင်က သူ့ရဲ့ဆုကျေးဇူးတွေကို ပြန်မယူဘူး။ ဘုရားသခင်က လူတစ်ယောက်ဆီပေးခဲ့တဲ့ သူ့ရဲ့ခေါ်သွင်းခြင်းကို မပယ်ဖျက်ပါဘူး။29 God never takes back His gifts or cancels His calling.
၃၀ လူမျိုးခြားတို့၊ အရင်က ခင်ဗျားတို့တွေက ဘုရားသခင်ကို မနာခံခဲ့ကြဘူး။ ဒါပေမဲ့ အခုချိန်မှာ ဘုရားသခင်ရဲ့ကရုဏာထားခြင်းကို ခင်ဗျားတို့တွေ ခံရတာဟာ ဣသရေလူမျိုးတွေက ဘုရားသခင်ကို မနာခံခဲ့ကြလို့ ဖြစ်တယ်။30 In the past, you, people from other nations, disobeyed God, but now God has shown you mercy. This happened because Israel rejected the Good News about Christ.
၃၁ အခုချိန်မှာ ဘုရားသခင်က သူ့ရဲ့ကရုဏာတော်ကို လူမျိုးခြားတွေဖြစ်တဲ့ ခင်ဗျားတို့အပေါ်ထားတယ်။ ဣသရေလူမျိုးတွေက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကြပေမဲ့ ဘုရားသခင်က ဣသရေလူမျိုးတွေအပေါ် သူ့ရဲ့ကရုဏာတော် ထားမဲ့အချိန် ရောက်လာလိမ့်မယ်။31 Now Israel still does not accept Christ, so God is giving His mercy to you, people from other nations. But the time will come when God will give His mercy to Israel as well.
၃၂ ဘယ်သူကမှ ဘုရားသခင်ကို မနာခံခဲ့ကြဘူး။ ဒါပေမဲ့ အကျဉ်းသားတွေက သနားညှာတာခြင်း ခံရသလိုပဲ ဘုရားသခင်က လူတိုင်းအပေါ် ကရုဏာထားလိမ့်မယ်။32 Everyone has come under the power of sin because no one obeyed God. So God will show His mercy to everyone.
၃၃ အို၊ ဘုရားသခင်ဆီမှာ ရှိတဲ့ ကြွယ်ဝမှုတွေ၊ ဉာဏ်ပညာနဲ့ ပညာဗဟုသုတတွေက သိပ်ကိုကြီးမားတယ်။ ဘုရားသခင်က သူ့ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကို ဒီလိုမျိုး ကြီးမားနက်နဲတဲ့အရာနဲ့ ဖုံးအုပ်ထားတယ်။ ဘုရားသခင်ရဲ့နည်းလမ်းတွေအားလုံးကို ရှင်းပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။33 How great are the riches, wisdom, and knowledge of God! How mysterious are all His decisions! And how unexplainable are all His ways!
၃၄ ဘယ်သူကများ သခင်ဘုရားရဲ့အတွေးတွေကို နားလည်နိုင်မှာလဲ။ ဘယ်သူကများ ဘုရားသခင်ကို အကြံဉာဏ် ပေးနိုင်မှာလဲ။34 Who can understand the Lord's plan, His intentions, and His actions? Who can give Him advice?
၃၅ ဘုရားသခင်က သူ့ကို ပြန်ဆပ်ရအောင် ဘယ်သူကများ ဘုရားသခင်ကို ပေးခဲ့ဖူးသလဲ။35 Is it possible for anyone to make God his debtor? We cannot lend Him anything.
၃၆ ဘုရားသခင်က အရာအားလုံးရဲ့ အရင်းအမြစ် ဖြစ်တယ်။ ဘုရားသခင်က အရာအားလုံးကို သူ့ရဲ့အစွမ်းတန်ခိုးနဲ့ ထောက်ပံ့တယ်။ ဘုရားသခင် ဖန်ဆင်းသမျှအရာအားလုံးက ဘုရားသခင်အတွက် တည်ရှိနေတာဖြစ်တယ်။ ဖန်ဆင်းထားတဲ့အရာအားလုံးက ဘုရားသခင်ကို အမြဲထာဝရ ချီးမွမ်းကြပါစေ။ အာမင် - ပြည့်စုံပါစေ။36 God is the source of everything. He holds everything together by His power. Everything He created exists for Him. May all creation glorify Him forever. Amen.

အခန်းကြီး ၁၂

Chapter 12

၁ ညီအစ်ကိုတို့၊ ဘုရားသခင်က ကျွန်တော်တို့အပေါ် သူ့ရဲ့ကရုဏာတော်ကို ပြသခဲ့တယ်။ ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်း ကိုယ့်ရဲ့အသက်တာကို ဘုရားသခင်ဆီမှာ ဆက်ကပ်အပ်နှံကြဖို့ ကျွန်တော် တောင်းဆိုပါတယ်။ လူတွေဟာ ပူဇော်စရာယဇ်ကို ယူလာကြတဲ့အခါမှာ အဲ့ဒီယဇ်ကို ဘုရားသခင်ဆီ အပြည့်အဝ ဆက်ကပ်ကြတယ်။ ဒီလိုပဲ ခင်ဗျားတို့လည်း ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာကို ဘုရားသခင်ဆီ အပြည့်အဝ ဆက်ကပ်အပ်နှံပြီးတော့ သန့်ရှင်းတဲ့ဘဝနဲ့ အသက်ရှင်ကြပါ။ ဘုရားသခင်က ဒီလိုမျိုး ယဇ်ကို ဝမ်းပန်းတသာ လက်ခံလိမ့်မယ်။ အဲ့ဒီအခါ ဘုရားသခင်ကို ခင်ဗျားတို့ ဘယ်လိုအစေခံနိုင်သလဲဆိုတာ ခင်ဗျားတို့ နားလည်လာလိမ့်မယ်။1 Brothers, God has shown us His mercy. So I urge you to give your whole life to Him. Your bodies should not serve sin. Instead, fully give yourselves to God. Then He will gladly accept your life as a living and holy sacrifice. And you will understand the true meaning and purpose of your service to God.
၂ ဒီလောကသားတွေလို မပြုမူကြနဲ့။ နည်းလမ်းသစ်နဲ့ ဆင်ခြင်စဉ်းစားဖို့ သင်ယူကြပါ။ ခင်ဗျားတို့တွေ လုံးဝပြောင်းလဲကြလိမ့်မယ်။ ဒီလိုဆို ခင်ဗျားတို့ကို ကောင်းကျိုးရှိစေတဲ့ ဘုရားသခင်ရဲ့အကြံအစည်တွေကို သိရှိလာနိုင်လိမ့်မယ်။ ဘုရားသခင်ရဲ့အလိုတော်က ခင်ဗျားတို့အတွက် ပြီးပြည့်စုံတဲ့အရာဖြစ်တယ်ဆိုတာ နားလည်လာကြပြီးတော့ ဘုရားသခင်ရဲ့အလိုတော်ကို ခင်ဗျားတို့တွေ ဝမ်းပန်းတသာ လက်ခံကြလိမ့်မယ်။2 Do not follow the values of this world that go against God’s Word. Renew your mind to understand what God wants to do. His intentions are always good. His plans are the best ones for us, and they fit us perfectly.
၃ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်ကို ကျွန်တော့်ဆီ ပေးခဲ့တယ်။ “ခင်ဗျားတို့ရဲ့အမှုဆောင်ခြင်းအလုပ်က တခြားသူတွေထက် ပိုကောင်းတယ်လို့ မထင်ကြနဲ့။ ဘုရားသခင်ရဲ့အလုပ်ကို လူတိုင်း လုပ်ဆောင်နိုင်ဖို့ ဘုရားသခင်က လူတိုင်းဆီ ယုံကြည်ခြင်းပမာဏအသီးသီးကို ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့တွေက ကိုယ့်ကိုယ်ကို အရှိအတိုင်း ရိုးရိုးသားသား အကဲဖြတ်ဆင်ခြင် ကြရမယ်။ ခင်ဗျားတို့ရဲ့အမှုဆောင်ခြင်းက ခင်ဗျားတို့ကို ဘုရားသခင် ပေးခဲ့တဲ့ ယုံကြည်ခြင်းအတိုင်း ဖြစ်ရမယ်” ဆိုတာ ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ကျွန်တော် ပြောချင်တယ်။3 God has given me His grace, and I say to each of you: do not think that your ministry is better than other ministries. Instead, be honest with yourselves and see yourselves as you really are. Remember that God has given each person his own measure of faith, so that each person could do the ministry that God has entrusted to him.
၄ လူ့ခန္ဓာကိုယ်မှာ အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းက သူ့တို့ရဲ့အလုပ်ကို လုပ်ဆောင်ကြတယ်။4 Look at the human body: it is made up of many parts, and each part has its own role.
၅ အသင်းတော်ထဲမှာလည်း ဒီအတိုင်းပဲ ဖြစ်ပျက်တယ်။ အသင်းတော်ဟာ ကွဲပြားခြားနားတဲ့အစိတ်အပိုင်းတွေ အများကြီးပါဝင်တဲ့ ခရစ်တော်ရဲ့ခန္ဓာကိုယ် ဖြစ်တယ်။ ခရစ်တော်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေအားလုံးက တစ်ခုကိုတစ်ခု အမှီပြုကြတယ်။5 The same thing happens in the Church. There are many of us, and we are all very different. But Christ has united us, so the Church is one Body of Christ. Now each of us is connected to other believers, as part of one body.
၆ ဘုရားသခင်က ကျွန်တော်တို့ကို ပေးခဲ့တဲ့ သူ့ရဲ့ကျေးဇူးတော်အတိုင်း ကွဲပြားခြားနားတဲ့ ဆုကျေးဇူးတွေကို ကျွန်တော်တို့ လက်ခံရရှိခဲ့ကြတယ်။ ခင်ဗျားမှာ ပရောဖက်ဆုကျေးဇူး ရှိတယ်ဆိုရင် ပရောဖက်ပြုပါ။ ပရောဖက်ပြုချက်တွေက ခင်ဗျားကို ဘုရားသခင် ပေးခဲ့တဲ့ ယုံကြည်ခြင်းအတိုင်း ဖြစ်ရမယ်။6 God has given us His grace, and we have received different gifts. If someone has the gift of prophecy, he should speak what God reveals to him, according to his faith.
၇ ခင်ဗျားမှာ တခြားသူတွေကို အစေခံတဲ့ဆုကျေးဇူးရှိတယ်ဆိုရင် အကူအညီလိုနေသူတွေကို ကူညီပါ။ ဘုရားသခင်က ခင်ဗျားကို သွန်သင်တတ်တဲ့ဆုကျေးဇူး ပေးခဲ့တယ်ဆိုရင် တခြားသူတွေကို သွန်သင်ပါ။7 If someone has the gift of serving, he should help those who need help. If God has given someone the gift of teaching, he should teach others.
၈ လူတွေကို ခွန်အားပေးတတ်တဲ့ဆုကျေးဇူး ခင်ဗျားမှာ ရှိတယ်ဆိုရင် လူတွေရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ။ ဘုရားသခင်က ခင်ဗျားကို ဆုကျေးဇူး ပေးတယ်၊ ခင်ဗျားက ပရဟိတလုပ်နိုင်တယ်ဆိုရင် ရက်ရက်ရောရောနဲ့လုပ်ဆောင်ပါ။ ခင်ဗျားမှာ ဦးဆောင်နိုင်တဲ့စွမ်းရည် ရှိတယ်ဆိုရင် ခင်ဗျားရဲ့တာဝန်ကို အလေးအနက်ထားပြီး လုပ်ဆောင်ပါ။ ဘုရားသခင်က ခင်ဗျားကို ကြင်နာတတ်တဲ့ဆုကျေးဇူး ပေးတယ်ဆိုရင် ဒုက္ခရောက်နေတဲ့သူတွေကို အမျက်ဒေါသမထွက်ဘဲ စေတနာနဲ့ ကူညီပါ။8 If someone has the gift of encouraging, he should strengthen people's faith. If someone has the opportunity to engage in charitable work, he should do it generously. If someone has the ability to lead, he should take his responsibility seriously. If someone is able to show compassion to others, he should help those in trouble and do it without irritation.
၉ တစ်ယောက်ကိုတစ်ယောက် စိတ်ရင်းအမှန်နဲ့ ချစ်ကြပါ။ မကောင်းတာ ဖြစ်စေတတ်တဲ့အရာတိုင်းကို မုန်းပြီးတော့ ကောင်းတဲ့အရာကို လုပ်ဆောင်ဖို့ အစွမ်းကုန်ကြိုးစား အားထုတ်ကြပါ။9 Show sincere love for one another. Hate everything that brings evil and strive to do good.
၁၀ တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေလို ချစ်ကြပါ။ မိသားစုထဲမှာလိုပဲ အသင်းတော်ထဲမှာလည်း နွေးထွေးတဲ့ဆက်ဆံရေးကို တည်ဆောက်ကြပါ။ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားပြီးတော့ တခြားသူတွေရဲ့ ထင်မြင်ချက်ကို လေးစားကြပါ။10 Love one another as brothers. Build warm, family-like relationships in the church. Appreciate and respect one another, even when you have different opinions and personalities.
၁၁ ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီ အမှုဆောင်ခြင်းကို လေးလေးနက်နက် လုပ်ဆောင်ကြပါ။ သန့်ရှင်းတဲ့ဝိညာဉ်တော်မီးနဲ့ ဘုရားသခင်ကို အစေခံကြပါ။11 Do not be lazy. Serve the Lord with full dedication and with the fire of the Holy Spirit.
၁၂ ဒုက္ခဆင်းရဲတွေကို ခင်ဗျားတို့ ဖြတ်သန်းနေရတဲ့အချိန်မှာ စိတ်ရှည်သည်းခံကြပါ။ ဘုရားသခင်အပေါ် စိတ်ချယုံကြည်တဲ့မျှော်လင့်ချက် ထားကြပါ။ ဒီမျှော်လင့်ချက်က ခင်ဗျားတို့ကို ဝမ်းသာစေလိမ့်မယ်။ ဆုတောင်းဖို့အတွက် ခင်ဗျားတို့ရဲ့အချိန်ကို ပုံမှန်ဆက်ကပ်ကြပါ။12 Rely on God with all your heart, and it will fill you with joy. Be patient when you go through suffering. Make prayer a regular part of your life.
၁၃ ခရစ်တော်၌ ခင်ဗျားတို့ရဲ့ညီအစ်ကိုမောင်နှမတွေ အခက်အခဲကြုံတွေ့နေတာကို ကူညီကြပါ။ ခင်ဗျားတို့မှာ ရှိတဲ့တာတွေကို သူတို့နဲ့ဝေမျှပြီးတော့ ဧည့်ဝတ်ကျေပွန်ဖို့ အကောင်းဆုံး ကြိုးစားကြပါ။13 Help believers when they face difficulties. Share with them what you have and show sincere hospitality.
၁၄ ခင်ဗျားတို့ကို ညှင်းဆဲတဲ့သူတွေကို ကောင်းကြီးပေးပါ။ သူတို့ကို မကျိန်ဆဲဘဲ ကောင်းကြီးပေးကြပါ။14 Bless those who persecute you. Bless them, and do not curse them.
၁၅ ဝမ်းမြောက်တဲ့သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးတဲ့သူတွေနဲ့အတူ ငိုကြွေးပါ။15 Rejoice with those who rejoice, and cry with those who cry.
၁၆ တစ်ယောက်ကိုတစ်ယောက် နားလည်မှုနဲ့ ဆက်ဆံကြပါ။ ကိုယ်က တခြားသူတွေထက် ပိုသာတယ်လို့ မထင်ကြနဲ့။ နိမ့်ကျတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ လျစ်လျူမရှုပါနဲ့။ ကိုယ်က တခြားသူတွေထက် ပိုပညာရှိတယ်လို့ မထင်ကြနဲ့။16 Live in harmony with one another. Do not think that you are better than others. Do not avoid fellowship with people who are considered lowly. And do not think that you are wiser than everyone else.
၁၇ ခင်ဗျားတို့အပေါ် မကောင်းတာလုပ်ခဲ့တဲ့သူတွေအပေါ် မကောင်းတာပြန်မလုပ်ကြနဲ့။ အဲ့ဒီအစား လူတိုင်းအပေါ် ကောင်းတာလုပ်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါ။ အဲ့ဒီအတွက် လူတွေက ခင်ဗျားတို့ကို ရိုသေလေးစားလာကြလိမ့်မယ်။17 Do not repay evil with evil. Instead, strive to do what is right, even if you are in a difficult situation.
၁၈ လူတိုင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ ခင်ဗျားတို့ လုပ်ဆောင်နိုင်တဲ့အရာ မှန်သမျှကို လုပ်ဆောင်ကြပါ။18 Do everything possible to live in peace with everyone.
၁၉ ဘုရားသခင်က ခင်ဗျားတို့ကို ချစ်တယ်။ အဲ့ဒါကြောင့် လက်စားမချေကြနဲ့။ အဲ့ဒီအစား ခင်ဗျားတို့ရဲ့အခြေအနေကို ဘုရားသခင်ဆီ အပ်နှံပါ။ ဘုရားသခင်က သူ့ရဲ့အမျက်ဒေါသကို ခင်ဗျားတို့ရဲ့ရန်သူတွေဆီ သွန်းလောင်းလိမ့်မယ်။ ကျမ်းစာထဲမှာ ဘုရားသခင်က “ငါ လက်စားချေပေးမယ်။ လူတိုင်း ငါ့ဆီကနေ သူတို့နဲ့ ထိုက်တန်တာကို လက်ခံရရှိကြလိမ့်မယ်” လို့ ပြောထားတယ်။19 My dear friends, do not take revenge for yourselves. Instead, give your situation to God, and He Himself will pour out His wrath on your enemies. The Lord says in Scripture, “I will take revenge, and every person will receive what he deserves” (Deuteronomy 32:35).
၂၀ ခင်ဗျားရဲ့ရန်သူက ငတ်မွတ်တယ်ဆိုရင် အစားအစာပေးပါ။ သူက ရေဆာတယ်ဆိုရင် ရေတိုက်ပါ။ ဒီလိုနည်းနဲ့ ခင်ဗျားက ခင်ဗျားရဲ့ရန်သူကို သူ့ရဲ့ခေါင်းပေါ်မှာ မီးသွေးခဲ တင်ထားရသလို အရှက်တရားနဲ့လောင်မြိုက်စေလိမ့်မယ်။20 So if your enemy is hungry, feed him. If he is thirsty, give him something to drink. Then he will feel such burning conviction of his conscience, as if somebody put burning coals on his head.
၂၁ မကောင်းမှုက ခင်ဗျားကို အနိုင်မယူရဘူး။ မကောင်းတာကို ကောင်းတာနဲ့တုံ့ပြန်တယ်ဆိုရင် ခင်ဗျားက မကောင်းမှုကို အနိုင်ယူနိုင်လိမ့်မယ်။21 Evil should not overcome you. If you respond to evil with good, you will defeat evil.

အခန်းကြီး ၁၃

Chapter 13

၁ ဘုရားသခင်ထက် ပိုမြင့်တဲ့ တခြားအခွင့်အာဏာစက် မရှိဘူး။ ဘုရားသခင်က လူတွေဆီ အခွင့်အာဏာစက်ကို ပေးပြီးတော့ ဒီလောကမှာ တည်ရှိတဲ့ အစိုးရအာဏာစက်တွေကို တည်ထောင်တယ်။ အဲ့ဒါကြောင့် အစိုးရအာဏာစက်တွေကို လူတိုင်း နာခံကြရမယ်။1 Every person must submit to the governing authorities, because God created this system. Those who are now in power act within the order that God has established.
၂ အစိုးရအာဏာစက်တွေကို ဖီဆန်တဲ့သူက ဘုရားသခင် တည်စေခဲ့တဲ့အမိန့်ကို ဆန့်ကျင်တာပဲ ဖြစ်တယ်။ ပြီးတော့ ပုန်ကန်မှုမှာ ပါဝင်တဲ့သူက အပြစ်ဒဏ်ကို ခံရလိမ့်မယ်။2 So if a person resists authority, he goes against God’s order. And the one who does this will bring punishment on himself.
၃ ကောင်းတဲ့အကျင့်ကို ကျင့်တဲ့သူက အာဏာပိုင်တွေရဲ့ အပြစ်ဒဏ်ပေးခြင်းကို မကြောက်ရွံ့ဘူး။ မကောင်းတဲ့အကျင့်ကို ကျင့်တဲ့သူက သူ့ကို အာဏာပိုင်တွေ အပြစ်ဒဏ်ပေးမှာကို ကြောက်ရွံ့ပြီးတော့ အသက်ရှင်ရလိမ့်မယ်။ ဒါဆို အာဏာပိုင်တွေက ခင်ဗျားကို အပြစ်ပေးမှာ မကြောက်ရွံ့ဘဲ ဘယ်လို နေထိုင်ရမလဲ။ ကောင်းတာတွေ လုပ်ဆောင်ပါ၊ ဒါဆိုရင် အာဏာပိုင်တွေဆီက အတည်ပြုချက်ကို ခင်ဗျားတို့ ရလိမ့်မယ်။3 Authority is not a threat to those who do good, but only to those who do evil. Do you want to have no fear of authority? Do what is good, and you will receive its approval.
၄ အစိုးရအရာရှိတွေက ဘုရားသခင်ကို အစေခံပြီးတော့ ခင်ဗျားရဲ့အကျိုးအတွက် အလုပ်လုပ်ကြတာ ဖြစ်တယ်။ ဘုရားသခင်ရဲ့အစေခံက သူ့ရဲ့ဓါးကို အချည်းနှီးဆောင်ထားတာ မဟုတ်ဘူးဆိုတာ ကျွန်တော်သတိပေးပါတယ်။ ခင်ဗျားက မကောင်းတာကို လုပ်တယ်ဆိုရင် သူက ခင်ဗျားအပေါ် အမျက်ဒေါသထွက်ပြီးတော့ ခင်ဗျားရဲ့ မကောင်းတဲ့လုပ်ရပ်တွေအတွက် ခင်ဗျားကို အပြစ်ပေးလိမ့်မယ်။4 The governing authority serves God and works for your good. But God’s servant does not carry his sword for no reason. He has the right to punish those who do evil. That is why such people will live in fear of punishment.
၅ မှန်တာကို လုပ်ပြီးတော့ ကောင်းတဲ့အသိစိတ်အတိုင်း ခင်ဗျားတို့တွေ အသက်ရှင်ကြရမယ်။ ဒါဆို ခင်ဗျားတို့တွေက အပြစ်ဒဏ်ပေးမှာကို ကြောက်ရွံ့လို့မဟုတ်ဘဲနဲ့ အစိုးရအာဏာပိုင်တွေကို နာခံကြလိမ့်မယ်။5 You should submit to the authorities not only because of fear of punishment, but also because your conscience tells you to do it.
၆ အစိုးရအာဏာပိုင်တွေက သူတို့ရဲ့တာဝန်ဝတ္တရားတွေကို အမြဲကျေပွန်ကြတယ်။ ဒီနည်းနဲ့ သူတို့တွေက ဘုရားသခင်ကို အစေခံကြတယ်။ ဒါကြောင့် ခင်ဗျားတို့တွေဟာ ကောင်းတဲ့အသိစိတ်နဲ့ ပြုမူကျင့်ကြံပြီး အခွန်တွေကို ပေးဆောင်သင့်ပါတယ်။6 You pay taxes because God has entrusted those in authority with the responsibility of maintaining order. And they are constantly busy fulfilling their duties.
၇ ခင်ဗျားတို့ ပေးရမဲ့အရာမှန်သမျှကို ပေးပစ်ကြပါ။ အခွန်တွေနဲ့ အခငွေကြေးတွေ ကောက်ခံတဲ့သူတွေကို ပေးဆောင်ကြပါ။ လေးစားသင့်တဲ့သူတွေကို လေးစားပြီး ဂုဏ်ပြုသင့်တဲ့သူတွေကို ဂုဏ်ပြုကြပါ။7 So give everything you are required to give. If you need to pay a tax or a fee, pay it. If you need to show respect to someone or give honor to someone, do it.
၈ ချစ်ခြင်းမေတ္တာ အကြွေးတစ်မျိုးကလွဲပြီး ခင်ဗျားတို့မှာ ဘာအကြွေးမှ မရှိရဘူး။ ခင်ဗျားတို့တွေ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ချစ်ကြရမယ်။ တစ်ခြားသူအပေါ် ချစ်ခြင်းမေတ္တာထားတဲ့သူက မောရှေရဲ့ပညတ်ကို လိုက်နာတဲ့သူ ဖြစ်တယ်။8 You should owe nothing to anyone, except one thing: you should always love one another. The one who loves another person has fulfilled the Law of Moses.
၉ ဘုရားသခင်က “လူ့ အသက်ကို မသတ်နဲ့။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို သစ္စာမဖောက်နဲ့။ မခိုးနဲ့။ မမှန်တဲ့သက်သေကို မခံနဲ့။ တခြားသူတွေရဲ့ပိုင်ဆိုင်မှုကို မမက်မောနဲ့” စတဲ့ ဒီပညတ်တော်တွေကို မောရှေကတစ်ဆင့် ပေးခဲ့တယ်။ ဒီပညတ်တော်တွေနဲ့ ကျန်တဲ့ပညတ်တွေအားလုံးက “ကိုယ့်ကိုယ်ကို ချစ်သလို တခြားသူကို ချစ်ပါ” ဆိုတဲ့အရာတစ်ခုတည်းကို ပြောပါတယ်။9 These are the commandments God gave through Moses, “Do not murder. Do not be unfaithful to your spouse. Do not steal. Do not covet what belongs to others.” The meaning of these commandments and of all the others is this, “Love another person as you love yourself.”
၁၀ ချစ်ခြင်းမေတ္တာရှိတဲ့သူက တခြားသူကို မနာကျင်စေဘူး။ အဲ့ဒါကြောင့် ချစ်ခြင်းမေတ္တာရှိတဲ့သူက မောရှေရဲ့ပညတ်ကို လိုက်နာတဲ့သူ ဖြစ်တယ်။10 The one who loves does no harm to another person. So the one who loves fulfills the Law of Moses.
၁၁ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံကြပါ။ ဝိညာဉ်ရေးရာမှာ ကျွန်တော်တို့တွေ နိုးထရမဲ့အချိန် ရောက်လာပြီဆိုတာ ခင်ဗျားတို့ နားလည်သင့်ပါတယ်။ ကျွန်တော်တို့တွေက ခရစ်တော်ကို ယုံကြည်ကြတယ်။ အခုချိန်က ကျွန်တော်တို့ကို ဘုရားသခင် ကယ်တင်မဲ့အခိုက်အတန့်နဲ့ နီးကပ်လာနေတယ်။11 Do this and remember that the time has come to wake up spiritually. Now the day of our salvation is closer than when we first believed in Jesus.
၁၂ ညအချိန်က လွန်သွားပြီ၊ နေ့အချိန် မကြာခင် ရောက်လာလိမ့်မယ်။ ဒါကြောင့် အမှောင်ထဲမှာ ခင်ဗျားတို့ လုပ်ခဲ့တဲ့အရာတွေကို ရပ်တန့်ပါ။ အလင်းထဲမှာနေပြီး ကောင်းတဲ့အကျင့်တွေကိုကျင့်ခြင်းက ခင်ဗျားတို့အတွက် အမှောင်ကိုဆန့်ကျင်မဲ့လက်နက် ဖြစ်လာလိမ့်မယ်။12 The night has passed, and the day is near. So stop doing what you did in the darkness. Live in the light, do what is good, and this will become your weapon against the darkness.
၁၃ ကျွန်တော်တို့က နေ့ရဲ့အလင်းထဲမှာ အသက်ရှင်နေထိုင်သူတွေဖြစ်လို့ မှန်ကန်တာကို လုပ်ကြရအောင်။ အကျင့်စာရိတ္တပျက်တဲ့အသက်တာနဲ့ အသက်မရှင်ကြနဲ့၊ မမူးယစ်ကြနဲ့။ လိင်ကိစ္စအကျင့်ပျက်ခြင်းတွေ၊ အကျင့်စာရိတ္တပျက်တဲ့ အပြုအမူတွေနဲ့ မပတ်သက်ရဘူး။ စကားများရန်မဖြစ်ကြနဲ့ ၊ တစ်ယောက်ကိုတစ်ယောက် မနာလိုငြူစူတာတွေ မဖြစ်ကြနဲ့။13 We live in the light of day. So act the way God wants you to act. Do not live a wild life and do not get drunk. Do not engage in sexual immorality and sexual corruption. Do not quarrel or envy one another.
၁၄ ဘုရားသခင်ရဲ့သဘောသဘာဝသစ်ကို ခင်ဗျားတို့ရဲ့အတွင်းလူအပေါ် ယူတင်ဝတ်ဆင်ကြပါ။ ဒီလိုဆို ခင်ဗျားတို့က သခင်ယေရှုခရစ်တော် ပြုမူခဲ့တဲ့အတိုင်း လိုက်လျှောက်ကြလိမ့်မယ်။ အဲ့ဒါဆို ခင်ဗျားတို့ခန္ဓာကိုယ်ရဲ့အပြစ်လုပ်တတ်တဲ့အလိုဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းရမလဲဆိုတာ စဉ်းစားကြမှာ မဟုတ်တော့ဘူး။14 Instead, put on the new nature of God in your inner person. Then you will act like our Lord Jesus Christ. And you will not think about how to satisfy your sinful desires.

အခန်းကြီး ၁၄

Chapter 14

၁ ယုံကြည်ခြင်းမှာ အားနည်းတဲ့သူတွေနဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံကြပါ။ အငြင်းပွားစရာ ကိစ္စတွေကို သူတို့နဲ့ မငြင်းခုံပါနဲ့။1 Maintain fellowship with people whose faith is weak. And do not argue with them over issues that cause disagreement.
၂ အစားအသောက်တိုင်းကို စားလို့ရတယ်လို့ လူတစ်ယောက်က ယုံကြည်ပေမဲ့ ယုံကြည်ခြင်းအားနည်းတဲ့ အခြားတစ်ယောက်ကတော့ အသီးအရွက်တွေကိုပဲ စားတယ်။2 One person is confident that he can eat any kind of food. But another person, whose faith is still weak, doubts that God has made all food clean. He is afraid that he might accidentally eat meat offered to idols, so he eats only vegetables.
၃ ခင်ဗျားက အစားအသောက်တိုင်းကို စားတဲ့သူဆိုရင် သက်သတ်လွတ်သမားကို အထင်မသေးပါနဲ့။ ပြီးတော့ ခင်ဗျားက သက်သတ်လွတ်သမား ဖြစ်တယ်ဆိုရင် အရာအားလုံးစားတဲ့သူကို မရှုံ့ချပါနဲ့။ ဘုရားသခင်က ခင်ဗျားတို့ နှစ်ယောက်စလုံးကို လက်ခံတယ်ဆိုတာ သတိရပါ။3 The one who eats everything should not look down on those who do not. And the one who refuses to eat certain foods should not judge those who eat everything. Remember that God has accepted each of you.
၄ ခင်ဗျားတို့က တစ်ခြားသူရဲ့ကျွန်ကို ရှုံ့ချခွင့် ရှိတယ်လို့ ထင်နေကြသလား။ ဘုရားသခင်တစ်ပါးတည်းကသာ သူ့ရဲ့အစေခံကျွန်က မှန်သလား မှားသလားဆိုတာ ဆုံးဖြတ်တယ်။ သူ့ရဲ့အစေခံကျွန်က မှားနေတယ်ဆိုရင် ဘုရားသခင်က သူ့ကို ဆုံးမပဲ့ပြင်နိုင်ပါတယ်။4 Do you think you have the right to judge someone who belongs to the Lord? Only the Lord decides whether His servant is right or wrong. And if His servant is wrong, God is able to correct him.
၅ တစ်ချို့နေ့တွေက တစ်ခြားနေ့တွေထက် ပိုအရေးပါတယ်လို့ လူတစ်ယောက်က ထင်ပြီးတော့ နေ့တွေအာလုံးက အတူတူပဲလို့ အခြားတစ်ယောက်က ထင်တယ်။ လူတိုင်း ကိုယ်ယုံကြည်သလို ပြုမူကြပါစေ။5 One person considers some days more important than others. But someone else thinks that all days are the same. Let each one act according to his own convictions.
၆ တစ်ချို့လူတွေက ရက်တစ်ရက်ကို သတ်မှတ်ကြပြီးတော့ အဲ့ဒီရက်ကို ဘုရားသခင်အတွက် ဆက်ကပ်အပ်နှံကြတယ်။ တစ်ခြားသူတွေက အထူးနေ့ရက်တွေ မရှိဘူးလို့ ယုံကြည်ပြီးတော့ ဘုရားသခင်ကို နေ့တိုင်း ညီတူညီမျှဝတ်ပြုကြတယ်။ ဘုရားသခင်က အရာအားလုံးကို စားလို့ရတယ်လို့ ယုံကြည်တဲ့သူတွေကို လက်ခံတယ်။ သူတို့တွေ စားသောက်ကြတဲ့အခါ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြတယ်။ ဘုရားသခင်က အစားအသောက်တစ်ချို့ကို မစားတဲ့သူတွေကိုလည်း လက်ခံတယ်။ သူတို့တွေလည်း အဲ့ဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြတယ်။6 Some people set apart one day and dedicate it to the Lord. But others believe that there are no special days, so they dedicate every day equally to God. One person eats all kinds of food and thanks God for it. But someone else refuses to eat certain foods, yet he still thanks God for what he has.
၇ ကျွန်တော်တို့တွေက ဘုရားသခင်နဲ့ သက်ဆိုင်ကြတဲ့အတွက် ကိုယ့်အတွက် အသက်မရှင်ကြဘူး။ ကျွန်တော်တို့ထဲက ဘယ်သူကမှ ကိုယ့်ရဲ့သေနေ့ကို မရွေးချယ်နိုင်ဘူး။7 None of us lives for himself. Our whole life, from beginning to end, is in the Lord’s hands.
၈ ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ အသက်ရှင်ကြတာဖြစ်ပြီး ကျွန်တော်တို့ရဲ့သေဆုံးခြင်းကလည်း ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေရမယ်။ အခုဘဝမှာ ကျွန်တော်တို့က ဘုရားသခင်နဲ့ သက်ဆိုင်ကြတယ်။ ကျွန်တော်တို့သေတဲ့အခါမှာလည်း ဘုရားသခင်နဲ့ သက်ဆိုင်ကြလိမ့်မယ်။8 While we live, we belong to the Lord. One day our life on earth will end, and even then we will still be with Him. So we always belong to the Lord.
၉ အဲ့ဒါကြောင့် ခရစ်တော်က အသေခံခဲ့ပြီးမှ ပြန်ပြီး ရှင်ပြန်ထမြောက်ခဲ့တယ်။ အခု ခရစ်တော်က အသက်ရှင်တဲ့သူနဲ့ သေသူအထက်မှာ အုပ်စိုးနေတယ်။9 When Christ died and rose again, He showed that He has authority over life and death. That is why He is now Lord of those who are alive and of those whose life on earth has already ended.
၁၀ ဘာဖြစ်လို့ ခင်ဗျားတို့ရဲ့ညီအစ်ကိုကို တရားစီရင်တာလဲ။ ဘာဖြစ်လို့ သူ့ကို အထင်သေးကဲ့ရဲ့တာလဲ။ ကျွန်တော်တို့အားလုံးက ခရစ်တော်ရှေ့မှာ ရပ်ကြရပြီးတော့ ခရစ်တော်က ကျွန်တော်တို့ကို တရားစီရင်မယ်ဆိုတာ သတိရကြပါ။10 Why then do you judge another believer? Why do you look down on him? Remember that one day we will all stand before Christ, and He will judge us.
၁၁ သခင်ဘုရားက “ငါက အသက်ရှင်တဲ့ဘုရားသခင် ဖြစ်တယ်။ လူတစ်ယောက်ချင်းစီတိုင်း ငါရဲ့ရှေ့မှာ ဒူးထောက်ကြလိမ့်မယ်။ လူတိုင်း ငါ့ကို ချီးမွမ်းပြီးတော့ ငါက ဘုရားသခင်ဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုကြလိမ့်မယ်” လို့ ကျမ်းစာထဲမှာ ပြောခဲ့တယ်။11 The Lord says in Scripture, “I am the living God. Everyone will bow down before Me on his knees. Everyone will glorify Me and acknowledge that I am God” (Isaiah 45:23).
၁၂ ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းက ဘုရားသခင်ဆီမှာ ကိုယ့်ရဲ့ဘဝဖြစ်စဉ်ကို အစီရင်ခံရလိမ့်မယ်။12 So, each of us will give an account to God for his life.
၁၃ အဲ့ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် ဆုံးဖြတ်စီရင်နေတာ ရပ်ကြပါ။ အဲ့ဒီအစား ကိုယ့်ကိုယ်ကို ဂရုပြုပြီးတော့ တခြားယုံကြည်သူတွေကို စိတ်မထိခိုက်မိစေအောင်၊ သူတို့တွေကို အပြစ်လုပ်ဖို့ မတွန်းပို့မိအောင် ပြုမူကြပါ။13 So stop judging one another. Instead, pay attention to how you act. Behave in such a way that you do not lead other believers astray or push them toward anything that might weaken their faith.
၁၄ ဘယ်အစားအစာကမှ လူတစ်ယောက်ကို မစင်ကြယ်အောင် မလုပ်နိုင်ဘူးဆိုတာ သခင်ယေရှုအားဖြင့် ကျွန်တော်သိရသလို စိတ်ချမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ အစားအစာတစ်ချို့က သူ့ကိုမစင်ကြယ်စေဘူးလို့ ယုံကြည်နေရင် အဲ့ဒီအစားအစာက သူ့အတွက် မစင်ကြယ်တဲ့အစားအစာ ဖြစ်လာတယ်။14 Because of the Lord Jesus, I know and am fully convinced that no food can make a person unclean. But if someone believes that he should not eat a certain food, and still he eats it, then he goes against his conscience. Then he will feel that he has done wrong and defiled himself.
၁၅ ခင်ဗျား စားသောက်နေတဲ့ အစားအစာကြောင့် ခင်ဗျားရဲ့ညီအစ်ကိုက စိတ်ပျက်နေတယ်ဆိုရင် ခင်ဗျားဟာ သူ့ကို ချစ်ခြင်းမေတ္တာမပါဘဲ ဆက်ဆံနေ တာနဲ့တူတယ်။ ခင်ဗျားရဲ့စားသောက်ခြင်းက ခရစ်တော်အသေခံပေးခဲ့တဲ့ ခင်ဗျားရဲ့ညီအစ်ကိုကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အပြုအမူမျိုးကို မလုပ်ပါနဲ့။15 If another believer gets upset because of what you eat, you are not acting in love toward him. Do not destroy the faith of your brother, for whom Christ died, because of your food.
၁၆ ခင်ဗျားတို့ လုပ်ရပ်ကမှန်တယ်လို့ ခင်ဗျားတို့ယုံကြည်ပေမဲ့ ခင်ဗျားရဲ့ယုံကြည်ချက်က ခင်ဗျားနဲ့လူတွေကို ရန်ဖြစ်စကားများစေတဲ့ အကြောင်းအရာ မဖြစ်သင့်ပါဘူး။16 You are confident that what you are doing is right. But your convictions should not become a cause for arguments or conflicts.
၁၇ ကျွန်တော်တို့က ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲမှာ နေထိုင်အသက်ရှင်ကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဘာကိုစားသလဲ၊ ဘာကိုသောက်သလဲ ဆိုတာတွေက အရေးမကြီးဘူး။ ကျွန်တော်တို့တွေရဲ့ ဖြောင့်မတ်တဲ့အပြုအမူ၊ တခြားသူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တာ၊ ပြီးတော့ သန့်ရှင်းတဲ့ဝိညာဉ်တော်အားဖြင့် ဝမ်းမြောက်ခြင်းတွေက သိပ်အရေးကြီးတယ်။17 Neither food nor drink can show whether a person lives in God’s Kingdom. Instead, God’s Kingdom is manifested through righteousness, peace, and joy that the Holy Spirit gives.
၁၈ ဒီအရာတွေကို ကျင့်ကြံတဲ့သူက ခရစ်တော်ကို အစေခံတဲ့သူ ဖြစ်တယ်။ ဒီလိုမျိုးလူက ဘုရားသခင်ကို ဝမ်းမြောက်စေပြီးတော့ လူတွေရဲ့လေးစားမှုနဲ့ ထိုက်တန်တဲ့သူ ဖြစ်တယ်။18 So the one who acts righteously, lives in peace with God and people, and is filled with the joy of the Holy Spirit serves Christ. Such a person brings joy to God and earns the respect of others.
၁၉ ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှင်နေထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ခြင်း ခိုင်မာအောင် ကြိုးစားအားထုတ်ကြပါ။19 So do everything you can to live in peace with everyone and strengthen one another’s faith.
၂၀ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ အငြင်းမပွားကြပါနဲ့၊ ဘုရားသခင်ရဲ့အလုပ်ကို မဖျက်ဆီးကြပါနဲ့။ ဘယ်အစားစာကမှ လူတစ်ယောက်ကို မစင်ကြယ်အောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့စားတဲ့ အစားအစာကြောင့် ခင်ဗျားတို့ရဲ့ ညီအစ်ကိုက စိတ်ပျက်တယ်ဆိုရင် ခင်ဗျားတို့တွေ မှားနေပြီ။20 Do not argue with one another over food, and do not destroy what God is doing in another person’s life. No food can make a person unclean. But if another believer gets upset because of what you eat, then you are acting wrongly.
၂၁ တကယ်လို့ အမဲသားစားတာနဲ့ ဝိုင်အရက်သောက်တာက ခင်ဗျားတို့ရဲ့ညီအစ်ကိုကို စိတ်ပျက်စေတယ် ဒါမှမဟုတ် အပြစ်လုပ်မိအောင် တွန်းပို့စေတယ်ဆိုရင် အသားမစားကြနဲ့၊ ဝိုင်အရက်ကို မသောက်ကြနဲ့။ ခင်ဗျားတို့ရဲ့ အပြုအမူတွေက တခြားသူရဲ့ ယုံကြည်ခြင်းကို အားနည်းစေမဲ့အရာတွေကို မလုပ်ကြနဲ့။21 It is better to give up meat, wine, or anything else if another believer gets upset, goes against his conscience, or if his faith becomes weaker.
၂၂ ခင်ဗျားတို့က မှန်တယ်လို့ ယုံကြည်နေကြတာလား။ ဒါဆို ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ခံယူချက်အဖြစ် ခင်ဗျားတို့နဲ့ ဘုရားသခင်ရဲ့ အကြားမှာ ရှိပါစေ။ ကိုယ်ပိုင်ရွေးချယ်မှု လုပ်ခဲ့ပြီးတော့ အပြစ်ရှိတယ်လို့ မခံစားရတဲ့သူက မင်္ဂလာရှိတဲ့သူ ဖြစ်တယ်။22 Do you believe that you are right? Let this be your personal conviction and let it remain between you and God. Blessed is the person who has made his choice and does not feel guilty.
၂၃ ခင်ဗျားတို့ဟာ စားသောက်ပြီးမှ ကိုယ်လုပ်နေတာ မှန်သလား၊ မှားသလားဆိုတဲ့ သံသယစိတ်ရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခင်ဗျားတို့ ခံစားရလိမ့်မယ်။ အဲ့ဒါက ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းကို ဆန့်ကျင်တာဖြစ်ပြီး ခင်ဗျားတို့တွေ အပြစ်လုပ်နေတယ်လို့ ဆိုလိုတယ်။23 But if you eat and doubt whether you are doing the right thing, you will feel guilty. In that case, you are acting against your faith. And that means you are sinning.

အခန်းကြီး ၁၅

Chapter 15

၁ ကျွန်တော်တို့တွေက ခိုင်မာကြပြီဖြစ်လို့ ကျွန်တော်တို့ထက် ပိုအားနည်းတဲ့သူတွေရဲ့ အားနည်းချက်တွေကို စိတ်ရှည်သည်းခံနိုင်ကြရမယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့အကျိုးစီးပွားကိုပဲ အာရုံမစိုက်သင့်ပါဘူး။1 We who are strong in faith should patiently support those who are weaker than us. We should not focus only on our own interests.
၂ ကျွန်တော်တို့တွေက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီးတော့ ကောင်းတာကို လုပ်ဆောင်ကြရမယ်။ ဒါမှ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းက ခိုင်မာလာမယ်။2 Instead, each of us should care about others. We should act in a way that benefits others and strengthens their faith.
၃ ခရစ်တော်က သူ့အတွက် အသက်မရှင်ခဲ့ဘဲနဲ့ ဘုရားသခင်အတွက် အသက်ရှင်ခဲ့တယ်။ ကျမ်းစာက “ဘုရားသခင်၊ လူတွေက ကိုယ်တော့်ကို စော်ကားကြတယ်။ ဒီ စော်ကားမှုတွေကို ကျွန်တော့် အပေါ်မှာ ယူတင်ပါတယ်” လို့ ပြောတယ်။3 Christ did not live for Himself, but for God. The Scripture says that He took upon Himself the insults that people spoke against God (Psalm 69:9).
၄ ကျွန်တော်တို့က ပရောဖက်တွေ ဟိုးအရင်က ကျွန်တော်တို့အတွက် ရေးခဲ့ကြတဲ့ ကျမ်းစာကို ဖတ်ရှုကြတယ်။ ကျမ်းစာအားလုံးက ကျွန်တော်တို့ကို စိတ်ရှည်သည်းခံဖို့ သွန်သင်ပေးတယ်။ ကျမ်းစာက ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ ဘယ်တော့မှ မပျောက်ဆုံးဘူးဆိုပြီး ကျွန်တော်တို့ကို ခွန်အားပေးထားတယ်။4 What we read in Scripture today was written long before our time. All Scripture teaches us patience and helps us not lose hope.
၅ ဘုရားသခင်က ကျွန်တော်တို့ကို စိတ်ရှည်သည်းခံခြင်းပေးပြီးတော့ ခွန်အားပေးတယ်။ ခင်ဗျားတို့တွေ တစ်ယောက်နဲ့တစ်ယောက် သဘောတူညီစွာ အသက်ရှင်နေထိုင်ကြပြီးတော့ ယေရှုခရစ်တော်ရဲ့သွန်သင်ချက်ကို လိုက်လျှောက်ကြဖို့ ဘုရားသခင်က ကူညီပေးလိမ့်မယ်။5 God makes us patient. He encourages and supports us. May He help you live in harmony with one another and act according to the teaching of Jesus Christ.
၆ တူညီတဲ့ အမြင်တွေရှိကြပါ။ ပြီးတော့ ကျွန်တော်တို့သခင် ယေရှုခရစ်တော်ရဲ့အဖ ဘုရားသခင်ကို စည်းစည်းလုံးလုံး ချီးမွမ်းကြပါ။6 Then all of you, in full unity, will glorify God, the Father of our Lord Jesus Christ.
၇ ခရစ်တော်က ခင်ဗျားတို့ကို လက်ခံခဲ့သလို ခင်ဗျားတို့လည်း တစ်ယောက်ကိုတစ်ယောက် လက်ခံကြရမယ်။ အဲ့ဒါက ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေမယ်။7 Christ has accepted you. So accept one another, and in this way you will glorify God.
၈ ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ အာဗြဟံ၊ ဣဇက်နဲ့ ယာကုပ်တို့ဆီ ဘုရားသခင် ပေးခဲ့တဲ့ကတိတော်ကို ပြည်စုံစေဖို့ ခရစ်တော်က အရေဖျားလှီးတဲ့ယုဒလူမျိုးတွေဆီ အမှုဆောင်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ပြောပြတာဖြစ်တယ်။ ဘုရားသခင်က ခရစ်တော်အားဖြင့် သူ့ရဲ့သမ္မာတရားကို ယုဒလူမျိုးတွေဆီ ပြသခဲ့တယ်။8 I say this because Christ served the Jews. And through Him, God showed them that He fulfills what He promised to our fathers—Abraham, Isaac, and Jacob.
၉ ခရစ်တော်က လူမျိုးခြားတွေဆီလည်း အမှုဆောင်ခဲ့တယ်။ လူမျိုးခြားတွေက ဘုရားသခင်ကို ချီးမွမ်းကြဖို့ ဘုရားသခင်က သူ့ရဲ့ကျေးဇူးတော်အားဖြင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ကျမ်းစာက “သခင်ဘုရား၊ လူမျိုးခြားတွေကြားမှာ ကိုယ်တော့်ကို ကျွန်တော် ချီးမွမ်းမယ်။ ကိုယ်တော့်ရဲ့နာမတော်ကို ကျွန်တော် ချီးမွမ်းသီချင်း သီဆိုပါမယ်” လို့ ပြောတယ်။9 Christ also served people from other nations. And through Him, God showed them His mercy so that they would glorify Him. Scripture says, “Lord, I will praise You among the nations. I will sing praises to Your name” (Psalm 18:49).
၁၀ ကျမ်းစာက “လူမျိုးခြားတို့၊ ဘုရားသခင်ရဲ့လူတွေနဲ့ အတူ ဝမ်းမြောက်ကြပါ” လို့လည်း ပြောပါတယ်။10 Scripture also says, “Rejoice, all nations, together with His people” (Deuteronomy 32:43).
၁၁ “လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြပါ။ လူမျိုးနွယ်အပေါင်းတို့၊ ထာဝရဘုရားကို ချီးမြှောက်ကြပါ” လို့လည်း ကျမ်းစာထဲမှာ ကျွန်တော်တို့ ဖတ်ရှုရတယ်။11 It is also said in Scripture, “Praise the Lord, all nations. Glorify Him, all peoples” (Psalm 117:1).
၁၂ ပရောဖက် ဟေရှာယကလည်း “ရှင်ဘုရင်ဒါဝိဒ်ရဲ့ မိသားစုကနေ ဆင်းသက်တဲ့သူ ပေါ်လာလိမ့်မယ်။ သူက လူမျိုးနွယ်တွေကို အုပ်စိုးပြီးတော့ လူမျိုးခြားတွေက သူတို့ရဲ့မျှော်လင့်ချက်ကို သူ့ဆီမှာ ထားကြလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။12 The prophet Isaiah also says, “A descendant from the family of King David will rise. He will rule over the nations, and all nations will put their hope in Him” (Isaiah 11:10).
၁၃ ဘုရားသခင်က မျှော်လင့်ခြင်းရဲ့ အရင်းအမြစ် ဖြစ်တယ်။ ဘုရားသခင်ကို ကိုးစားပါ။ ဘုရားသခင်က အကြွင်းမဲ့ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ဖြည့်ပေးလိမ့်မယ်။ ဘုရားသခင်က ခင်ဗျားတို့ကို သန့်ရှင်းတဲ့ဝိညာဉ်ရဲ့တန်ခိုးတော်အားဖြင့် မျှော်လင့်ခြင်းနဲ့ ကြွယ်ဝစေလိမ့်မယ်။13 God is the source of hope. Trust in Him, and He will fill you with great joy and peace. The Holy Spirit works in you with His power so that you will never lose this hope.
၁၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့တွေက တစ်ယောက်ကိုတစ်ယောက် ကြင်နာကြတယ်ဆိုတာ ကျွန်တော် စိတ်ချပါတယ်။ အကြောင်းအရာတွေအများကြီးကို ခင်ဗျားတို့ သိကြပြီဖြစ်လို့ ခင်ဗျားတို့တွေက တစ်ယောက်ကိုတစ်ယောက် သွန်သင်နိုင်ကြပါတယ်။14 My brothers, I am confident that you are kind to one another. And you have all the knowledge you need to share it with one another.
၁၅ ညီအစ်ကိုတို့၊ ဘုရားသခင်ဆီက ကျွန်တော် ရခဲ့တဲ့ ဆုကျေးဇူးအကြောင်းကို သတိပေးချင်လို့ ခင်ဗျားတို့ဆီ ရဲရဲရင့်ရင့် စာရေးလိုက်ပါတယ်။15 Brothers, I am writing to you quite directly to remind you of the gift I received through God's grace.
၁၆ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကျွန်တော့်ကို သူ့ရဲ့ယဇ်ပုရောဟိတ်ဖြစ်စေခဲ့တဲ့ ယေရှုခရစ်တော်ကို ကျွန်တော် အစေခံပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်က လူမျိုးခြားတွေကြားမှာ သတင်းကောင်းကို ပြန့်နှံ့စေပြီးတော့ သန့်ရှင်းတဲ့ဝိညာဉ်တော်က သူတို့ကို သန့်ရှင်းစင်ကြယ်စေပါတယ်။ ကျွန်တော်က ယဇ်ပုရောဟိတ် တစ်ယောက်အနေနဲ့ တခြားလူမျိုးတွေကို ဘုရားသခင်ဆီ ခေါ်ဆောင်လာတာဖြစ်လို့ ကျွန်တော့်ရဲ့အမှုဆောင်ခြင်းက ဘုရားသခင်ကို ဝမ်းမြောက်စေပါတယ်။16 I serve Jesus Christ among different nations and, as a priest, I bring them to God. I share the Good News with them, and the Holy Spirit makes these nations holy. And such ministry brings joy to God.
၁၇ ကျွန်တော်က ယေရှုခရစ်တော်နဲ့ သက်ဆိုင်သူဖြစ်ပြီးတော့ ဘုရားသခင်ကို အစေခံနေပါတယ်။ ဘုရားသခင်ကို အစေခံခြင်းက ကျွန်တော့်ကို ဝမ်းမြောက်စေတယ်။17 So I also rejoice in everything that Jesus Christ does through me as I serve God.
၁၈ ခရစ်တော်က ကျွန်တော့်အားဖြင့် လုပ်ဆောင်ခဲ့တဲ့ အလုပ်အကြောင်းကို ခင်ဗျားတို့ဆီ ကျွန်တော် ရဲရဲရင့်ရင့် ပြောပြချင်ပါတယ်။ ခရစ်တော်အကြောင်းကို လူမျိုးခြားတွေဆီ ကျွန်တော် ဟောပြောတဲ့အခါ ကျွန်တော့် လုပ်ဆောင်ချက်တွေကို သူတို့တွေ မြင်ပြီးတော့ ကျွန်တော့်စကားကို ယုံကြည်ခဲ့ကြတယ်။ ဒီနည်းနဲ့ လူမျိုးခြားတွေက ဘုရားသခင်ကို နာခံလာခဲ့ကြတယ်။18 I am not speaking about myself, but only about the work that Christ has done through me. When I preached to people from different nations, they believed what they heard and saw. So they turned to God in faith to live the way He wants.
၁၉ ဘုရားသခင်က ကျွန်တော့်အားဖြင့် ကြီးမားစွာ အလုပ်လုပ်ခဲ့တယ်။ သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့အစွမ်းတန်ခိုးက သဘာဝလွန်နိမိတ်လက္ခဏာတွေကို ပြသခဲ့ပြီးတော့ သဘာဝလွန်အံ့သြစရာ ထင်ရှားခြင်းတွေကို လူတွေ မြင်တွေ့ခဲ့ကြတယ်။ ယေရုရှလင်ကနေ ဣလုရိတ်ကို ကျွန်တော် သွားတဲ့အချိန် လမ်းခရီးမှာ ခရစ်တော်အကြောင်း သတင်းကောင်းကို နေရာတိုင်းမှာ ကျွန်တော် ဖြန့်ဝေခဲ့တယ်။19 God worked mightily through the power of His Spirit. He performed miracles, and people saw supernatural signs. As I traveled from Jerusalem to Illyricum, I spread the Good News of Christ everywhere.
၂၀ ကျွန်တော့်ရဲ့အမှုဆောင်ခြင်းကို တခြားသူတစ်ယောက်ရဲ့အုတ်မြစ်ပေါ်မှာ ကျွန်တော် မတည်ဆောက်ချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ခရစ်တော်နာမကို လုံးဝမကြားဖူးသေးတဲ့လူတွေရှိတဲ့ နေရာတွေဆီ သတင်းကောင်းကို သယ်ဆောင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ခဲ့တယ်။20 I did not want to preach where someone else had already begun his ministry. So my goal was to go where people had not yet heard the name of Christ.
၂၁ ကျမ်းစာက “ဘုရားသခင်အကြောင်းကို လုံးဝ မသိခဲ့တဲ့သူတွေက ဘုရားသခင်ကို မြင်ကြလိမ့်မယ်။ ဘုရားသခင်အကြောင်းကို လုံးဝ မကြားခဲ့ဖူးတဲ့သူတွေက ဘုရားသခင်ကို သိကြလိမ့်မယ်” လို့ ပြောခဲ့တယ်။21 Scripture says, “Those who knew nothing about Him will see Him. Those who never heard about Him will learn about Him” (Isaiah 52:15).
၂၂ ခင်ဗျားတို့ဆီ ကျွန်တော် အကြိမ်ကြိမ် လာလည်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားနေရာတွေမှာ အမှုဆောင်နေခဲ့လို့ ခင်ဗျားတို့ဆီ ကျွန်တော် မလာနိုင်ခဲ့ဘူး။22 I have wanted to come to you many times, but I was working in other places, so I postponed this trip.
၂၃ ကျွန်တော် ခင်ဗျားတို့ကို တွေ့ချင်နေခဲ့တာ နှစ်အတော်ကြာပြီ။ အခုတော့ အရင်က ကျွန်တော် ဟောပြောခဲ့တဲ့နေရာက ကျွန်တော့်ရဲ့လုပ်ငန်းတွေကို ကျွန်တော် လုပ်ပြီးသွားပြီ။23 For many years I have wanted to visit you. Now I have finished my ministry in the places where I preached before.
၂၄ စပါနိပြည်ကို သွားဖို့ ကျွန်တော် စီစဉ်နေပါတယ်။ သွားတဲ့လမ်းခရီးမှာ ခင်ဗျားတို့နေရာ ရောမမြို့မှာ ကျွန်တော် ရပ်နားမယ်။ ခင်ဗျားတို့နဲ့ တွေ့ပြီးတော့ တကယ့်အချိန်ကောင်းကို အတူတူ ဖြတ်သန်းရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲ့ဒါပြီးရင် ကျွန်တော် စပါနိပြည် သွားဖို့အတွက် ခင်ဗျားတို့ကို ကူညီစေချင်ပါတယ်။24 I am planning a trip to Spain, and on the way I will stop in Rome. I hope to see you and spend some time with you. After that, I would like you to help me get to Spain.
၂၅ အရင်ဦးဆုံး ယေရုရှလင်မှာရှိတဲ့ ဘုရားသခင်ရဲ့သန့်ရှင်းတဲ့လူတွေကို အစေခံဖို့ ကျွန်တော် ယေရုရှလင်ကို သွားမယ်။25 Now I am going to Jerusalem to serve God's holy people.
၂၆ မာကေဒေါနိပြည်နဲ့ အခါယမှာရှိတဲ့ ယုံကြည်သူတွေက ယေရုရှလင်မှာရှိတဲ့ မရှိဆင်းရဲတဲ့ယုံကြည်သူတွေအတွက် အလှူငွေ စုဆောင်းခဲ့ကြတယ်။26 The believers in Macedonia and Achaia have collected an offering to help the believers in Jerusalem who were in need.
၂၇ သူတို့တွေက ယုဒလူမျိုးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီအရာကို ဝမ်းပန်းတသာ လုပ်ခဲ့ကြတယ်။ အရင်ဦးဆုံး ယုဒလူမျိုးတွေက သူတို့ရဲ့ ဝိညာဉ်နဲ့ဆိုင်တဲ့ ကောင်းကြီး မင်္ဂလာတွေကို လူမျိုးခြားတွေနဲ့ မျှဝေခဲ့ကြတယ်။ အခု လူမျိုးခြားတွေက သူတို့ရဲ့ ရုပ်ဝတ္ထုကောင်းကြီးမင်္ဂလာတွေနဲ့ ယုဒလူမျိုးတွေကို အမှုဆောင်သင့်ပါတယ်။27 They did this gladly, because they are grateful to the Jewish people. The Jews first shared their spiritual blessings with other nations. And now these nations should serve the Jews with their material blessings.
၂၈ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးတော့ သူတို့ရဲ့အလှူတွေကို ကျွန်တော်ကိုယ်တိုင် ယေရုရှလင်ကို သယ်ဆောင်သွားမယ်။ ပြီးတော့မှ ကျွန်တော် စပိန်ကို ခရီးဆက်ပြီးတော့ ခင်ဗျားတို့ရဲ့နေရာ ရောမမြို့မှာ ရပ်နားမယ်။28 I will complete this task and personally deliver their offering to Jerusalem. After that, I will go to Spain and stop by to see you in Rome.
၂၉ ကျွန်တော် ခင်ဗျားတို့ဆီကို လာတဲ့အခါ ခင်ဗျားတို့အတွက် ခရစ်တော်အကြောင်းသတင်းကောင်း ယူလာမယ်။ ပြီးတော့ ဘုရားသခင်က ခင်ဗျားတို့ကို ကြွယ်ဝပြည့်စုံစွာနဲ့ ကောင်းကြီးပေးမယ်ဆိုတာ ကျွန်တော် သေချာတယ်။29 When I come to you, I will bring you the Good News about Christ. And I am confident that God will bless you abundantly.
၃၀ ညီအစ်ကိုတို့၊ သန့်ရှင်းတဲ့ဝိညာဉ်တော်က သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကျွန်တော်တို့ကို ပေါင်းစည်းစေခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော်ရော ကျွန်တော့်ရဲ့ စိန်ခေါ်မှုများတဲ့ အမှုတော်မြတ်အတွက်ပါ ပုံမှန်ဆုတောင်းပေးကြပါလို့ သခင်ယေရှုခရစ်တော်နာမနဲ့ ခင်ဗျားတို့ကို အထူးတောင်းဆိုပါတယ်။30 Brothers, the Holy Spirit has filled us with His love. So in the name of our Lord Jesus Christ, I ask you to keep praying for me and for my challenging ministry.
၃၁ ဘုရားသခင်က ကျွန်တော့်ကို ယုဒပြည်မှာရှိတဲ့ မယုံကြည်သူတွေ လက်ထဲကနေ လွတ်မြောက်စေဖို့ ဆုတောင်းကြပါ။ ယေရုရှလင်မှာရှိကြတဲ့ ဘုရားသခင်ရဲ့သန့်ရှင်းတဲ့လူတွေက ကျွန်တော့်ရဲ့အစေခံခြင်းကို ကောင်းကောင်းမွန်မွန် လက်ခံကြဖို့အတွက်လည်း ဆုတောင်းပေးကြပါ။31 Pray that God would deliver me from the unbelievers who live in Judea. Pray also that God’s holy people in Jerusalem would receive my ministry well.
၃၂ ဘုရားသခင် အလိုတော်ရှိရင် ဒါတွေအပြီးမှာ ကျွန်တော် ခင်ဗျားတို့ဆီ ဝမ်းပန်းတသာလာပြီးတော့ ခင်ဗျားတို့ရဲ့နေရာမှာ အနားယူမယ်။32 And if it is God’s will, after that I will gladly come to you and find rest with you.
၃၃ ဘုရားသခင်က ခင်ဗျားတို့ကို ငြိမ်သက်ခြင်းပေးပါစေ။ ဘုရားသခင်က ခင်ဗျားတို့နဲ့ အမြဲတမ်း အတူရှိပါစေ။ အာမင် - ပြည့်စုံပါစေ။33 May God always be with you, and may His peace fill your hearts. Amen.

အခန်းကြီး ၁၆

Chapter 16

၁ ကင်ခြေမြို့က အသင်းတော်မှာ သင်းထောက်အနေနဲ့ အစေခံနေတဲ့ ကျွန်တော်တို့ရဲ့ညီမ ဖိဗေနဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးချင်ပါတယ်။1 I want to introduce you to our sister Phoebe, who serves as a deaconess in the church in the city of Cenchrea.
၂ ခင်ဗျားတို့က ဘုရားသခင်ရဲ့သန့်ရှင်းတဲ့လူတွေ ဖြစ်ကြတယ်။ ဒါကြောင့် သူမကို ဘုရားသခင်ရဲ့နာမနဲ့ ကောင်းကောင်းမွန်မွန်လက်ခံကြဖို့ ခင်ဗျားတို့ကို ကျွန်တော် တောင်းဆိုပါတယ်။ သူမက ကျွန်တော်နဲ့ တခြားလူတွေ အများကြီးကို ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့လည်း သူမရဲ့လိုအပ်ချက်တွေတိုင်းမှာ ကူညီပြီးတော့ ပံ့ပိုးပေးသင့်ပါတယ်။2 You are God’s holy people. And I ask you to welcome her in a worthy way, as a woman who has devoted her life to the Lord. She has helped me and many others. So now you also help her and provide her with everything she needs.
၃ ကျွန်တော်တို့နဲ့အတူ ယေရှုခရစ်တော်အတွက် အလုပ်လုပ်ခဲ့ကြတဲ့ ပြစ်ကိလနဲ့ အာကုလဆီ ကျွန်တော့်ရဲ့နှုတ်ဆက်စကား ပြောပေးကြပါ။3 Give my greetings to Priscilla and Aquila, who worked together with us for Jesus Christ.
၄ သူတို့တွေက ကျွန်တော့်အတွက် သူတို့ရဲ့အသက်ကို အရဲစွန့်ခဲ့ကြလို့ ကျွန်တော်က သူတို့ကို ကျေးဇူးတင်သလို လူမျိုးခြားအသင်းတော်တွေအားလုံးကလည်း သူတို့ကို ကျေးဇူးတင်ကြတယ်။ ပြစ်ကိလနဲ့ အာကုလရဲ့အိမ်မှာ စုဝေးကြတဲ့ ယုံကြည်သူတွေဆီ ကျွန်တော့်ရဲ့နှုတ်ဆက်စကား ပြောပေးကြပါ။4 I am grateful to them because they risked their lives for me. And all the churches made up of people from different nations are grateful to them as well. Greet the church that meets in their home.
၅ ကျွန်တော်တို့ ချစ်ရတဲ့ညီအစ်ကို ဧပဲနက်ဆီ ကျွန်တော့်ရဲ့နှုတ်ဆက်စကား ပြောပေးကြပါ။ သူဟာ အာရှိပြည်မှာ ခရစ်တော်ကို ပထမဦးဆုံး လက်ခံခဲ့တဲ့သူ ဖြစ်တယ်။5 Give my greetings to my dear brother Epenetus, who was the first to come to Christ in the province of Asia.
၆ ကျွန်တော်တို့အတွက် ကြီးကြီးမားမား အလုပ်လုပ်ပေးခဲ့တဲ့ မာရိကို နှုတ်ဆက်ပေးပါ။6 Greet Mary, who has worked hard for you.
၇ ကျွန်တော်နဲ့ ထောင်ထဲမှာ ရှိခဲ့ကြတဲ့ ကျွန်တော့်ရဲ့အမျိုးတွေဖြစ်တဲ့ အန္ဒြောနိတ်နဲ့ ယုနိတို့ဆီ ကျွန်တော့်ရဲ့နှုတ်ဆက်စကား ပြောပေးကြပါ။ သူတို့တွေက ကျွန်တော့်ထက်အရင် ခရစ်တော်ကို ယုံကြည်ခဲ့ကြပြီးတော့ တမန်တော်တွေထဲမှာ အထူးလေးစားခံရတဲ့သူတွေ ဖြစ်တယ်။7 Give my greetings to my relatives Andronicus and Junia, who were imprisoned with me. They believed in Christ before I did, and they are highly respected among the other apostles.
၈ သခင်ဘုရားအားဖြင့် ကျွန်တော့်အတွက် ချစ်ခင်ရတဲ့သူဖြစ်လာခဲ့တဲ့ ညီလေး အမ္ပလိကို နှုတ်ဆက်ပေးကြပါ။8 Greet Ampliatus, who has become especially dear to me as a brother in Christ.
၉ ကျွန်တော်တို့နဲ့အတူ ခရစ်တော်အတွက် အလုပ်လုပ်ခဲ့တဲ့ ဥရဗန်ဆီ ကျွန်တော့်ရဲ့နှုတ်ဆက်စကား ပြောပေးကြပါ။ ကျွန်တော်တို့ချစ်ရတဲ့ ညီလေးသတာခုကိုလည်း နှုတ်ဆက်စကား ပြောပေးကြပါ။9 Give my greetings to Urbanus, who worked together with us for the Lord. Also greet my dear brother Stachys.
၁၀ စုံစမ်းခြင်းတွေကို ဖြတ်သန်းခဲ့ရပြီး ခရစ်တော်အပေါ် သူ့ရဲ့သစ္စာရှိမှုကို ပြသခဲ့တဲ့ အပေလေဆီ ကျွန်တော့်ရဲ့ နှုတ်ဆက်စကား ပြောပေးကြပါ။ အာရိတ္တောဗုလုရဲ့မိသားစုတွေထဲက ယုံကြည်သူတွေကို နှုတ်ဆက်စကား ပြောပေးကြပါ။10 Give my greetings to Apelles, who has gone through trials and shown his faithfulness to Christ. Greet all the believers in the household of Aristobulus.
၁၁ ကျွန်တော့်ရဲ့အမျိုး ဟေရောဒျုန်ဆီ ကျွန်တော့်ရဲ့ နှုတ်ဆက်စကားတွေ ပြောပေးကြပါ။ နာကိသုရဲ့မိသားစုထဲက ဘုရားသခင်ဆီ လှည့်ခဲ့ကြတဲ့သူတွေကို နှုတ်ဆက်ကြပါ။11 Give my greetings to my relative Herodion. Greet also those in the household of Narcissus who have come to the Lord.
၁၂ ဘုရားသခင်အတွက် အလုပ်လုပ်နေကြတဲ့ တရုဖဲန နဲ့ တရုဖေါသဆီ ကျွန်တော့်ရဲ့ နှုတ်ဆက်စကားတွေ ပြောပေးကြပါ။ ဘုရားသခင်အတွက် ကြီးမားတဲ့အလုပ်ကို လုပ်ခဲ့တဲ့ ချစ်ခင်ရတဲ့ပေရသိကို နှုတ်ဆက်ပေးကြပါ။12 Give my greetings to Tryphena and Tryphosa, who work for the Lord. Greet also our dear sister Persis, who has worked hard for the Lord.
၁၃ ဘုရားသခင် ရွေးကောက်တဲ့ ရုဖုနဲ့ ကျွန်တော့်အတွက်လည်း အမေလို ဖြစ်နေတဲ့ သူ့ရဲ့အမေဆီ ကျွန်တော့်ရဲ့နှုတ်ဆက်စကားတွေ ပါးပေးကြပါ။13 Give my greetings to Rufus chosen by the Lord. Greet also his mother, who has become a mother to me as well.
၁၄ အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေနဲ့ သူတို့နဲ့အတူရှိနေတဲ့ တခြားညီအစ်ကိုတွေကို နှုတ်ဆက်ပေးကြပါ။14 Greet Asyncritus, Phlegon, Hermas, Patrobas, Hermes, and the other brothers who are with them.
၁၅ ဖိလောလုပ်၊ ယုလိ၊ နေရုနဲ့ နေရုရဲ့ညီမ၊ သြလုမ္ပနဲ့ သူတို့နဲ့အတူရှိနေတဲ့ ယုံကြည်သူတွေအားလုံးဆီ ကျွန်တော့်ရဲ့ နှုတ်ဆက်စကား ပြောပေးကြပါ။15 Give my greetings to Philologus and Julia, Nereus and his sister, Olympas, and all the believers who are with them.
၁၆ သန့်ရှင်းတဲ့အနမ်းနဲ့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြပါ။ ခရစ်တော်နဲ့သက်ဆိုင်တဲ့ အသင်းတော်တွေအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်စကားတွေ ပို့သကြတယ်။16 As a sign of God’s holy love, greet one another with a brotherly kiss. All the churches that belong to Christ send you their greetings.
၁၇ ညီအစ်ကိုတို့၊ ခင်ဗျားတို့တွေက ခရစ်တော်ရဲ့ဆုံးမသြဝါဒကို ယုံကြည်ကြတယ်။ ဒီဆုံးမသြဝါဒကို ဆန့်ကျင်တဲ့သူတွေရဲ့ အဝေးမှာနေကြဖို့ ခင်ဗျားတို့ကို ကျွန်တော် အထူးတောင်းဆိုပါတယ်။ ဒီလိုလူတွေက ကွဲပြားခြင်းတွေကို ဖြစ်စေပြီးတော့ တခြားသူတွေကို အပြစ်လုပ်ဖို့ လှုံ့ဆော်ကြတယ်။ ဒီလိုမျိုးလူတွေနဲ့ အပေါင်းအသင်းလုပ်တာကို ရှောင်ကြပါ။17 Brothers, you follow the teaching of Christ. So I strongly urge you to stay away from those who go against this teaching. Such people cause division and lead others into sin. So avoid fellowship with them.
၁၈ ဒီလိုမျိုးလူတွေက ကျွန်တော်တို့သခင် ယေရှုခရစ်တော်ရဲ့အစေကို မခံကြဘဲနဲ့ သူတို့ရဲ့ကိုယ်ပိုင်စိတ်ဝင်စားတဲ့အရာတွေကို အစေခံကြတယ်။ သူတို့ရဲ့အပြောအဆိုကို စိတ်ဝင်စားစရာကောင်းအောင် လုပ်ကြတယ်။ သူတို့တွေဟာ ရိုးရှင်းတဲ့လူတွေရဲ့နှလုံးသားကို မြောှက်ပင့်ပြီးတော့ လှည့်ဖြားကြတယ်။18 Such people do not serve our Lord Jesus Christ, but pursue their own interests. They speak smoothly, flatter others, and take advantage of people’s trust to deceive them.
၁၉ ခင်ဗျားတို့က ဘုရားသခင်ကို ယုံကြည်ခဲ့ကြပြီးတော့ ဘုရားသခင်ကို နာခံခဲ့ကြတယ်ဆိုတာ လူတိုင်းက သိကြတယ်။ အဲ့ဒါက ကျွန်တော့်ကို ဝမ်းသာစေတယ်။ ခင်ဗျားတို့ကို မကောင်းတာလုံးဝမလုပ်ဘဲ ကောင်းတာကိုလုပ်တဲ့ ပညာရှိတဲ့လူတွေ ဖြစ်စေချင်တယ်။19 Everyone knows that when you came to God, you began to live the way God wants you to live, and it brings me joy. I want you to be wise in doing what is good and to have nothing to do with evil.
၂၀ ဘုရားသခင်က ငြိမ်းချမ်းခြင်းရဲ့ အရင်းအမြစ် ဖြစ်တယ်။ မကြာခင်မှာ ဘုရားသခင်က စာတန်ကို ခင်ဗျားတို့ရဲ့ ခြေထောက်အောက်မှာ ချေမှုန်းလိမ့်မယ်။ ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ထဲမှာ အသက်ရှင်ကြပါ။ အာမင် - ပြည့်စုံပါစေ။20 God is the source of peace. Soon He will crush Satan under your feet. Live in the grace of our Lord Jesus Christ. Amen.
၂၁ ကျွန်တော်က တိမောသေနဲ့အတူ သခင်ဘုရားအတွက် အလုပ်လုပ်နေပါတယ်။ သူက ခင်ဗျားတို့ကို နှုတ်ဆက်စကား ပါးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆွေမျိုး လုကိ၊ ယာသုန် နဲ့ သောသိပေတရုတို့ကလည်း ခင်ဗျားတို့ကို နှုတ်ဆက်ကြပါတယ်။21 Timothy, who works with me for the Lord, sends you his greetings. My relatives Lucius, Jason, and Sosipater also greet you.
၂၂ ကျွန်တော် တေရတိက ပေါလုကိုယ်စား ဒီစာကို ရေးပေးလိုက်ပါတယ်။ သခင်ဘုရားကို ကျွန်တော် ယုံကြည်တယ်၊ ပြီးတော့ ကျွန်တော်လည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။22 I, Tertius, wrote this letter as Paul dictated it. I also believe in the Lord and send you my greetings.
၂၃ ဂါယုက ကျွန်တော်နဲ့ အသင်းတော်တစ်ခုလုံးကို သူ့ရဲ့အိမ်မှာ ဝမ်းပန်းတသာ လက်ခံခဲ့တယ်။ သူက ခင်ဗျားတို့ကို နှုတ်ဆက်စကား ပါးလိုက်ပါတယ်။ ညီလေး ကွာတုနဲ့ မြို့တော်ငွေကြေးစီမံအုပ်ချုပ်သူဖြစ်တဲ့ ညီလေး ဧရတ္တုက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။23 Gaius, who has warmly welcomed me and the whole church into his home, sends you his greetings. Brother Quartus and Erastus, who manages the city’s finances, also greet you.
၂၄ ကျွန်တော်တို့သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ထဲမှာ အသက်ရှင်နေထိုင်ကြပါ။ အာမင် - ပြည့်စုံပါစေ။24 Live in the grace of our Lord Jesus Christ. Amen.
၂၅ ကျွန်တော်က ယေရှုခရစ်တော်အကြောင်း သတင်းကောင်းကို ဟောပြောတယ်။ ဘုရားသခင်က ဒီသတင်းကောင်းအားဖြင့် ခင်ဗျားတို့ကို ခိုင်ခံ့စေနိုင်ပါတယ်။ ဘုရားသခင်က နှစ်ပေါင်းများစွာ ဘယ်သူ့ကိုမှ မဖော်ပြခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ ဗျာဒိတ်ဖွင့်ပြချက်တစ်ခုကို ကျွန်တော့်ဆီ ပေးခဲ့တယ်။25 I preach the Good News about Jesus Christ. Through this message, God can make you strong. He gave me a revelation about a mystery that He had not revealed to anyone for many centuries.
၂၆ ဘုရားသခင်က ဒီလျှို့ဝှက်နက်နဲတဲ့အရာကို လူတွေဆီ ဖော်ပြမဲ့အချိန် ရောက်လာမယ်ဆိုတာ ပရောဖက်တွေက ကျမ်းစာထဲမှာ ကြိုတင်ဟောပြောခဲ့ကြပါတယ်။ အခုချိန်မှာ ဒီလျှို့ဝှက်ချက်ကို လူမျိုးတိုင်းဆီ ပြောပြဖို့ ထာဝရဘုရားသခင်က ကျွန်တော်တို့ကို အမိန့်ပေးပါတယ်။ ဒါမှ လူမျိုးတိုင်းက ဘုရားသခင်ကို ယုံကြည်ပြီးတော့ နာခံကြလိမ့်မယ်။26 The prophets spoke about this long ago in the Scriptures, and now the eternal God has revealed this mystery to people. He has entrusted us to tell it to all nations, so that they would believe in God and begin to live the way He wants them to live.
၂၇ ကျွန်တော်တို့တွေဟာ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ တစ်ဆူတည်းသောဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ကမ္ဘာအဆက်ဆက် ချီးမွမ်းကြမယ်။ အာမင် - ပြည့်စုံပါစေ။27 And through Jesus Christ, we will forever glorify the only wise God. Amen.